"ပြုံးပြလိုက်စမ်းပါ"

 "ပြုံးပြလိုက်စမ်းပါ"





တစ်စုံတစ်ယောက်ရဲ့ ထိုးနှက်တိုက်ခိုက်မှုကို ခံရဖူးလား?


တစ်စုံတစ်ယောက်ရဲ့ အပျက်သဘောနဲ့ ပြောဆို ဝေဖန်တာကိုရော ခံရဖူးလား?


အဲလို ကြုံရတော့ ဘယ္လိုခံစားရသလဲ၊ ဘယ္လို တုန့်ပြန်ဖြစ်ပါသလဲ။ ကျွန်တော်လည်း ထိုးနှက်တိုက်ခိုက်မှုတွေကို ကြုံရဖူးတယ်။ လက်ခံခဲ့ရဖူးပါတယ်။


ရုတ်တရက်မှာတော့ ထင်မှတ်မထားတဲ့အတွက် အံ့သြသွားတယ်။ ပြီးတော့ စိတ်ထဲနာကျင်ခံခက်သွားတယ်။ နောက်တော့ ဒေါသထွက်ပြီး ဒေါသတကြီးနဲ့ ပြန်လည် တုန့်ပြန်ဖြစ်ပါတယ်။ အဲဒီမွာ ကိုယ့်ကို တိုက်ခိုက်တဲ့ သူက သိပ်ကျေနပ်သွားတော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော်ရဲ့ ဒေါသတကြီးနဲ့ တုန့်ပြန်တာကို လိုချင်တာကိုး။


တိုက်ခိုက်တဲ့ သူရဲ့ တိုက်ခိုက်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုက ကျွန်တော်ကို ထိခိုက်စေချင်တာ၊ နာကျင်စေချင်တာ၊ ပြီးတော့ ဒေါသတကြီးနဲ့ တုန့်ပြန်ပြီး အရွက္ကြဲတာကို မြင်ချင်တာ။


သူမြင်ချင်တဲ့အတိုင်း ကျွန်တော်က စိတ်ထဲထိခိုက်နာကျင်နေသွားတယ်။ ဒေါသတွေထွက်ပြီး တုန့်ပြန်လိုက်တယ်။ သူ အားရကျေနပ်သွားတယ်။ သူ အောင်မြင်သွားတာကိုး။


အဲဒီလို နှစ်ကြိမ်လောက် ကြုံဖူးလိုက်တဲ့ အခါမှာတော့ ကျွန်တော်စဉ်းစားမိတယ်။ နောက်ကြုံလာရင် ကိုယ့်ဘက်က အကောင်းဆုံး ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကိုပါ။


တကယ်တော့ သူက ကိုယ့်ကို တိုက္ခိုက္တယ္ဆိုတာက ကိုယ်ကသူ့ထက် သာလွန်နေတယ်လို့ ထင်မှတ်ပြီး မနာလိုစိတ်နဲ့ အမြင်ကတ်ရင်း မုန်းတီးစိတ်ပါ။ ပြောရရင်တော့ အပူစိတ်ပါ။ အဲဒီစိတ်ကြောင့် သူက ကိုယ့်ကို နာကျင်ထိခိုက်စေချင်တာ။


နာကျင်ခံစားသွားစေချင်တဲ့အတွက် ထိုးနှက်တိုက်ခိုက်တာကို ကြုံလိုက်ရတဲ့အခါ မည်သူမဆို နာကျင်ခံ ခက္သြားမွာပဲ။ ဒါဟာလည်း သဘာဝကျပါတယ်။ အဲလိုဆို ကျွန်တော်တို့က သူများတိုက်ခိုက်လို့ နာကျင်ရတယ် ဆိုတာကို ဘယ္လိုသေဘာထားမလဲ။


အဲဒါကြောင့် သူမ်ားက ကိုယ့်ကို တိုက္ခိုက္တာ တစ်နည်းအားဖြင့် ကြည့်မယ်ဆိုရင် ကိုယ့်ကို တိတ္တိတ္ကေလး အားကျနေတဲ့သူ ရွိတယ္ဆိုတာကို သိလိုက်ရတဲ့ သေဘာပါပဲ။ ကိုယ့်ကို မနာလိုတယ်ဆိုတာ ကိုယ္က တစ္ခုခုမွာ သူ့ထက်သာနေလို့ပါ။ အဲ့ဒီအတွက် ကိုယ့်ကိုယ်ကို ကျေနပ်ဂုဏ်ယူလိုက်ပါ။


နောက်တစ်ချက် စဉ်းစားရမှာကတော့ သူက ငါ့ကို နာကျင်သွားစေချင်တာ၊ အဲဒါကြောင့် မနာကျင်မိစေနဲ့ မခံစားမိစေနဲ့ ဝမ်းနည်းမနေနဲ့လို့ ကိုယ့်ခံစားမှုကို ကိုယ်ထိန်းချုပ်သင့်တာ။ အဲလိုကစပြီး ထိန်းချုပ်တဲ့ အချိန်မှာတော့ အခက်အခဲရှိမှာပါပဲ။ ဒါပေမဲ့ ကိုယ့်ခံစားချက်ကို ကိုယ်ထိန်းချုပ်နို်င်တဲ့ အလေ့အကျင့်လေး ရသွားရင်တော့ သူက နာကျင်စေချင်ပေမယ့် ကိုယ္က နာကျင်စွာ မခံစားရတော့ဘူး။


တကယ်တမ်း ကြုံလာတော့ အဲ့လိုမခံစားရတဲ့အတွက် ပြုံးလိုက်နိုင်ပါတယ်။ အဲဒီအပြုံးက ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ကျေနပ်အားရသွားတဲ့ အပြုံးမျိုးပါ။


ဒါကို သူက မြင်တော့ မျက်နှာပျက်သွားတယ်။ သူက သူ့ကို ဒေါသတကြီးနဲ့ တုန့်ပြန်တာမျိုးကို မျှော်လင့်ချိန်မှာ ကိုယ္က သူ့ကို ကြည်ကြည်လင်လင်နဲ့ ပြုံးပြလိုက်တဲ့အခါ သူအံ့သြသွားတာ။ ပြီးတော့ အဲဒီပြုံးတာကို သူက ထင်မှတ်ထားတဲ့အတွက် မျက်နှာပျက်သွားတာ။


ကျွန်တော်အမြင်မှာတော့ အပြုံးတစ်ပွင့်ဟာ သိပ္ကို အစွမ်းထက်ပါတယ်။ဘယ်လောက်ပဲ ရန္လို မုန်းတီးနေတဲ့ သူ ဖြစ်ပါစေ ကိုယ့်ရဲ့ ကြည်လင်တဲ့ အပြုံးရဲ့ အစွမ်းကို ခံနိုင်ရည် မရှိကြပါဘူး။


အပြုံး ဆိုတဲ့ သေဘာက အေးချမ်းမှုကို ဆောင်တယ်။ နားလည်ပေးမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုတွေ လည်း ပါဝင်နေတဲ့အတွက် တော်ရုံကိုယ့်ကို အထင်လွဲပြီး မုန်းတးီနေတဲ့ သူတွေကို တောင်မှ ကိုယ့်ရဲဲ့ သေဘာထား အမွန္ကို မြင်သွားပြီး အမြင်ပြောင်းလဲသွားနိုင်ပါတယ်။


နောက်တစ်ချက် အကြံပြုလိုပါတယ်။ အဲဒါကတော့ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ ဆက်ဆံရတဲ့ သူတိုင်းကို အပြုသဘောဆန်တဲ့ အကြံဉာဏ်မျိုးပေးပါ။ တစ္ဖက္သားကို ကူညီပေးပါ။ အခြားလူတစ်ဦးက အကြံပေးလာခဲ့ရင်လည်း တလေးတစားနဲ့ အာရုံစိုက်နားထောင်ပေးပါ။ ကိုယ်သဘောမတူတဲ့ အကြံဉာဏ်မျိုးဆိုရင်တောင်မှ မငြင်းပါနဲ့ နားထောင်နေလိုက်ပါ။


အမြဲတမ်း ရိုးသားပါ။ ယဉ်ကျေးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ပြုံးပါလို့ တိုက်တွန်းပါရစေ။


#ဆရာမလေး

Post a Comment

أحدث أقدم

Comments