ပြဿနာတိုင်းက
သင့်ကို အဆုံးသတ္ဖို့
ဖြစ်စေတာမဟုတ်ဘူး
သင့်ကို လမ်းညွှန်ပေးတဲ့
အရာတွေပါ။
အဆိုးတွေအားလုံးက
အရှုံးပေးဖို့ဖြစ်စေတာ မဟုတ်
အကောင်းဘက်ကို
ဘယ်လိုပြောင်းလဲရမလဲလို့
သင်ပြပေးနေကြတာပါ။
သူတစ်ပါးရဲ့လုပ်ရပ်တွေကြောင့်
ကိုယ်ထိခိုက်ပေမယ့်
ကိုယ့်လုပ်ရပ်ကြောင့်
သူတစ်ပါး မထိခိုက်စေနဲ့။
သူတစ်ပါးစကားကြောင့်
ကိုယ် စိတ်ဆင်းရဲရပေမယ့်
ကိုယ့်စကားတစ်ခွန်းကြောင့်
သူတစ်ပါး စိတ်မဆင်းရဲစေနဲ့။
သူတစ်ပါးကြောင့်
ကိုယ် မျက်ရည်ကျရပေမယ့်
ကိုယ့်ကြောင့် သူတစ်ပါး
မျက်ရည်မကျပါစေနဲ့။
လောကကြီးမှာ
လူတွေအားလုံးက
အမြင့်ကိုရောက်ဖို့
လှေကားတွေကို
နင်းတက်ကြပေမယ့်
အဲဒီလှေကားတွေကို
ကျေးဇူးတင်ရမှန်း မသိကြဘူး။
အမြင့်ပျံတဲ့စွန်ဟာ
သူ့ကို ရစ်ဘီးလေးကိုင်ပြီး
မျှော်ကြည့်နေသူကို မေ့နေတတ်တယ်။
သုညဆိုတာ
သူ့ဘာသာနေရင်တော့ တန္ဖိုးမရွိဘူး၊
ဒါပေမယ့်
သူ့ရှေ့က ဂဏန်းတွေကိုတော့
တန်ဖိုးမြင့်အောင်
မြှင်တင်ပေးနိုင်ပါတယ်။
ကိုယ့်ဘဝရဲ့တန်ဖိုးကို
ကိုယ် ဘယ်လိုဖြစ်လာသလဲ
ဆိုတာကို ဘယ်နေရာရောက်ရောက်
မေမ့ဖို့ အရေးကြီးပါတယ်။
"ဆရာမလေး"





Post a Comment