အိမ်မှာပဲ နေနေရင်း Internet သုံးရတာပျင်းလာရင် Google Search Engine မှာ ဒီ keywords လေးတွေ ရိုက်ထည့်ပြီး အပျင်းပြေလျှောက်စမ်း လို့ရပါတယ်။

အိမ်မှာပဲ နေနေရင်း Internet သုံးရတာပျင်းလာရင် Google Search Engine မှာ ဒီ keywords လေးတွေ ရိုက်ထည့်ပြီး အပျင်းပြေလျှောက်စမ်း လို့ရပါတယ်။


1️⃣  Do a barrel roll ↔️ Search page လေး ၃၆၀ တစ်ပတ်လည် သွားစေတာပါ။
2️⃣ Atari breakout ↔️ Google Image search page မှာ 70’s တုန်းက game လေးပေါ်လာမှာပါ။
3️⃣ Askew ↔️  ဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုစောင်းစောင်းလေးပေါ်လာမှာပါ။
4️⃣ Google gravity ↔️ ဒါလေးရိုက်ထည့်လိုက်ရင်တော့ search engine မှာ စာလုံးတွေ အာကသမှာလို ဆွဲအင်အားမရှိတော့သလိုတွေ့ရမှာပါ။
5️⃣ Thanos ↔️ Avengers movie tribute အနေနဲ့ ဒီ keyword လေးကိုရိုက်ထည့်လိုက်ပြီး infinity gauntlet လေးကို နှိပ်လိုက်ရင် search results က websites တွေအကုန် ပျောက်သွားမှာပါ။ ပြန် snap လုပ်လိုက်ရင်တော့ပြန်ပေါ် လာမှာပေါ့။
6️⃣  Recursion ↔️ ဒီဟာကတော့ programmer တွေ အတွက် ရယ်စရာ လေးတစ်ခုပါ။ recursion ဆိုပြီး စာလုံးပေါင်းမှန်မှန်နဲ့ရိုက်ထည့်လိုက်လဲ “Did you mean recursion ” ဆိုတဲ့ ဟာလေးပြလာမှာပါ။ Recursion means repeating ဆိုတော့ programming လုပ်တဲ့လူတွေ Google ရဲ့ဟာသလေးကိုမြင်မှာပါ။
7️⃣ Anagram ↔️ ဒါလေးကတော့ ဒီစကားလုံးရဲ့အဓိပ္ပာယ် ကိုသိတဲ့လူတွေအတွက် ဘာကြောင့် ဒီ keyword ရိုက်ထည့်လိုက် ရင် “did you mean: nag a ram”  ပေါလာမှာလည်းဆိုတာသိမှာပါ။ 😄
8️⃣ Zerg Rush ↔️ ဒီ keyword ရိုက်ထည့်လိုက်ပြီး search results မှာ ပထမဆုံးပေါ် လာတဲ့ website ကို နှိပ်လိုက် ပြီး Google စကားလုံးက “o” တွေသောင်းကျန်းတာကိုကြည့်လိုက်ကြတော့။
9️⃣ Google Sky ↔️ ဒီဟာတော့ အပျင်းပြေ အာကသ ကြယ်တွေနဲ့ ဂြိုလ်တွေကို ကြည့်လို့ရတဲ့ website လေးပါ။
🔟 Friends ↔️ ဒါကတော့ “Friends” ဆိုတဲ့ TV show ကိုကြည့်ဖူးတဲ့သူတွေ အတွက် Easter egg ဟာလေးပါ။ 
✅ TV show က main characters တွေ ရဲ့နာမည်နဲ့ နောက်က friends ဆိုတဲ့ keyword လေးရိုက်ထည့်လိုက်ပြီး search result မှာပေါ်လာတဲ့ logo လေးကိုနှိပ်လိုက်ပါ။ 
✅ မကြည့်ဖူးတဲဆိုတဲ့သူတွေအတွက် လည်း Google ရဲ့ cool trick လေးကိုစမ်းကြည့်လို့ ရအောင် နာမည်​တွေကိုရေးပေးထားပါတယ်။ 
“Chandler, Monica, Ross, Rachel, Phoebe, Joey”
✅ ဒါလေးတွေ က တော့ အများကြီး ရှိတဲ့ tricks and Easter eggs တွေထဲက လူကြိုက်များတဲ့ဟာ လေးတွေ ပါ။ 
နောက်ထပ် သိတဲ့ ဟာတွေ ရှိရင် comment မှာ မျှဝေခဲ့လို့ ရပါတယ်။
ယခုတင်ပြပေးထားသော သင်ခန်းစာများသည်
#myantech_
#လေးစားစွာဖြင့်
🅲 🆁🅴 🅳 🅸🆃

Post a Comment

Previous Post Next Post

Comments