အသက်အရွယ်ကြီးလာတဲ့အခါ အသားအရေမှာ ပေါ်လာတတ်တဲ့အစက်အပြောက်တွေ ဖြစ်မလာအောင် ကာကွယ်နည်း
— 27.06.2022 17:00 Love Media
အချို့အမျိုးသမီးတွေမှာ အသက်အရွယ်ကြီးလာတဲ့အခါ အသားအရေမှာ အစက်အပြောက်တွေ ပေါ်လာပါတယ်။ အသက်အရွယ်ကြီးတဲ့အခါ အစက်အပြောက်တွေဖြစ်လာတာက ပုံမှန်ပါပဲ။
အဲဒါကြောင့် အစက်အပြောက်တွေ ဖြစ်မလာအောင် ဘယ်လိုကြိုတင်ကာကွယ်နိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
အစက်အပြောက်လေးတွေက နေရောင်နဲ့ထိတွေ့မှုများတဲ့ နေရာတွေမှာ ပေါ်လာတတ်ပါတယ်။ အသက် ၅၀ ကျော်တဲ့လူတွေမှာ ပိုဖြစ်လေ့ရှိပြီး တစ်ခါတရံမှာ အသက်ငယ်ရွယ်သူတွေမှာလည်း တွေ့ရတတ်ပါတယ်။
အထူးသဖြင့် နေရောင်ခြည်နဲ့ အချိန်ကြာကြာထိတွေ့မှု များတဲ့သူတွေမှာ အစက်အပြောက်တွေ ပိုပြီးဖြစ်ပါတယ်။ အစက်အပြောက်တွေအတွက် ကုသစရာတော့ မလိုအပ်ပါဘူး။ ဒါပေမယ့် အစက်အပြောက်တွေနဲ့ပတ်သက်ပြီး သံသယရှိရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
အစက်အပြောက်တွေ ပေါ်လာရတဲ့အကြောင်းအရင်းများ
ခရမ်းလွန်ရောင်ခြည်က မယ်လနင်ထုတ်လုပ်မှုကို အရှိန်မြင့်ပေးပါတယ်။ အဲဒါကြောင့် နေရောင်ခြည်နဲ့ အချိန်ကြာကြာထိတွေ့မှုများတဲ့သူတွေမှာ အစက်အပြောက်တွေက ပိုဖြစ်တာပါ။ နေရောင်နဲ့ထိတွေ့မှုများတဲ့ လက်၊ ခြေထောက်၊ ပုခုံးတွေမှာ ပိုဖြစ်တတ်ပါတယ်။
အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက်တွေက တင်းတိတ်နဲ့ မတူပါဘူး။ ဒီလိုအစက်အပြောက်တွေဟာ နေရောင်ခြည်နဲ့ ထိတွေ့မှု မရှိရင်တောင် မှေးမှိန်မသွားပါဘူး။
အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက်တွေက အန္တရာယ်တော့ မဖြစ်ပါဘူး။ ဒါပေမယ့် အစက်အပြောက်တွေရဲ့ပုံစံက ပြောင်းလဲသွားရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
- အစက်အပြောက်တွေက မည်းသွားတာ
- အရွယ်အစားကြီးလာတာ
- အနားသတ်ပုံစံတွေပြောင်းလဲသွားတာ
- အရောင်တွေ ပြောင်းလဲသွားတာ
- သွေးထွက်လာတာဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။
ကာကွယ်နိုင်မယ့်နည်းလမ်းများ
အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက်တွေကို ကာကွယ်ဖို့အတွက် အရေးအကြီးဆုံးကတော့ နေရောင်ခြည်နဲ့အချိန်ကြာကြာ ထိတွေ့တာကို ရှောင်ကြဉ်ဖို့ပါပဲ။ ဒါ့အပြင်
- မနက် ၁၀ နာရီနဲ့ နေ့လယ် ၂ နာရီကြား နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည်တွေ များတာကြောင့် အပြင်ကို ခဏခဏ မထွက်သင့်ပါဘူး။
- အနည်းဆုံး SPF 30 ပါတဲ့ sunscreen ကို အပြင်မထွက်ခင် ၁၅ မိနစ်အလိုမှာ လိမ်းပါ။
- အပြင်ထွက်တဲ့အခါ ပုခုံး၊ လက်၊ ခြေထောက်တွေကို ဖုံးအုပ်ပေးနိုင်မယ့် အဝတ်အစားတွေကို ဝတ်ဆင်ပါ။ ဦးထုပ်ဆောင်းပါ။
Zombie (lovemedia)
noreply@blogger.com (H)



Post a Comment