ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို ပျော်ရွှင်စေမယ့်သူကို လိုက်ရှာဖို့ ကြိုးစားတတ်ကြပါတယ်။

ကျွန်တော်တို့ဟာ 
ကျွန်တော်တို့ကို ပျော်ရွှင်စေမယ့်သူကို 
လိုက်ရှာဖို့ ကြိုးစားတတ်ကြပါတယ်။


ရှာရင်း အချိန်တွေ အကုန်ခံခဲ့ကြပါတယ်။ 
ဒါပေမယ့် ရှာရမယ့်အထဲမှာမှ
တစ်ဦးတည်းသော သူကို 
ကျွန်တော်တို့ မေ့နေခဲ့ပါတယ်။
အဲဒီလူဟာ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။

သင့်ကိုယ်သင်တောင်
ပြန်ပြီးမေ့နေရလောက်အောင်ပင်
ပျော်ရွှင်မှုကိုတခြားသူဆီကနေ မရှာပါနဲ့...။

သင့်ကိုယ်သင်
ပြန်ရှာတွေ့တဲ့အချိန်ဟာ
ပျော်ရွှင်ခြင်းအစစ်အမှန်တွေ 
သင့်ထံရောက်လာတော့တဲ့အချိန်ပဲ
ဖြစ်ပါလိမ့်မယ်။
လူဆိုတာ ကတိတွေအားလုံးထဲမှာမှ 
ကိုယ့်ကိုကိုယ်ပေးတဲ့ ကတိဟာ
အတည်ဆုံးပါ။

ဒါကြောင့် သင့်ကို 
သင်ကိုယ်တိုင်က ပေးတဲ့ ပျော်ရွှင်မှုဟာ 
အဖြူစင်ဆုံးနဲ့ အစစ်မှန်ဆုံးပါ။
သင့်ရဲ့ပျော်ရွှင်မှုအတွက် 
အမှန်တကယ်လိုအပ်နေတဲ့လူဟာ 
သင်ကိုယ်တိုင်ပါ။ ။

#ဟန်မင်း(Nightmare & Deep)
#သုတရသစာပေများစုစည်းရာ

Post a Comment

Previous Post Next Post

Comments