ငွေမှ မရှိရင် ချစ်ခြင်းမေတ္တာမှာလည်း မျက်နှာငယ်ရတယ်....
နေရာတကာမှာ ကိုယ်ပိုင်ဝင်ငွေမှမရှိရင် မျက်နှာငယ်ရတတ်တာဟာ သဘာဝပဲတဲ့ အချစ်မှာတော့ အဲ့လိုမထင်ခဲ့ဘူးလေ... သူချစ်ရင် ပြီးတော့ ကိုယ်ချစ်ရင် အဆင်ပြေနေလိမ့်မယ်လို့ ထင်ခဲ့မိတာ ။
တကယ်တမ်းကျတော့ ငွေမရှိရင် အဆင်မပြေပါဘူး...၁၅၀၀ ချစ်ခြင်းမှာပဲ ဖြစ်ဖြစ် ၅၂၈မေတ္တာမှာပဲ ဖြစ်ဖြစ် ငွေဆိုတဲ့ သက်မဲ့က ပါးစပ်မပါပေမယ့် စကားတော့ အရမ်းပြောတယ် ။ ငွေက စကားပြောလာပြီဆိုရင် ကိုယ်က တိတ်ပေးလိုက်ရတာလေ
ပြောစရာစကားတွေ ရှိနေရင်တောင် မင်းက ဘာမို့လို့လဲဆိုတဲ့ ပုံစံမျိုးတွေ မသိမသာတစ်မျိုး သိသိသာသာတစ်မျိုးချိုးလာခဲ့တာလေ ။ အမြင်မတော်လဲ နှုတ်ဆိတ်နေလိုက်ရတယ် ။ တစ်ခါတစ်လေကျတော့ ငွေက မေတ္တာထက် ပိုပြီး အခရာ ကျနေသလိုပါပဲ ။
ငွေရှာနေတာဆိုတဲ့ ခေါင်းစဥ်အောက်မှာ သူက နေချင်သလိုနေပြီး ကိုယ်ကကျတော့ သူထားသလိုနေရတာတွေဟာလဲ ကြုံခဲ့ဖူးပါတယ် ။ ကိုယ့်အိပ်မက်တွေ ကိုယ်ဖြစ်ချင်တာတွေအတွက်တော့ ကိုယ်ကိူယ်တိုင် ငွေရှိမှပဲ ရလိမ့်မယ် ။
မဟုတ်ရင် ကိုယ့်ဆန္ဒတွေရှိလာရင်တောင် တချို့မျက်နှာတွေ ကြည့်ရတယ်လေ... ပြီးတော့ ကိုယ့်အိပ်မက်တွေကို ကိုယ်ကိုယ်တိုင်ပဲ ရိုက်ချိုးပစ်လိုက်ရတာမျိုးပေါ့...
ငွေမှ မရှိရင် မိသားစုထဲမှာကော ပတ်ဝန်းကျင်မှာကော နောက်ဆုံး အချစ်မှာလည်း မျက်နှာငယ်ရတယ် ။
Credit:ကျေးကို
Sharing by Successful Life

Post a Comment