ကိုယ်ရောသူ့မှာ
ကိုယ်ချင်းစာတရားတွေ
အပြန်အလှန်ရှိဖို့လိုအပ််ပါတယ်။
ကိုယ်ချင်းစာတတ်မှုဆိုတဲ့
အမှုအကျင့်တွေမရှိကြရင် တစိမ်းပါပဲ။
ဘာလုပ်လုပ် ဘာပြောပြော
မလုပ်ခင် မပြောခင်က
နေရာချင်းလဲပီး မျှကြည့်ပါ။
သူ့နေရာ ငါဆိုရင်ကော
ငါ့နေရာ သူဆိုရင်ကောဆိုတဲ့ .
နေရာချင်းချိန်းပြီး
ကိုယ်ချင်းစာတရားထားကြည့်
နာကျင်မှုဆိုတာ ရှိကြမှာမဟုတ်ဘူး။
မျှကြည့်နိုင်တဲ့ အသိတွေရှိထားကြရင်
သည်းခံစိတ်နဲ့ ခွင့်လွှတ်စိတ်ဆိုတာ
တစ်ဆက်တည်းပါလာမြဲပဲလေ ..
သည်းခံခွင့်လွှတ်မှုရှိနေမှ
အေးချမ်းတဲ့သဘောတစ်ခုကို
သူသူငါငါ ခံစားရကြမြဲမို့ ..
အပြန်အလှန်နားလည်ပေးတဲ့
ကိုယ်ချင်းစာ တရားကို အတူမွေးမြူရင်း
ငြူစူမှုကင်းကင်းနဲ့
မတိကျတဲ့လက်ကျန်အသက်တမ်းမှာ
သည်းခံစိတ် ခွင့်လွှတ်စိတ် နားလည်စိတ်
လောကပါလတရားနဲ့ နေကြရအောင်ပါ။
"ဆရာမလေး"

Post a Comment