Google AdSense approve ရဖို့ကျွန်တော်ဘာတွေလုပ်ခဲ့လဲ။

Google AdSense approve ရဖို့ကျွန်တော်ဘာတွေလုပ်ခဲ့လဲ။


ဒီpost ကို ကျွန်တော် AdSense လျှောက်ခဲ့တဲ့အတွေ့အကြုံပေါ်မူတည်ပြီးရေးထားတာပါ။

AdSense ကို ၂၀၁၅ လောက်ကတည်းကျွန်တော်စပြီးလျှောက်ဖြစ်ခဲ့တာပါ။ လျှောက်ဖြစ်ခဲ့တာက Myanmar Celebrities website admin ကြီးကို အားကျပြီး လျှောက်ခဲ့ဖြစ်တာ။ သူနဲ့တွေ့ပြီးမှ AdSense ဆိုတာကို သိခဲ့တာပါ။

စလျှောက်တော့ blogspot website တစ်ခုထောင်ပြီး post ၁၀ ခုလောက် ဖန်တီးပြီးလျှောက်ခဲ့ပါတယ်။ ထိုင်းမှာနေတုန်းက လျှောက်တာပါ။ approved မရပါဘူး…ဘယ်ရမလဲ… post တွေအားလုံးက မြန်မာလိုရေးထားတာကိုး။ ပြီးတော့ website မှာ AdSene ရဲ့လိုအပ်ချက်တွေမပြည့်စုံဘူးလို့ပြောထားပါတယ်။

ဒါနဲ့ပဲ Fiverr ကိုရောက်သွားတယ်။ Fiverr မှာ google Adsense approve ပေးမယ့် website ကို ၅ ဒေါ်လာနဲ့လုပ်ပေးတဲ့ ဝန်ဆောင်မှုတွေရှိပါတယ်။ Blogspot ကိုလုပ်ပေးတာပါ။ အဲ့ဒီမှာ သွားအပ်လိုက်တာ။ ၅ ဒေါ်လာ ပေးရတယ်။ တစ်ရက်ပဲကြာတယ်။ website တစ်ခုရလာတယ်။ English language post ၅ ခုတင်ထားတယ်။ နောက် ၃ လနေမှ လျှောက်လို့လုပ်ပေးတဲ့သူကပြောတယ်။

အဲ့ဒီ website နဲ့ ၂ လလောက်နေတော့လျှောက်ကြည့်လိုက်တယ်။ reject ပဲ။ ဘာလို့လဲဆိုတော့ ဆရာသမားက content တွေကို တခြားကနေ ကူးထည့်ပေးလိုက်တာကိုး….သူ့ကို ပြန်ပြောတော့ သူက website design ပဲလုပ်ပေးတာ။ content က မင်းဖာသာပြန်ရေးရမှာတဲ့။ ဒါပေမယ့်သူဆီကဘာရလိုက်လဲဆိုတော့ Adsense သဘောကျတဲ့ website layout ရလိုက်တယ်။ blogspot နဲ့လုပ်ထားတာပါ။ အဲ့ဒီ backup layout လိုချင်ရင် ကျွန်တော့်ဆီတောင်းလို့ရပါတယ်။

အဲ့ဒီနောက်ပိုင်း ၃ နှစ်လောက် AdSense ကိုမလျှောက်ဖြစ်ခဲ့ပါ။ ဒီ ၂၀၁၈ အစမှာတော့ ရှိပြီသား blogspot တစ်ခု (သက်တမ်း ၂ နှစ်ကျော်) ကိုသုံးပြီး AdSense ပြန်ကြိုးစားကြည့်ပါတယ်။ အဲ့ဒီ website မှာ ဟိုဘဲဆီကရတဲ့ layout ကိုသုံးခဲ့ပါတယ်။ blogspot.com domain နဲ့လျှောက်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ blogspot ကိုလက်မခံပဲ TLD (top level domain) တစ်ခုပြောင်းသုံးခိုင်းပါတယ်။ အဲ့ဒီအတွက် top level domain တစ်ခုဝယ်သုံးလိုက်ပါတယ်။

လျှောက်ထားတဲ့ကာလအတွင်း web ကို traffic တက်အောင်လုပ်ထားပါတယ်။ တစ်နေ့ကို ၂၀၀၀ လောက် traffic ရှိပါတယ်။ ၅ ရက်အကြာမှာ AdSense approve ရပါတယ်။ Non hosted account ရပါတယ်။

ဒီနေရာမှာ hosted account နဲ့ non hosted account ဆိုတာ ကို ပြောပြချင်ပါတယ်။ hosted account ဆိုတာက google products (blogspot, App, Youtube) တွေကိုသုံးပြီးလျှောက်ထားတဲ့  AdSense account ပါ။ Google product ပေါ်မှာပဲသုံးလို့ရပါတယ်။ non hosted account ဆိုတာကတော့ blogspot မဟုတ်ပဲ domain ဝယ်သုံးထားတဲ့ website တွေကို approve ပေးတဲ့ account ပါ။ Ads code ထုတ်ပြီး ကြိုက်တဲ့ website မှာထည့်သုံးလို့ရပါတယ်။

စာရှည်သွားပါပြီ။ အကျဉ်းပြန်ချုပ်ပေးပါ့မယ်။ AdSense approve ဖြစ်ဖို့website ကို ဒါတွေပြင်ဖို့လိုပါတယ်။
(၁)AdSense ကလက်ခံတဲ့ web layout ရှိရပါမယ်။ About us, contact us, Privacy Policy, sitemap page တွေပါကို ပါရပါမယ်။

(၂) TLD (top level domain) .com or .net သုံးသင့်ပါတယ်။

(၃) Content တွေအားလုံး own content ဖြစ်ရပါမယ်။ AdSense လက်ခံထားတဲ့ language သုံးရပါမယ်။အလွယ်ဆုံးက English language ပါ။ ကော်ပီမရပါ။ မြန်မာလိုမရပါ။

(၄) Niche ရွေးဖို့လိုပါတယ်။ AdSense အကြောင်းရေးထားတဲ့ ဆောင်းပါးတွေပါတဲ့ content တွေမတင်ပါနဲ့။ Digital marketing Niche တွေအရမ်းများနေပါပြီ။ AdSense က approve မပေးတော့ဘူးကြားပါတယ်။

(၅) website ကို google search console မှာ submit လုပ်ထားပါ။

(၆) Traffic ကောင်းအောင်လုပ်ထားပါ။

(၇) website သက်တမ်းအရေးကြီးတယ်ပြောကြသလို မကြီးဘူးလည်းပြောကြပါတယ်။ ကျွန်တော် အတိအကျမပြောနိုင်ပါ။

မေးချင်တာရှိရင် comment မှာမေးလို့ရပါတယ်။

နောက်ရေးမယ့်ဆောင်းပါးက AdSense မလျှောက်ခင် ကြိုတင်ပြင်ဆင်ထားရမယ့်အချက်တွေကိုရေးမှာပါ။ ကျွန်တော်ကိုယ်တိုင် တိုင်ပတ်နေတဲ့အချက်တွေပါ။

Post တင်တိုင်းသိချင်တယ်ဆိုရင် Subscribe လုပ်ထားနိုင်ပါတယ်။

What did I do to get Google AdSense approval?
 This post is based on my experience applying for AdSense.

 I started applying for AdSense around 2015.  I applied because I envied the Myanmar Celebrities website admin.  It was only after meeting him that I learned about AdSense.

 I started a blogspot website and created about 10 posts.  I applied while living in Thailand.  Not approved… Where can I get it အားလုံး All posts are written in Myanmar.  And the website says that AdSene requirements are not met.

 That's when I got to Fiverr.  Fiverr offers a $ 5 website approval service for Google Adsense.  Blogspot  I left there.  It costs $ 5.  It only takes one day.  I got a website.  There are 5 English language posts.  He said he could not apply for the next three months.

 I stayed with that website for about two months and looked around.  reject  Because the teacher copied the content from someone else ပြော I told him he was just doing the website design.  The content is up to you.  But what I got from him was a website layout that Adsense liked.  Made with blogspot.  You can ask me for that backup layout.

 I did not apply for AdSense for the next three years.  At the beginning of 2018, I will try AdSense again using an existing blogspot (over 2 years old).  I used the layout from that website.  I applied with blogspot.com domain.  In that case, blogspot will be rejected and asked to switch to a TLD (top level domain).  I bought a top level domain for that.

 The web traffic is increased during the application period.  There is about 2,000 traffic per day.  AdSense approved 5 days later.  You get a non hosted account.

 Here I would like to talk about hosted account and non hosted account.  A hosted account is an AdSense account applied for using google products (blogspot, app, Youtube).  Can only be used on Google products.  A non-hosted account is an account that approves websites that have purchased the domain, not blogspot.  You can generate ads code and use it on any website.

 It's been a long time.  Let me summarize.  The website needs to modify these to be AdSense approved.
 1. You must have a web layout accepted by AdSense.  Include About us, contact us, Privacy Policy, sitemap pages.

 (2) TLD (top level domain) .com or .net should be used.

 (3) All content must be your own.  You must use an AdSense accepted language. The easiest language is English.  No copy available.  Not like Myanmar.

 (4) You need to choose a niche.  Do not post content that contains articles about AdSense.  There are so many digital marketing niches!  AdSense no longer approves

 5. Submit your website to google search console.

 6. Improve traffic.

 7. Website life is important or not.  I can not say for sure.

 If you have any questions, you can ask in the comments.

 The next article will cover some of the things you need to know before applying for AdSense.  These are the things I'm complaining about.

 If you want to know every time you post, you can subscribe.

Post a Comment

Previous Post Next Post

Comments