မပြည့်တဲ့အိုးတွေ
ဘောင်ဘင်ခတ်တိုင်း
ရေစက်တွေစင်ခံရတယ်...
အမုန်းတွေခံရတယ်.....
ဘဝေမ့ နေသူတွေ တွေ့တိုင်း
အထင်သေးသလိုလို အကြည့်ခံရတယ်...
ကိုယ့်ကိုယ်ကို
အထင်ကြီးနေသူတွေ တွေ့တိုင်း
နှိမ်ချင်သလိုလို အပြောခံရတယ်...
ကိုယ်ချင်းမစာသူတွေ တွေ့တိုင်း
ကန့်လန့်အဖြစ် အထင်ခံခဲ့ရတယ်..
ရေလိုက်ငါးလိုက် နေတတ်တာ
လူတော်ဖြစ်ချစ်ဖြစ်မယ်
လူကောင်းတော့မဖြစ်နိူင်ဘူး...
ကိုယ်ချင်းစာစိတ်ဆိုတာ
နှလုံးသားကလာတယ်...
ကိုယ်လွတ်ရုန်းပြီး စကားတတ်
ဂျင်းထည့်တတ်တဲ့အကျင့်ကတော့
စာနာစိတ်မရှိတဲ့
လူတချို့ဆီက လာပါတယ်။
"ဆရာမလေး"

Post a Comment