မပျော်တဲ့ ဘဝဆိုတာ ရှိချင်ရှိလိမ့်မယ် ဒါပေမယ့် ပျော်အောင်နေတတ်ရတာက ကိုယ့်အပိုင်းပါ...

မပျော်တဲ့ ဘဝဆိုတာ ရှိချင်ရှိလိမ့်မယ်
ဒါပေမယ့် ပျော်အောင်နေတတ်ရတာက
ကိုယ့်အပိုင်းပါ...


မပျော် တဲ့ နေရာဆိုတာ ရှိချင်ရှိလိမ့်မယ်
ဒါပေမယ့် တော်ရာမှာ နေတတ်ရမှာက
ကိုယ့်အပိုင်းပါ...

ဘဝ...ဘဝ...လို့ထိုင်ငြီးနေမယ့်အစား
ရတုန်းရခိုက် လူ့ဘဝလေးမှာ
ပျော်အောင် နေကြည့်လိုက်တဲ့အခါ ...

နာကျင်စရာဆိုတာလဲ မေ့လာမယ်

ဝမ်းနည်းလို့ မျက်ရည်ကျရတဲ့ နေ့တွေလဲနည်းလာမယ်...

စိတ်ညစ်လို့ လောကကြီးကို အပြစ်တင်နေတာတွေလဲ လျော့လာမယ်...

ချစ်သူနဲ့ အဆင်မပြေတိုင်း ငိုတတ်တဲ့အကျင့်တွေပျောက်လာမယ်...

အလုပ်ထဲ ပြဿနာတွေ ဖြစ်လာတိုင်း ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်လာမယ်....

မိသားစုမောင်နှတွေအပေါ် အချိန်တွေအများကြီးပေးပြီး မေတ္တာတွေ မျှဝေနိူင်မယ်...

 အပျော်တွေ ဖလှယ်ပြီး ပီတိတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ်...

အရင်တုန်းကထက် ကုသိုလ်တွေ ပိုလုပ်လာမယ်
စိတ်တည်ငြိမ်မှုတွေ ပိုခံစားခွင့်ရလာမယ်...

တစ်ကယ်တော့ ဘယ်လို စိတ်ညစ်စရာတွေနဲ့ကြုံကြုံ စိတ်ထားတတ်ဖို့ပဲ လိုတယ်မဟုတ်လား...
ဒါဆိုရင် ဒီနေ့ကစပြီး ပျော်အောင်နေကြည့်လိုက်ပါ...

လေးစားစွာဖြင့် 
MayHsu(ရာမညမြေ)

Post a Comment

Previous Post Next Post

Comments