"ကြည့်ပါ"
လူတစ်ယောက်ရဲ့ အပြစ်တွေထက်
ကောင်းခဲ့တာတွေကို မြင်အောင် ကြည့်ပါ။
လူတစ်ယောက်ရဲ့ အပြုံးကို.
ရှာဖွေနေတာထက်
သူ့ရင်ထဲက ခံစားချက်တွေကို.
ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ပါ။
လူတစ်ယောက် ပြောင်းလဲလာတာကို.
ရှာဖွေနေတာထက်
ကိုယ့်အားနည်းချက်တွေကို.
မြင်အောင် ကြည့်ပါ။
လူတစ်ယောက်ရဲ့ အတ္တ တွေကို.
ရှာဖွေနေတာထက်
ကိုယ့်အတ္တကြောင့် .
သူဘယ်လောက်ပူလောင်သွားသလဲဆိုတာကို
မြင်အောင် ကြည့်ပါ ။
လူ့သဘာဝက ကိုယ့်အမှားထက်.
သူများအမှားတွေကို ပိုမြင်တတ်ကြတယ်။
သူများခံစားသွားမှာထက်.
ကိုယ်ခံစားရမှာကို သေမတတ်ကြောက်ကြတယ်။
အဲ့ဒါတွေက ဘာလို့ဖြစ်လာသလဲဆိုတော့ "အတ္တ "ပါ
အတ္တတွေဖုံးလွမ်းလာလေ.
အမှန်တရားနဲ့ ပိုဝေးကွာလာပီး
ကိုယ်ချင်းစာစိတ်ဆိုတာကလည်း.
မှူန်ဝါးနေရအုံးမှာပါ။
ထို့ကြောင့်.....သူများအမှားကို မြင်အောင်ကြည့်သလို
ကိုယ့် အားနည်းချက်တွေကိုလည်း.
မြင်အောင်ကြည့်ပါနော်။

Post a Comment