Pothanur Thabal Nilayam (2022)
=======================
ဒီတစ်ခါမှာတော့ အကတွေ အိုဗာတင်းတွေမပါတဲ့ စိတ်ဝင်စားစရာ
၂၀၂၂ ခုနှစ်ထွက် တောင်ပိုင်း ကားလေးတစ်ကားနဲ့မိတ်ဆက်ချင်ပါတယ်
ဇာတ်လမ်းအစအဆုံး ရိုးသားမှုနဲ့ မရိုးသားမှု
အားပြိုင်တဲ့ဇာတ်ကွက်လေးတွေရဲ့ရိုက်ထားတာမို့
ကြည့်ပျော်တဲ့ရုပ်ရှင်တကားပဲဖြစ်ပါတယ်...
ဇာတ်လမ်းအကျဉ်း...
ကိုအင်ဘာတိုး ပိုတာနာက စာတိုက်ရုံးရဲ့ ရုံးအုပ်ကြီး ဗန်ကတ်ဟာ
ရိုးသားပြီးစည်းကမ်းကြီးတဲ့ သူတစ်ယောက်ပါ။
သူ့ရဲ့သားဟာ စွန့်ဦးတည်ထွင်သူအဖြစ် ကွန်ပျူတာဆော့ဝဲလ်
လုပ်ငန်းကို အိန္ဒိယမှာလုပ်ချင်နေသူပါ။ အဲ့ဒီအတွက်ဘဏ်ချေးငွေ
လျှောက်ဖို့ပြင်ဆင်နေတဲ့သူပါ.. ရိုးသားလှတဲ့ ဗန်ကတ်နဲ့
သူ့ရဲ့သားတို့ ဘ၀လမ်းကို အေးဆေးစွာဖြတ်သန်းရင်း
ဘ၀က သူတို့ထင်သလို မလွယ်ပဲ စာတိုက်ကငွေတွေ
ပျောက်သွားပြီး နှစ်ရက်အတွင်းပြန်ထားရမယ့်အချိန်မှာတော့...
သူတို့ပဲ ငွေတွေပြန်ကိုရှာလို့တွေ့မလား... ငွေတွေကိုဘယ်သူခိုးတာလဲ
နှစ်ရက်အတွင်းပြန်ထားနိုင်မလားဆိုတာတော့
ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျောလိုက်ပါ...
အိုဗာအိုက်တင်မပါ အကမပါပဲ စုံထောက်ဆန်ဆန်ဇာတ်လမ်းကြိုက်သူတွေ
အကြိုက်တွေ့မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်...
အညွန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်
Encoder….YK
Translated by Lwin Htoo Aung
Crd....Channel Myanmar
(1st ment မှာ မူရင်း website link ချပေးထားပါတယ် fb link, Telegram link မဟုတ်ပါ နားလည်တဲ့သူများ ဒေါင်းနိုင်ပါတယ် အရံသင့် G-drive နဲ့ကြည့်ချင်ရင် မန်ဘာဝင်ပါ ကြည့်မရလို့ဆိုပြီး မိမဆုံးမ ဖမဆုံးမ သားသမီးများလို တွေ့ရာမြင်ရာထိုင်ဆဲမနေကြပါနဲ့ခင်ဗျ)
မန်ဘာဝင်လိုသူများ....👇👇👇
https://m.facebook.com/story.php?story_fbid=262531635668264&id=100057342884000

Post a Comment