တရုတ်ပြည်ရဲ့ Great Firewall ကိုအာဏာသိမ်းအစိုးရက အသုံးပြုခဲ့ရင် ဘာတွေဖြစ်လာမလဲ?

တရုတ်ပြည်ရဲ့ Great Firewall ကိုအာဏာသိမ်းအစိုးရက အသုံးပြုခဲ့ရင် ဘာတွေဖြစ်လာမလဲ?
မြန်မာနိုင်ငံမှာ တရုတ်ပြည်ရဲ့ Great Firewall အတိုင်း အင်တာနက်ကို ထိန်းချုပ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့အတွက် တရုတ်ပြည်က နည်းပညာရှင်တွေနဲ့ စက်ပစ္စည်းတွေ မြန်မာနိုင်ငံကို လေယာဥ်နဲ့ရောက်လာတယ်ဆိုတဲ့ သတင်းက Facebook နဲ့ အခြား Social Media တွေပေါ်မှာ ပလူပျံနေပါတယ် ။

ဒီသတင်းသာအမှန်ဖြစ်ခဲ့မယ်ဆိုရင် တရုတ်ပြည်ရဲ့ Great Firewall ဆိုတာဘာလဲ ? Great Firewall ကို ကျော်လွှားပြီး အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ဖို့ ဘယ်လိုလုပ်ရမလဲ ? ဆိုတာကိုလူတိုင်းသိထားသင့်ပါတယ် ။

တရုတ်ပြည်ရဲ့ Great Firewall ဆိုတာဘာလဲ ?
တရုတ်ပြည်ရဲ့ Great Firewall ဆိုတာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ တရုတ်ပြည်တွင်းမှာ အင်တာနက်ကို သူတို့ချမှတ်ထားတဲ့ စည်းမျဥ်းတွေနဲ့သာသုံးစွဲနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ် ။ Great Firewall အနေနဲ့ တရုတ်နိုင်ငံရဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်မှုအရ ပိတ်ပင်ဖို့သတ်မှတ်ထားတဲ့ နိုင်ငံခြား Website တွေကို ပိတ်ပင်ဖို့ နဲ့ နယ်စပ်ဖြတ်ကျော်တဲ့အင်တာနက်တွေကို နှေးကွေးအောင်လုပ်ဆောင်ပေးတာပဲဖြစ်ပါတယ် ။ အကျိုးသက်ရောက်မှုအနေနဲ့  နိုင်ငံရပ်ခြားသတင်းအချက်အလက်တွေကို အကန့်အသတ်နဲ့သာ ကြည့်ရှုခွင့်ရခြင်း၊ Google, Facebook, Twitter, Wikipedia နဲ့ အခြား Tools တွေကို အသုံးပြုခွင့်ပိတ်ပင်ခံရခြင်း စတာတွေဖြစ်နိုင်ပါတယ် ။ တရုတ်ပြည်ရဲ့ Great Firewall ကို လက်ရှိမှာ ကျူးဘား ၊ အီရန် ၊ ဗီယက်နမ် နဲ့ ဇင်ဘာဘွေနိုင်ငံတွေမှာလည်း အသုံးပြုနေတယ်လို့ယူဆရပါတယ် ။


မြန်မာနိုင်ငံမှာ တရုတ်ပြည်ရဲ့ Great Firewall အတိုင်း အင်တာနက်ကို ထိန်းချုပ်ပိတ်ဆို့မှုတွေပြုလုပ်ရင် ဘာတွေဖြစ်နိုင်မလဲ ?
အရှင်းဆုံးပြောရရင် တရုတ်နိုင်ငံလိုပဲ ဖြစ်သွားမှာပါ ။ Facebook, Google, Twitter, Wikipedia နဲ့ တခြား Tools တွေကို အသုံးပြုခွင့်ပိတ်ပင်ခံရမယ် ။ နိုင်ငံတကာနဲ့အဆက်အသွယ်ရဖို့ခက်ခဲသွားမယ် ။ နာမည်ကြီး VPN တော်တော်များများ အသုံးပြုလို့မရဘဲဖြစ်သွားမယ်။ သတင်းအချက်အလက်တွေကို အကန့်အသတ်နဲ့ပဲကြည့်ရှုခွင့်ရတော့မယ် ။ ဒါကသာမန်ပြည်သူတွေအတွက်ပဲဖြစ်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့တော့ ဆုံးရှုံးမှုကြီးကြီးမားမားတွေအထိဖြစ်နိုင်ပါတယ် ။ ချုံငုံပြောရရင်ပြည်သူတွေအတွက် ဆိုးကျိုးတွေပဲဖြစ်လာမှာပါ ။

Great Firewall ကို ကျော်လွှားပြီး အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ဖို့ ဘယ်လိုလုပ်ရမလဲ ?
Great Firewall စနစ်နဲ့ အင်တာနက်ကိုပိတ်ပင်မယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ VPN တွေကိုသုံးဖို့ အဆင်မပြေတော့ပါဘူး ။ ဒါကြောင့် လက်ရှိတရုတ်နိုင်ငံမှာ Great Firewall ကို ကျော်လွှားဖို့အတွက် အသုံးပြုနေတဲ့ Tools တွေကို ဖော်ပြပေးလိုက်ပါတယ် ။

–Ultrasurf -> https://ultrasurf.com

– Psiphon -> https://www.psiphon3.com

– Lantern -> https://getlantern.org

Google Playstore Link :

Psiphon -> https://play.google.com/store/apps/details?id=com.psiphon3.subscription

Lantern -> https://play.google.com/store/apps/details?id=org.getlantern.lantern

အစရှိတဲ့ Tools တွေက Multiple Open Proxies တွေကို အသုံးပြုပြီး Great Firewall ကိုကျော်လွှားနိုင်ဖို့ ပြုလုပ်ထားတဲ့ Program တွေဖြစ်ပါတယ် ။ Psiphon နဲ့ Lantern ကတော့ Mobile Phone တွေအတွက်ပါအလွယ်တကူ Download ဆွဲပြီး အသုံးပြုနိုင်ပါတယ် ။

– Tor -> https://www.torproject.org

Dark Web ကိုဝင်ရောက်ဖို့အတွက် အသုံးပြုတယ်လို့နာမည်ကြီးတဲ့ Tor ကိုလည်း Greate Firewall ကိုကျော်လွှားဖို့အတွက်အသုံးပြုနိုင်ပါတယ် ။ လက်ရှိမှာ IP တချို့ကို Ban ထားတယ်လို့သိရပေမယ့် တစ်စိတ်တစ်ပိုင်းတော့အသုံးပြုနိုင်ပါတယ် ။

– I2P -> https://play.google.com/store/apps/details?id=com.darkweb.i2psearchengine&hl=en&gl=US

Mobile Phone တွေမှာလည်း Dark Web ကို ဝင်ရောက်ဖို့အတွက် အသုံးပြုတဲ့ I2P Browser ကို Greate Firewall ကိုကျော်လွှားဖို့အတွက်အသုံးပြုနိုင်ပါတယ် ။

Post a Comment

Previous Post Next Post

Comments