တိုဟူးနွေး

တိုဟူးနွေး


ရှမ်းရိုးရာအစားအစာတစ်ခုဖြစ်တဲ့ တိုဟူးနွေးဟာ စားလို.ကောင်းသလို လုပ်ရတာလည်း လွယ်ပါတယ်။ နှစ်သက်ရာကြက်သား/ဝက်သားကို ခရမ်းချဉ်သီးနှင့် အနှစ်လုပ်ပြီး၊ ဆန်ခေါက်ဆွဲရယ် ၊ ကုလားပဲစိမ်းအမှုန်.ကို တိုဟူးကျိုပြီး သုပ်စားရတာမို. အရသာရှိပြီး ခံတွင်းတွေ.မယ့် အစားအစာတစ်ခုဖြစ်ပါတယ်။
ကဲ ချက်နည်းလေးကြည့်ရအောင်

ဟင်းအနှစ်အတွက် ပါဝင်ပစ္စည်းများ 
ကြက်သား/ဝက်သား - ၁၅ ကျပ်သား(အတုံးသေးသေးလှီး)
ခရမ်းချဉ်သီး - ၃ လုံး( ပါးပါးလှီး)
ကြက်သွန်နီ -၁ လုံး(ပါးပါးလှီး)
ကြက်သွန်ဖြူ- ၃ မွှာ(ပါးပါးလှီး)
ငရုတ်သီးမှုန်.- စားပွဲတင်ဇွန်း ၁ စွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ စွန်း
သကြား- စားပွဲတင်ဇွန်း - ၁ စွန်း
ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း ၁စွန်း

တိုဟူးကျိုရန် ပါဝင်ပစ္စည်းများ 
ကုလားပဲစိမ်းမှုန်.တစ်ရာတန် - ၂ ထုပ် 
ဆား- လက်ဖက်ရည်ဇွန်း ၁ စွန်း
နနွင်းမှုန်.- လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
အချိုမှုန်.- လက်ဖက်ရည်ဇွန်း ၁ စွန်း 
ရေ - ဆန်ချိန်ခွက် ၂ ခွက်

ကျန်ပစ္စည်းများ
ဆန်စီးခေါက်ဆွဲ - ၁ ဝက် 
မြေပဲ - ပန်းကန်လုံး ၁ လုံး(မညက်တညက်ထောင်း)
ကြက်သွန်မြိတ် - အနည်းငယ် (ပါးပါးလှီး)
ငံပြာရည်

ချက်ပြုတ်နည်း 
အရင်ဆုံး ဆန်စီးခေါက်ဆွဲကို ရေဆူဆူမှာ ခဏပြုတ်ပြီး ကပ်မသွားအောင် ရေအေးစိမ်ထားပါ။

ဒယ်ထဲ ဆီ စားပွဲတင်ဇွန်း ၃ စွန်းထည့်ပြီး ကြက်သွန်ဖြူကြက်သွန်နီ ငရုတ်သီးမှုန်.ဆီသတ်ပါ။
ခရမ်းချဉ်သီးထည့်ပါ။ ခရမ်းချဉ်သီးများကြေသွားအောင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်တည်ပေးပါ။ 
ခရမ်းချဉ်သီးများ အနည်းငယ်နွမ်းပြီဆိုလျှင် အသားထည့်ပါ။အရသာအတွက် ဆား သကြား ငံပြာရည်ထည့်ပြီး မွှေပေးပါ။အသားများ ကျက်အောင် တည်ပေးပါ။အသားများကျက်ပြီဆိုရင် ပန်းကန်ထဲပြောင်းထည့်ထားပါ။

တိုဟူးကျိုရန်အတွက် ဇလုံတစ်ခုထဲသို.ကုလားပဲစိမ်းမှုန်.ထည့်ပါ။ရေတစ်ခွက်ထည့်ပြီး ပဲမှုန်.ကို လေမဥအောင် ချေပေးပါ။ပြီးမှ ရေတစ်ခွက်ထပ်ထည့်ပါ။ဆား နနွင်း အချိုမှုန်.ထည့်ပြီး သမအောင် မွှေပေးပြီး ဒယ်အိုးထဲ လောင်းထည့်ပါ။ မီးအေးအေးလေးနဲ.အဆက်မပြတ်မွှေပေးပါ။ တိုဟူးကို ပုံပါအတိုင်း မပျစ်မကျဲအခြေအနေရောက်ရင် အိုးကိုချပါ။

တိုဟူးနွေးပြင်ဆင်ရန်အတွက် ပန်းကန်ထဲသို.ဆန်ခေါက်ဆွဲလက်တစ်ဆုပ်စာထည့်ပါ။ကျိုထားတဲ့တိုဟူးကို ခေါက်ဆွဲဖုံးသွားအောင် ထည့်ပါ။ ပြီးမှ အသားခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂စွန်း မြေပဲထောင်း ၁ စွန်း ငံပြာရည် ၁ စွန်းနှင့် ကြက်သွန်မြိတ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ :)

ဒီချက်နည်းကတော့ Wutyee Food House က ချိုဝတ်ရည်ရဲ့ နည်းကို မှီပြီး ချက်ထားတာပါ 
Thanks >>> Cho Wut Yee
#ရှမ်းပြည်မြင်ကွင်းစုံ

Post a Comment

Previous Post Next Post

Comments