အသား နဲ့ အသီးရွက်တွေ အကုန်စျေးတွေကြီးနေတော့ စျေးချိုချိုနဲ့ များများစားလို့ရမယ့် ငါးသေးသေးလေးအိုးကပ်ချက်စားကြမယ် 👇🏻

အသား နဲ့ အသီးရွက်တွေ အကုန်စျေးတွေကြီးနေတော့
စျေးချိုချိုနဲ့ များများစားလို့ရမယ့် ငါးသေးသေးလေးအိုးကပ်ချက်စားကြမယ် 👇🏻


ငါးဟင်းချက်နည်း >>> ငါးတွေကိုဆနွင်းထည့်နယ်ပြီးခဏနှပ်ထား ကြက်သွန်နီရယ် ကြက်သွန်အဖြူရယ်ကိုအခွံခွားပြီးနုပ်နုပ်စင်း ခရမ်းချဥ်သီးလည်းနုပ်နုပ်စင်း
​အရင်ဆုံးကြက်သွန်ထည့်ပြီးဆီပူပူမှာဆီသတ် ဆနွင်းထည့် အရောင်လေးနီညိုသန်းလာခါနီးမှာခရမ်းချဥ်သီးထည့်ဆီသပ် ခရမ်းချဥ်သီးပျော့အိပြီးအတုံးတွေဖြစ်နေတာပျောက်ပြီဆိုငါးကိုထည့် ရေ ဆား အချိုမှုန့်ထည့်ပြီးချက်ပေးပါ
နံနံပင်လေးကတော့ကြိုက်တတ်ရင်ထည့် မွှေးနေရောဘဲ
Credit post only  Phyu Thin Ko

ငါးမကျေသွားစေဖို့ကတော့ 👇🏻👇🏻👇🏻

ရိုးရိုးငါးဟင်းချက်သလိုပါပဲ
ရေနဲနဲထည့်
အိုးလေးအသာလှုပ်လှုပ်ပေး
ကျေလွယ်ပါတယ်နော်😁
Credit

Post a Comment

Previous Post Next Post

Comments