မုန့်လက်ကောက် (မြန်မာဒိုးနတ်) 🍩🍩🍩🍩🍩🍩🍩🍩🍩🍩🍩 ကြော်နည်း ( ၄ ) မျိုးကို

မုန့်လက်ကောက် (မြန်မာဒိုးနတ်) 
🍩🍩🍩🍩🍩🍩🍩🍩🍩🍩🍩
ကြော်နည်း ( ၄ ) မျိုးကို
ဝေမျှပေးလိုက်ပါတယ်နော်


အပြင်မှာဝယ်စားရင် ဆီမသန့်မှာ မုန့်မှာ ဆန်ကြမ်းများရင် မာတောင့်တောင့်နဲ့စားလို့ မကောင်းမှာ စိုးရိမ်ရတယ်လေ 

ဒါ့ကြောင့် မြန်မာလက်ရာဟင်းချက်နည်းဝါသနာရှင်တွေ အိမ်မှာပဲ လုပ်စားလို့ရအောင် ပြောပြမယ်နော် 😋😋

#မုန့်လက်ကောက်

မိသားစု ၃/၄ယောက်စာ စားဖို့အတွက် မုန့်လက်ကောက် လုပ်မယ်ဆိုရင် -

✅ ကောက်ညှင်းမှုန့် ဟင်းစားဇွန်း(၈)ဇွန်း

✅ ဆန်မှုန့်အစိမ်း ဟင်းစားဇွန်း(၄)ဇွန်း

✅ ထန်းလျက်(၈)လုံး

✅ ဆီ ဟင်းစားဇွန်း (၁၀)ဇွန်း

✅ဆားအနည်းငယ် လိုအပ်မှာ ဖြစ်ပါတယ်။

1️⃣ ပထမဆုံး ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်နဲ့ ဆားအနည်းငယ်တို့ကို ခွက်တစ်ခုထဲရောထည့်ပြီး ရေအေး အနည်းငယ်ဖြင့် သမအောင်နယ်ပါ။ 

❌ ကောက်ညှင်းမှုန့် ဆန်မှုန့်ထဲကို အစကတည်းက ရေအများကြီး မထည့်သင့်ပါဘူး။ ရေအများကြီးထည့်မိရင် ပျော့ပြဲပြီး နယ်လို့မကောင်းလို့ ဆန့်မှုန့်တွေထည့်လိုက် ကောက်ညှင်းမှုန့်တွေ ထည့်လိုက်နဲ့ မုန့်တွေအများကြီးဖြစ်သွားတတ်ပါတယ်။ သတိထားရမှာက ကောက်ညှင်း(၂)ဆ၊ ဆန်မှုန့် (၁)ဆ ထည့်ရမှာပါနော်။ 

2️⃣ မုန့်နယ်တဲ့အချိန်မှာ ရေနည်းနည်းထည့်လိုက် နယ်လိုက်လုပ်ပေးရမှာပါ ။ ၁၅မိနစ်လောက် နယ်ပြီူတဲ့အချိန်မှာ မုန့်သားက မပျော့မမာ အနေအထားရပြီဆိုရင်တော့ မုန့်တစ်ခုစာ အလုံးလေးတွေလုံးပြီးထားပါ။

3️⃣ ထန်းလျက်ခဲများကို ရေဆေးပြီး ထန်းလျက်ခဲများနှင့်အတူ ရေဖန်ခွက် တစ်ဝက်ခန့် ထည့်ပြီး ထန်းလျက်ရည် ဟင်းစားဇွန်း(၃)ဇွန်းခန့်ကျန်သည်အထိ ကြိုပါ။ ထန်းလျက်ရည်များ ရပါက ဇကာတစ်ခုဖြင့်စစ်ထားပါ။

4️⃣ မုန့်လက်ကောက်ကြော်မည့်ဒယ်ထဲသို့ ဆီများထည့်ပြီး ဆီပူအောင်တည်ထားပါ။ ဆီပူလာပါက လုံးထားသောမုန့်လုံးများ လက်ကောက်ပုံစံပြုလုပ်ပြီး မုန့်တစ်ကွင်းချင်း မီးအေးအေးဖြင့်ကြော်ပါ။

❌ မုန့်လက်ကောက်ကြော်ရာမှာ 🔥 🔥 မီးပြင်းပြင်းနဲ့ကြော်ရင် မုန့်တွေပေါက်ပြီးစင်တတ်လို့ သတိထားဖို့လိုပါလိမ့်မယ်နော်။

5️⃣ မုန့်လက်ကောက်များ မီးအေးအေးနဲ့ကြော်ပြီးပါက ထန်းလျက်ရည်ဖြင့် တွဲဖက်ပြီး စားသုံးလို့ရပါပြီနော်။

Crd မူရင်းပိုစ်ပိုင်ရှင်
***********************
မုန့်လက်ကောက်ကြော်နည်း

ထိုင်းကောက်ညှင်းမှုန့်  ခွက် လေးပုံ၃ပုံ
သကြားလက်ဖက်ရည်ဇွန်း (၁)ဇွန်းခွဲ 
ဆော်ဒါ  ပါလေရုံလေး
ဆား ပါလေရုံ
ရေနွေးနွေး တို့နဲ့ မုန့်သားပျော့ပျောင်းပီး နပ်တဲ့ အထိ နယ်ပီး ၁ နာရီလောက်
ရေစို အ၀တ် သန့်သန့်လေးအုပ်ပီး နှပ်ထားလိုက်တယ်
ကြော်တဲ့အခါကျတော့ .........အဲမှာ ပြသနာက စပြီ

မုန့်တွေ ပေါက်ထွက်ပီး ဆီစင်ခံရတဲ့ အတွေ့ အကြုံက ရှိနေ...တော့ လန့်တယ်.. 
ကြော်မည့်အိုးထဲ ဆီ ထည့်တော့ မုန့်လက်ကောက် ကွင်းလေးတွေ မြုတ်အောင်မဟုတ်ဘဲ တ၀က်လောက် ပေါ်နေမည့် အနက် လောက်ဘဲ ထည့်တယ်.. သူ့ဘာသာ ပေါက်ထွက်ချင်ရင် ပေါက်..ဆီ မြုတ်မနေတော့..ဆီပူကို ကန်မထုတ်တော့ဘူး..အဲလို အတွေးနဲ့...။
ဆီကို အလွန်မင်းမပူအောင် မီးကို လိုအပ်သလို လျှော့ပေးထားတယ်..။

ဒိုင်းတွေ မြှားတွေကတော့ အဆင်သင့်..
ဆီ မပေါက်ထွက်ခဲ့ဘူး..
တဘက်ရွှေရောင်သန်းတော့ တဘက်လှန်ပီး ကြော်..၂ ဘက်လုံး အကျက်ညီတော့ ဆယ် ၊ ဆီစစ်ပီး အသင့်ကြိုထားတဲ့ သကြားညိုရည်လေး ဆမ်းစားပလိုက်တာဘဲ..ယမ်မီ.......။

အထက်ပါနည်းအတိုင်း အတိအကျ လုပ်ခဲ့တဲ့မမီး အဘို့ ဆီ လုံး၀ မပေါက်ခဲ့ဘူး.. ..လိုက်ကြော်သူများအဘို့..ဆီပေါက်ထွက်နိုင်တဲ့ဆိုတဲ့အချက်ကို ကြိုတင်မျှော်လင့်ပီး အကာကွယ် ယူထားသင့်ပါတယ်..။

#credit  CookMate
*********************
***မုန့်ကြော်နည်းတစ်မျိုး***
***မုန့်လက်ကောက်***
***ပဲကပ်ကြော် ***

ကျွန်တော့်အမေရဲ့ နည်းအတိုင်းပါဗျ

ဆီလည်းမပေါက်သလို မုန့်လည်းအပြင်သားကြွပ်ပြီး အထဲမှာ နူးအိအိ
၂နာရီကြာ ထားရင်တောင် ပျော့မသွားပါဘူးဗျ  ဘာပွဆေးမှလည်းသုံးစရာမလိုပါဘူးနော်

ပါဝင်ပစ္စည်း 
ယိုးဒယားကောက်ညှင်းမှုန့်  1kg ထုပ်၁ထုပ်
ယိုးဒယားဆန်နှစ်မှုန့်  250g 

အမှုန့်၂ခုကိုရေအေးနဲ့ နယ်ပေးပါ အီကြာကွေးဂျူံထိုးသလိုမျိုး အနေအထားရရင် 
၁၂နာရီကြာ အဝတ်ခြောက်တစ်ခုနှင့် အုပ်ထားပေးပါ 
ကြော်တဲ့အချိန်ရောက်ရင် မုန့်နှစ်ကို ၅မိနစ်ကြာထပ်နယ်ပေးပါ

*ကြော်နည်း*

ဆီအိုးကို မီး အတတ်နိုင်ဆုံး​အေးအေးလေးနဲ့ ဆီပူယုံအနေအထားနဲ့ မှ မုန့်ကိုနှစ်ကြော်ပါ မီးပြင်းရင် မုန့်ကဆီပေါက်တတ်လို့ပါ 
အပေါ်ကပြောတဲ့နည်းအတိုင်းသာဆိုလုပ်ရင် ဆီလုံးဝမပေါက်သလို မုန့်အရောင်လည်းလှ ကြွပ်ရွအောင်စားရမှာဗျ 
အိမ်မှာ နေရင်း အစာပြေ ကြော်စားလို့ရတာပေါ့ဗျ 

ကျန်းမာရေးဂရုစိုက်ကြပါ 
ရောဂါဘယကင်းဝေး ကပ်ဘေးမှ လွတ်မြောက်ကြပါစေ

👨‍🍳Credit Ko Myo Wai
@@@@@@@@@@@
ငှက်ပျော ကြက်ဥ မုန့်လက်ကောက်ကြော် (ထိုင်း)
ငှက်ပျောသီး (သို့) ပြုတ်ထားသော ရွှေဖရုံသီး
ကြိုက်နှစ်သက်ရာကို ထည့်ပြီးကြော်နှိုင်ပါတယ်။
ကြော်ပြီးနောက် နာရီအနည်းငယ်ကြာသောအခါ မုန့်
လက်ကောက်များ ပျော့သွားပါက 200 c ဖြင့်
အပူပေးထားသော oven ထဲ တစ်ဖက်ကို ၇ မိနစ်စီ
ခန့်ဖြင့် ၁၄ မိနစ်ခန့် ထည့်ပေးပါ။ oven အမျိုး
အစားမတူသာကြောင့် အချိန် အတိုးအလျှော့ ရှိနိုင်
ပါတယ်။
ထန်းလျက်ရည် အတွက် လိုအပ်တာလေးတွေ..
ထန်းလျက် - 120 g (၈ ကျပ်သားခန့်)
ရေ - ထမင်းစားဇွန်း ၂ ဇွန်း (30 m)
ထန်းလျက် နှင့် ရေ ကို low heat ဖြင့် ကျိုပါ။
ထန်းလျက်အားလုံးပျော်သွားသည်နှင့် ဇကာဖြင့်
အမှိုက်စစ်ပြီး medium low heat ဖြင့် အပျစ်အ
ကျဲ မိမိနှစ်သက်သလို ဆက်ကျိုပေးပါ။
(ထန်းလျက်များဆူပြီး ဝေကျတတ်သောကြောင့်
မျက်ခြေမပြတ်ကြည့်ပေးပါ။)
ငှက်ပျော ကြက်ဥ မုန့်လက်ကောက်ကြော် လုပ်ရန်
လိုအပ်တာလေးတွေ..
ကောက်ညှင်းမှုန့်(glutinous rice flour) - 2
cups (500 m)
ကြက်ဥ အသေး.....၁ လုံး
၅ လက်မ အရှည်ခန့် ငှက်ပျောသီး - ၁ လုံး
ဆား - လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်
ဆီ - ထမင်းစားဇွန်း ၁ ဇွန်း (15 m)
ရေ - ထမင်းစားဇွန်း ၈ ဇွန်း (120 ml)ခန့်
ကောက်ညှင်းမှုန့်၊ ကြက်ဥ၊ ငှက်ပျောသီး ဆား နှင့်
ဆီ အရောအနှောထဲ ရေကို နည်းနည်းချင်းထည့်ပြီး
သေသေချာချာနှံ့ပြီး မုန့်သားညက်အောင် ၅ မိနစ်ခ
န့် နယ်ပေးပါ။ ကောက်ညှင်းမှုန့် အချင်အတွယ်ကွာ
နိုင်သောကြောင့် ထည့်ရမည့် ရေ ပမာဏ
အနည်းငယ် အတိုး၊ အလျှော့ရှိနိုင်ပါတယ်။
နယ်သောအချိန်တွင် လက်တွင်အရမ်းကပ်နေသည်
များကို ဇွန်းဖြင့်ခြစ်ချပြီး နယ်ပေးပါ။ ၂ မိနစ်ခန့်
နယ်ပြီးလျှင် မကပ်တော့ပါ။
အောက်ပုံပါအတိုင်း ညက်ညောသောမုန့်သား
ရအောင် နယ်ပြီးနောက် အဖုံး ဖုံး၍ ကြော်
သောအခါ အရမ်းမပေါက်အောင် ၅ နာရီခန့် နပ်
ထားပါ
၅ နာရီခန့်နပ်ထားပြီး ကြော်မည့်အချိန်တွင် မုန့်သား
ကို ၁ မိနစ်ခန့် ထပ်နယ်ပေးပါ။ ပြီးနောက်
ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့် ယူ၍ အောက်ပုံပါများ
အတိုင်း ခပ်ရှည်ရှည် အချောင်းလေးဖြစ်အောင် လှိ
မ့်ပေးပါ။
အကွင်းလေးဖြစ်အောင် အနားစွန်း ၂ ဖက်ကို ခပ်ဖွ
ဖွ ကပ်ပေးပါ။

ကျန်သည့်မုန့်သားများကိုလည်း အထက်ပါနည်း
အတိုင်းလုပ်ပေးပါ။

medium heat ဖြင့် အပူပေးထားသော အတော်
လေးပူနေသည့် ဆီ များများထဲ အိုးမကြပ်အောင်
ထည့်ကာ ဟိုဖက်၊ဒီဖက်လှန်ပြီး ၂ မိနစ်ခန့် (သို့) ရွှေ
ဝါညိုရောင်ဖြစ်အောင် ကြော်ကာ ဆီစစ်ဆယ်
ထုတ်ထားပါ။

ကျန်သည်များအားလုံးကြော်ပြီးနောက် ဆီစစ်ဆယ်
ထုတ်ပြီးလျှင် ဆီအိုးကို မီးဖိုမှ ၁ မိနစ်ခန့် ဖယ်ကာ
ဆီအပူရှိန်လျှော့သွားအောင် လုပ်ပေးပါ။
အပူရှိန်အနည်းငယ်လျှော့သွားလျှင် medium heat
မီးဖိုပေါ် ပြန်တင်ကာ ကြော်ထားသည့် မုန့်
လက်ကောက် တစ်ဝက်ခန့်ကို ထည့်၍ ဟိုဖက်၊ဒီ
ဖက်လှန်ပြီး ၁ မိနစ်ခန့် ထပ်ကြော်ပေးပါ။
ကျန်သည့်မုန့်လက်ကောက်များကိုလည်း ၂ ခါပြန်
ကြော်ပေးပါ။
ပိုကြွပ်စေရန် ၂ ခါထပ်ကြော်ခြင်း ဖြစ်ကာ ကြော်
ပြီးသားကို နောက်တစ်ကြိမ်ထပ်ကြော်ရာတွင်
အရမ်းပူနေသည့်ဆီထဲ ထည့်ချလိုက်ပါက ဖြုတ်
များထကာ မလှမပဖြစ်တတ်သောကြောင့် ဆီ

အပူရှိန်ကို ဦးစွာလျှော့ခြင်းဖြစ်ပါတယ်။
ကြော်ပြီးပါက wire rack (cooling rack) ပေါ်တင်
ကာ ဆီစစ်ပြီးနောက် အပျစ်အကျဲ မိမိစိတ်ကြိုက်
ကျိုထားသော ထန်းလျက်ရည်ဖြင့် တွဲဖက်ကာ
အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
(သို့မဟုတ်)

ထန်းလျက်ရည်ပျစ်ပျစ်ကျိုထားပါက အောက်ပုံပါ
အတိုင်း မုန့်လက်ကောက်များအား တစ်ဖက်တည်း
ကို ထန်းညက်ရည်ဖြင့်ကပ်ကာ အနည်းငယ်
အခြောက်ခံ၍ ဒိုးနတ်ကဲ့သို့ အရသာရှိစွာ သုံးဆော
င်နိုင်ပါတယ်။
Crd😋

Post a Comment

Previous Post Next Post

Comments