ကျရှုံးချိန်မှာ ခေါင်းမော့ပါ

🔸️ ကျရှုံးချိန်မှာ   ခေါင်းမော့ပါ


🔸️ ကြိုးစားချိန်မှာ  နှုတ်လုံပါ

🔸️ အောင်မြင်ချိန်မှာ  မာန်ချပါ

🔸️ ပြည့်ဝချိန်မှာ      မျှဝေပါ

🔸️ ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ

🔸️ ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ

🔸️ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ

 🔸️ ပြုံးနေပေမယ့်  နာကျင်ရတဲ့ရက်တွေရှိတယ်

🔸️ အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့

🔸️ လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ

 🔸️ ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ

 🔸️ ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ

🔸️  ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။

 🔸️ ရည်မှန်းချက်တွေပျက်ရင် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တယ်

🔸️  ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ

 🔸️ ရည်မှန်းချက်တွေမပျက်ပါစေနဲ့

 🔹️ အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့

သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်

တချိန်ချိန်မှာ ချိုမြိန်လာမှာပါ

 🔹️ မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်

 🔹️ ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်

 🔹️ လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်

 🔹️ ကောင်းကောင်းမကောင်းကောင်း  အလုပ်သဘောရတော့  ပြုံးရတယ်

🔹️ မင်းဒုက္ခရောက်နေချိန်မှာ  ဘယ်သူ့ကိုမှ အသနားမခံပါနဲ့

🔹️ ရုန်းထွက်နိုင်အောင်ကြိုးစားပါ

🔹️ စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ

🔹️ သင့်ဘဝတွက်  ခွန်းအားဖြစ်စေလိမ့်မယ်.

🔹️ ကိုယ့်တန်ဖိုးကို  နားမလည်တဲ့လူတွေကို
  အချိန်ကုန်ခံမနေပါနဲ့

🔹️ ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့  လူတွေကိုအချိန်ပေးရအုံးမယ်

🔹️ လူကိုမကြည့်နဲ့.  မူကိုကြည့်

🔹️ ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်

🔹️ အပြောမကြည့်နဲ့. မနောကိုကြည့်

🔹️🔸️ အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
  အဓိပ္ပါယ် ဟာ လွဲမှားနေအုံးမှာပါ

Post a Comment

Previous Post Next Post

Comments