မင်းကို ချစ်တဲ့သူထက်

မင်းကို ချစ်တဲ့သူထက်


မင်းအကြောင်း နားလည်ပေးတဲ့လူတစ်ယောက်ရဖို့
တကယ် ခက်လွန်းတယ်

ချစ်တယ်ဆိုတာ
နှလုံးသားက ဖြစ်ပေါ်လာတဲ့ ခံစားချက်သက်သက်ပဲ
မင်းကို နားလည်ပေးနိုင်ဖို့ဆိုတာ
အချစ်ဆိုတာတစ်ခုနဲ့ ခံစားတတ်ရုံမရဘူး
မင်းမျက်နှာ အရိပ်အကဲဖတ်တတ်ရမယ်
မင်းအကျင့်တွေ လက်ခံပေးနိုင်ရမယ်
မင်းရဲ့စိတ်ကို လေ့လာတတ်ရမယ်

ချစ်တယ်ဆိုတာထက် ပိုတဲ့
မင်းရဲ့ဖြစ်တည်မှုကို နားလည်ပေးနိုင်တဲ့လူတစ်ယောက်ကို
မင်း ပိုင်ဆိုင်ထားပြီးလား....
ဒါဆိုရင် သူကိုစိတ်ဒုက္ခထပ်မပေးပါနဲ့တော့

မင်းစိတ်ကို အမြဲတမ်းနားလည်ပေးတဲ့သူ
မင်းနဲ့အတူ ဆိုးတူကောင်းဘက်အမြဲရှိနေပေးတဲ့သူ
ဘယ်လိုအခက်အခဲပဲတွေ့တွေ့ မင်းဘေးမှာ
သစ္စာရှိရှိနဲ့ နေပေးခဲ့သူ

အဲ့သူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်
စိုးရိမ်ပူပန်မှုတွေကြောင့် မင်းဆီမှာ ဝန်းထုပ်ဝန်းပိုးများ ဖြစ်ခဲ့ရင်
စိတ်တွေပင်ပန်း မွန်းကျပ်ခဲ့ရင်
အချိန်ခဏလေးပေးပြီး ပြန်တွေးကြည့်ပါ

ဘယ်လိုအခက်အခဲတွေ ရှိလာပါစေ
မင်းဘေးမှာ မပြောင်းလဲတဲ့စိတ်နဲ့
အတူရှိနေပေးတဲ့သူဟာ ဘယ်သူလဲလို့
 ပြန်တွေးကြည့်လိုက်ရင်

လောကကြီးကို စိတ်ပျက်လာတဲ့အခါ 
သူက မင်းဘေးနားမှာ ရှိနေပေးခဲ့တယ်ဆိုတာ
 ပြန်မြင်လာလိမ့်မယ်
သူရဲ့အကောင်းမြင်စိတ်နဲ့ အားပေးမှုတွေကြောင့်
မင်းဘဝ ရှင်သန်နေတာကို တွေ့လာလိမ့်မယ်
မင်းရဲ့စကားတွေကြောင့် သူရဲ့စိတ်နာကျင်မှုကို
ကိုယ်စားပြန်ပြီး ဝင်ခံစားကြည့်ပါ
သူနေရာမှာ ခဏဝင်ကြည့်ပြီး မင်းရဲ့အပေါ်မှာထားတဲ့
သူရဲ့ချစ်ခြင်းမေတ္တာတွေကို နားလည်ပေးကြည့်ပါ

သူမရှိတော့ရင် မင်းနေနိုင်တယ်လား... တွေးကြည့်
နေနိုင်တယ်လို့ မင်းဖြေရင် ဒါလိမ်ညာတာပါ
မင်းကိုချစ်တဲ့လူထက် မင်းကိုနားလည်ပေးတဲ့သူကသာ
မင်းစိတ်ချမ်းသာအောင် ထားနိုင်မှာပါ

မင်းအပေါ်ချစ်ပြီး နားလည်ပေးတဲ့လူတစ်ယောက်ကို
တစ်စုံတစ်ခုသော ဘယ်လိုအကြောင်းအရာမျိုးနဲ့မှ
မဆုံးရှုံးမိပါစေနဲ့ စိတ်နာကျင်မှုတွေ မပေးပါနဲ့
တစ်ခြားတစ်ယောက်က သူထက်ပိုကောင်းလာမလား
အတွေးနဲ့
ကိုယ်ဘေးမှာ မပြောင်းလဲပဲ အစစအရာ 
နားလည်ပေးတဲ့သူကို
လက်တွဲမဖြုတ်မိပါစေနဲ့☝☝☝

ဆရာမလေး 

#Nan
Credit to by Photo.

Post a Comment

Previous Post Next Post

Comments