''အခြေခံပညာအဆင့် အတန်းစုံ၊ ဘာသာစုံ၊ သင်ရိုးကုန် သင်ကြားမှုဗီဒီယိုပေါင်း (၃၃၀၀) ကျော် ဖန်တီးလွှင့်တင်ပေးထားသည့် NUG MOE ၏ ကြားကာလပညာရေး MBEH Telegram Channels QR Codes များ''

''အခြေခံပညာအဆင့် အတန်းစုံ၊ ဘာသာစုံ၊ သင်ရိုးကုန် သင်ကြားမှုဗီဒီယိုပေါင်း (၃၃၀၀) ကျော် ဖန်တီးလွှင့်တင်ပေးထားသည့် NUG MOE ၏ ကြားကာလပညာရေး MBEH Telegram Channels QR Codes များ''




-----------------------------------------------------------

"အိမ်အိမ့်ရဲ့လူကြီးမိဘပြည်သူများကို ဖြန့်ဝေကူညီပေးကြဖို့ တောင်းဆိုပန်ကြားအပ်ပါတယ်"

ဒီပုံလေးတွေကို လက်ကမ်းစာရွက်လေးတွေထုတ်ပြီး ဝိုင်းဝန်းဖြန့်‌ဝေပေးကြခြင်းဖြင့် အိမ်အိမ့်ရဲ့သူငယ်ချင်းလေးတွေ ချိတ်ဆက်လေ့လာသင်ယူလို့ရအောင် ပံ့ပိုးစီစဥ် ကူညီပေးကြပါဦးနော် ... 

Internet ရ‌နေ‌သေးတဲ့ ပြည်သူတွေက မီးလာတဲ့အချိန် Download ကူဆွဲပေးပြီး Download ဆွဲထားတဲ့ Video တွေကို အချင်းချင်း Zapya, Bluetooth နဲ့ Offline ပြန်ဖလှယ်ပေးတာမျိုး ၊ USB, OTG Stick, CD စတာတွေနဲ့ကူးပြီး အချင်းချင်းဖြန့်ဝေပေးခြင်း ..

Online လက်လှမ်းမမီနိုင်တဲ့ဒေသတွေကို ပြည်သူတွေအချင်းချင်း ဖြန့်ဝေကူညီပေးကြခြင်း ..

မိမိတို့ဒေသရပ်ရွာရှိ ပြည်သူ့အခြေပြုစာသင်ကြားခြင်းလုပ်ငန်းတွေမှာ ကိုယ်တိုင်ဝိုင်းဝန်းကူညီသင်ကြားပေးကြခြင်း (သို့မဟုတ်) လိုအပ်သောအထောက်အပံ့များ ဝိုင်းဝန်းကူညီပေးကြခြင်း .. စတာတွေနဲ့

''ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အင်အားနဲ့ ကိုယ်တိုင်ဝိုင်းကူ အတူတူတည်ဆောက်‌ပေးကြဖို့'' အိမ်အိမ်က လက်လှမ်းမမီကျန်နေခဲ့တဲ့သူငယ်ချင်းလေးတွေကျန်ရှိမနေခဲ့ဖို့အတွက် အလေးအနက် ပန်ကြားတိုက်တွန်းအပ်ပါတယ်။

ဒီသင်ကြားမှုဗီဒီယိုလေးတွေအားလုံးက ပြည်သူ့ဘက်တော်သား ဆရာ၊ ဆရာမများက 
''သူငယ်ချင်းလေးတို့တွေ အိမ်မှာနေရင်း ကိုယ်တိုင်သင်ယူလို့ရအောင်'' 
အခက်အခဲပေါင်းများစွာကြားထဲကပြေးလွှား‌ရှောင်တိမ်းနေရရင်း ကိုယ်တိုင်ကြိုးစားသင်ကြားပြီး အရည်အသွေးအဆင့်ဆင့် သေချာစိစစ်ဖန်တီးပေးထားကြတာ ဖြစ်ပါတယ်။

''ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အစိုးရနှင့်ပြည်သူ အကောင်းဆုံးလက်တွဲညီ တည်ဆောက်ကြမည်''

''ပညာရေးသည် နိုင်ငံ့အရေးဖြစ်သည်''

''ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ''

''ပြည်သူ့အရေးတော်ပုံ အောင်ရမည်''

-----------------------------------------------------------

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့်၊ ပညာရေးအစီအစဉ်များကို အောက်ပါ Links များတွင် အသေးစိတ်ဝင်ရောက်လေ့လာ၍ ပြည်သူများအချင်းချင်း လမ်းညွှန်ဖြန့်ဝေပေးကြပါရန် အလေးအနက် တိုက်တွန်းပန်ကြားအပ်ပါသည်။

အခြေခံပညာအဆင့်အစီအစဉ်များအတွက် Bluemark Official Page
https://www.facebook.com/BE.moeNUG

ကျောင်းသားစာရင်းသွင်းရန် Registration Link
https://www.facebook.com/BE.moeNUG/videos/197328219101134

အတန်းအလိုက်၊ ဘာသာရပ်အလိုက် နေအိမ်အခြေပြု သင်ယူလေ့လာရန် ဗီဒီယိုများ
https://www.facebook.com/102412615426604/posts/145016997832832/

ကြားကာလအခြေခံပညာရေးစစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာထုတ်ပြန်ကြေညာချက်
https://www.facebook.com/109386154653912/posts/196930345899492/

သင်ယူမှုအချိန်ဇယားနမူနာပုံစံများ
https://www.facebook.com/102412615426604/posts/157348893266309/

စာသင်ချိန်သင်ခန်းစာခေါင်းစဉ်လျာထားမှုပုံစံ
https://www.facebook.com/102412615426604/posts/174147554919776/

တက္ကသိုလ်ဝင်တန်းဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို ဖော်ပြပါ Link တွင် ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/moeNUGMyanmar/posts/217228153869711

#MOE #NUG #MBEH #homebasedlearning

Post a Comment

Previous Post Next Post

Comments