*မိတ်ဆွေကောင်း၊မကောင်း
ကိုသိရဖို့အတွက်လောကကြီးက
သင့်ကိုကျရှုံးမှုတွေပို့ပေးလိမ့်မယ်။
*လုပ်ဖော်ကိုင်ဖက်ကောင်း၊မကောင်းကိုသိရဖို့အတွက် လောကကြီးကသင့်ကိုအခက်အခဲတွေလက်ဆောင်ပေးလိမ့်မယ်။
*လက်တွဲဖော်ကောင်း၊မကောင်း
ကိုသိရဖို့အတွက်လောကကြီးကသင့်ကိုမပြည့်မစုံမှုတွေဖန်တီးပေးလိမ့်မယ်။
*ဆွေမျိုးကောင်း၊မကောင်းကို
ကိုသိရဖို့အတွက်လောကကြီးကသင့်ကိုမွဲတေမှုတွေထောက်ပံ့ပေးလိမ့်မယ်။
တန်ဖိုးသိပါ။
တန်ဖိုးကိုသိပြီးတန်ဖိုးထားမှသာ
ကိုယ်တန်ဖိုးထားတဲ့အရာတွေကကိုယ့်အနားမှာအမြဲထာဝရရှိနေနိုင်မှာပါ။
အဲ့ဒါကြောင့်တန်ဖိုးထားပါ။
သင်ရှုံးနိမ့်ချိန်မှာဖေးမခဲ့တဲ့မိတ်ဆွေ
တွေကိုတန်ဖိုးထားပါ။
သင်ခက်ခဲပင်ပန်းနေချိန်မှာသင်နဲ့အတူရုန်းကန်လှုပ်ရှားပေးခဲ့တဲ့လုပ်ဖော်ကိုင်ဖက်တွေကိုတန်ဖိုးထားပါ။
သင့်မပြည့်စုံမှုတွေကိုအမြဲဖြည့်တွေးပေးတတ်တဲ့သင့်လက်တွဲဖော်ကိုတန်ဖိုးထားပါ။
သင်ဆင်းရဲမွဲတေနေတာတောင် ပစ်ပယ်မထားနိုင်တဲ့သင့်ဆွေမျိုးသားချင်းတွေကိုတန်ဖိုးထားပါ။
မနောဖြူ

Post a Comment