မဖြစ်နိူင်ဘူးဆိုတာ မရှိဘူး
~~~~~~~~~~~~~~~~~
မပြောပဲ သိတဲ့သူဆိုတာ ရှိချင်ရှိမယ် မသွားပဲ ရောက်သွားတဲ့ ခရီးကတော့မရှိဘူး...
တစ်ခါတလေ သိစေချင်လို့ သီးသန့်ပြောနေရတာတွေလည်းရှိပါတယ်။ ဘယ်အရာပဲ ဖြစ်ဖြစ် ခွန်အားမစိုက်ပဲ ရွေ့သွာတဲ့အရာဝတ္ထုဆိုတာ မရှိပါဘူး။
မဖြစ်နိူင်ဘူး ဆိုတာထက် မဖြစ်သေးတဲ့အရာတွေအပေါ် စိုးရိမ်စိတ်လွန်ကဲ နေတာက ပြဿနာပါ။ အခက်အခဲကို အခက်အခဲလို့ မြင်နေသမျှ ခက်ခဲနေမှာပါပဲ အခွင့်အလမ်းလို့သာ မြင်ကြည့်လိုက် သင့်အတွက် အခွင့်အလမ်းတွေပဲဖြစ်နေမှာပါ။
မပျော်လည်း ဒီစိတ်...
ပျော်လည်း ဒီစိတ်ပါပဲ...ဒါပေမယ့်
အတွေးချင်း မတူတော့ အမြင်ချင်းမတူဘူး
အမြင်ချင်း မတူတော့ လုပ်ရပ်ချင်းမတူဘူး
လုပ်ရပ်ချင်မတူတော့ ဘဝဖြတ်ရပ်တည်ပုံချင်းမတူဘူးဆိုတာပါပဲ။
ကိုယ့်ဘဝက အနိမ့်မှာမို့ မဖြစ်နိူင်ဘူး
ဆိုတာ မရှိဘူး သူတောင်လုပ်နိူင်သေးတာပဲ ငါဘာကြောင့် မဖြစ်နိူင်ရမှာလည်း ဆိုတဲ့ မခံချင်စိတ်ပဲလိုပါတယ်။
ကံဆိုတာ လူကလုပ်တာပါ တစ်ခုခုအဆင်မပြေတိုင်း ကံကိုပဲ ပုံမချပါနဲ့ အဆိုးကံတွေကြုံရင် ကောင်းကံနဲ့ချေပနိူင်ဖို့ စိတ်ကောင်းထားပြီး ဘုရားတရားလေးသာ များများလုပ်ပါ ဘယ်လိုကံဆိုးခြင်းကမှ သင့်ကိုအနိူင်မယူနိူင်ပါဘူး။
မိမိရဲ့စိတ်ကြောင့် မိမိဘဝကို
ဘောင်ခက်မထားပါနဲ့ လွတ်လပ်စွာပြောင်းလဲကြည့်ပါ ပြုပြင်ကြည့်ပါ
မဖြစ်သေးတဲ့အရာတွေအတွက်နဲ့ အများကြီးစိုးရိမ်မနေပါနဲ့ လက်တွေ့မှာ အတတ်နိူင်ဆုံး စိတ်ချမ်းသာစွာရှင်သန်ပါ။
လူ့ဘဝက တိုတယ်
မတန်တဲ့ သူတွေအတွက် အချိန်မဖြုန်းနဲ့...
မဖြစ်နိူင်ဘူးဆိုတဲ့ စကားတွေကြားမှာ
တွေဝေမနေနဲ့...
မဖြစ်သေးတဲ့ အရာတွေအပေါ်မှာ သံသယစိုရိမ်စိတ်မလွန်ကဲနဲ့...
ဖြစ်ပြီးရင် ပျက်မှာပဲ ဆိုတာသိနေရင်
ဘယ်လို လောကဓံလာလာ ရင်ဆိုင်နိူင်ပြီးသားပါ အဓိက က မိမိရဲ့စိတ်ပါ။
လေးစားစွာဖြင့်
မေဆု(ရာမညမြေ)16/2/2022
#MayHsuyarmanyamyae
#မေဆုရာမညမြေအတွေးစာစုလေးများ

Post a Comment