"ဖိုးမောင်လာပြီ"

"ဖိုးမောင်လာပြီ"


မှိုင်းညို့ညဉ့်ရိပ်၊လူခြေတိတ်၍
ရေဆိပ်အနား၊ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင်၊ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီဆိုကြသည်။

ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ၊အသံမှာကား
ညခါငါးထောင်၊မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းကပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား၊ကင်းသမားက
တံခါးကြီးအောက်၊မလွယ်ပေါက်ကို
တစ်‌ယောက်ဝင်သာ၊ဖွင့်လိုက်ပါသော်
ယာတွင်အုပ်စောင်း၊ဝဲတက်ချောင်းနှင့်
ခါးစောင်းကိုယ်ကိုင်၊ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ရွာကိုဝင်သည်
လူပင်လေလား၊ တစ္ဆေလား။

တစ္ဆေမကြောက်၊မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင်၊ညဉ့်မှောင်တွင်၌
သူလျှင်ငါးရှာ၊မကျွေးပါက
ထိုရွာသူသား၊လူအများ
ငါးစို ငါးစိမ်း ဝက်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး၊လခြမ်းကွေး၍
ရွာဘေးကျီပျက်၊မှောင်နက်နက်မှ
ဇီးကွက်ကအော်၊တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ဂုတ်ကျားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား။


သို့ဖြစ်သော်ငြား၊ခါးတပါးသို့
တံခါးဝင်လို၊သူမဆိုဘဲ
မောင်းကိုထုပါ၊လူစုပါဟေ့
ရွာကိုဘေးမှ၊ကာကွယ်ကြလော့
ဓာပွငါ့အား၊ဖမျး၍ထားဟု
စကားမဆုံး၊ဟစ်အော်တုန်းတွင်
ဒိုင်း ဒန်း ဒိန်းသံ၊ရွာလုံညံသည်
ချောင်းယံပဲ့တင်ထပ်သတည်း။

ဖိုးမောင်နီဂုံး၊ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ဟည်းလျှက်ပါတည့်။

#ဆရာမင်းသု၀ဏ်


Post a Comment

Previous Post Next Post

Comments