#အများကြီးမလိုအပ်ပါဘူး
--------------------------------
ကိုယ့်အားနည်းချက်ကိုကျမကြည့်ပဲ
အရေးမပါတဲ့ စကားတွေကိုသုံးပြီး
လူတဖက်သား သိက္ခာကျအောင်ပြောကြတဲ့သူတွေ…!!!
မြင်နေရတယ်……မြင်ဖူးခဲ့တယ်
တန်ဖိုးမရှိတာလေးအတွက်နဲ့
ကိုယ့်သိက္ခာကိုထည့်မတွက်ဘဲ
နာမည်ပျက်ခံနေကြတဲ့သူတွေ…!!!
ကြုံဖူးတယ်……ကြုံခဲ့ရတယ်
ကိုယ့်မျက်ချေးကိုကျ ပြန်မစမ်းဘဲ
သူများမကောင်းကြောင်းကို
စာနာစိတ်မရှိ မစားရတဲ့အမဲကိုသဲနဲ့ပတ်သလို
လိုက်ပြောတတ်တဲ့ သူတွေ…!!!
ဆက်ဆံဖူးတယ်……ဆက်ဆံနေရတယ်
တဖက်သားရဲ့ အခက်ခဲကို ငဲ့မကြည့်ဘဲ
ကိုယ်ဖြစ်ချင်တာ တစ်ခုဘဲကြည့်
အပြန်အလှန်ဆိုတဲ့အရာကို အတင်းလုပ်ယူချင်တဲ့သူတွေ…!!!
အားလုံးအပေါ် နားလည်ပေးနိုင်ခဲ့တယ်
ခွင့်လွှတ်ပေးခဲ့တယ်
စွန့်လွှတ်အနစ်နာခံပေးလိုက်တယ်
ကိုယ့်ရင်လည်း အေးချမ်းခဲ့ပါတယ်……!!!
တစ်ခုဘဲ ကိုယ်ဆုတောင်းဖူးခဲ့တယ်
ပေးကမ်းသော မိတ်ဆွေထက်
နားလည်မှုထားသော မိတ်ဆွေကိုသာရလိုပါ၏……!!!
#credit _ MayNoe- ဆရာမလေး

Post a Comment