အဿကမင်းနှင့် နွားချေးပိုးမိဖုရား

အဿကမင်းနှင့် နွားချေးပိုးမိဖုရား
 


အခါတစ်ပါး၌ ကာသိတိုင်း ပါဋလိမြို့မှာ စိုးစံ နေသည့် အဿကအမည်ရှိသော ဘုရင်မင်းကြီးတစ်ပါးရှိလေသည်၊ ထိုမင်းတွင် ဥပရိအမည်ရှိသော အဂ္ဂမဟေသီ မိဖုရားကြီးတစ်ပါး လည်း ရှိသည်။ ထိုမိဖုရားဥပရိ၏ ရုပ်ရေ အဆင်းမှာ အင်မတန်လှပ တင့်တယ်လှသည်။ အဿက ဘုရင်မြတ်က အလွန်လှပသော ဥပရိ မိဖုရားကို အင်မတန် ချစ်မြတ်နိုးလေ သည်။ အဿကဘုရင်သည် ဥပရိ မိဖုရားအပေါ် ချစ်လို့မဝ၊ ကြင် နာလို့ မဆုံးဖြစ်နေစဉ်မှာပင် ဥပရိမိဖုရား နတ်ရွာစံတော်မူသွားလေသည်။ အလွန်လှပတင့်တယ်ပြီး ပျိုနုနယ်ချိန် မှာ နတ်ရွာစံသွားသည့်အတွက် ကြောင့် မိဖုရားနတ်ရွာစံသွားတော့ အဿကဘုရင်ကြီးမှာ ပူဆွေးလို့ မဆုံး၊ ငိုကြွေးလို့မဆုံး၊ တမ်းတမ်း တတ နွမ်းနွမ်းလျလျ ဖြစ်နေတော့ သည်။ ဥပရိမိဖုရား မရှိတော့ပြီ ဆိုတာကို အဿကဘုရင် မည်သို့မျှ လက်မခံနိုင်။ မယုံကြည်နိုင်။သောက, ပရိဒေဝမီးတွေ အလွန်အမင်း တောက်လောင်နေ သည်။ ဥပရိမိဖုရား၏ အလောင်းကို မှန်ခေါင်းထဲမှာ ဆီစိမ်ပြီး သူ့ခုတင် အောက်မှာပဲ ထားစေသည်။ ထ မင်း တောင်မစားနိုင်ဘဲ လွမ်းဆွတ်ပူဆွေး ငိုကြွေးတမ်းတပြီး ခုတင်ပေါ်မှာပဲ လျောင်းစက်အိပ်နေပါတော့သည်။ မိဘဆွေမျိုးများ၊ ပညာ ရှိအမတ်များ က သင်္ခါရသဘော၊ အနိစ္စသဘောကို ဘယ်လိုပင် ပြောဟောကြသော် လည်း သတိတရားမရနိုင်ဘဲ ဖြစ်နေ သည်။ အလောင်းကိုကြည့်လိုက် ငိုကြွေးမြည်တမ်းလိုက်နှင့် သောက ပရိဒေဝမီးများ လောင်နေခဲ့သည်မှာ ခုနစ်ရက်ကြာမြင့်သွားခဲ့လေသည်။ထိုစဉ်က ဘုရားအလောင်း တော်သည် ဟိမဝန္တာတောအရပ်၌ ဈာန်အဘိညာဉ်ရသည့် ရသေ့ကြီး ဖြစ်နေသည်။ ဘုရား လောင်းရသေ့ ကြီးက လောကကို အဘိညာဉ်ဖြင့် ကြည့်လိုက်သောအခါ အဿကမင်း အတိဒုက္ခရောက်နေသည်ကို မြင်ရ သည်။ မိမိမှတစ်ပါး အခြားမည်သူမှ ကယ်နိုင်မည်မဟုတ်သည်ကိုလည်း သိရသည်။ သို့ဖြစ်၍ ဘုရားလောင်း ရသေ့ကြီးသည် အဘိညာဉ်တန်ခိုး အစွမ်းဖြင့် အဿကမင်း၏ ဥယျာဉ် သို့ ကြွတော်မူခဲ့သည်။ထိုစဉ် ပါဋလိမြို့ထဲမှ ပုဏ္ဏား လူငယ်တစ်ယောက် ရသေ့ကြီးထံ ရောက်လာသည်။ ရသေ့ကြီးက လူငယ်အား အဿကဘုရင် အကြောင်းကို မေးလေသည်။ ထို လူငယ်က အဿကမင်း သောက ပရိဒေဝမီး အကြီးအကျယ် တောက်လောင်နေပုံကို ပြောပြပြီး အဿကမင်းအား ဟောပြော ကယ်တင်ရန် တောင်းပန်စကား လျှောက်ကြားလေသည်။ ရသေ့ကြီး က “အဿကမင်းကို ငါမသိ သူက ငါ့ထံလာ၍ မေးပါက သူ့မိဖုရားကြီး ဖြစ်ရာဘဝကို ပြောပြနိုင်ပါတယ်” ဟု မိန့်ကြားလိုက်သည်။လူငယ်သည် အဿကမင်းထံ သွားရောက်ပြီး “အရှင်မင်းကြီး၊ ဥယျာဉ်တော်မှာ အကြားအမြင်ပေါက် တဲ့ ဒိဗ္ဗစက္ခုရှင် ရသေ့ကြီးတစ်ပါး ရောက်နေပါတယ်။ ဥပရိမိဖုရားကြီး ဖြစ်ရာဘဝကို သိပါသတဲ့။ ပြလည်း ပြနိုင်ပါသတဲ့။ ရသေ့ကြီးထံ အရောက်သွားသင့်ပါတယ်” ဟု လျှောက်တင်သည်။ဥပရိမိဖုရားကြီးကို ပြနိုင်တယ် ဆိုတာ ကြားရတော့ အဿက မင်းကြီးမှာ အားရဝမ်းသာဖြစ်ပြီး ဥယျာဉ်တော်သို့ ရထားဖြင့် ထွက်လာ ခဲ့သည်။ ရသေ့ကြီးထံ ရောက်သော အခါ ရိုသေစွာ ရှိခိုးပြီး “အရှင် ရသေ့ကြီး၊ ဥပရိမိဖုရားကြီးဖြစ်ရာ ဘဝကို သိတယ်ဆိုတာ ဟုတ်ပါ သလား” ဟုမေးသည်။


ရသေ့ကြီးက ဟုတ်မှန်ကြောင်း ဝန်ခံလိုက်သော အခါ “ဘယ်မှာဖြစ်နေပါသလဲ” ဟု အဿကမင်းက ထပ်မေးသည်။ ထိုအခါ ရသေ့ကြီးက “မင်းကြီး၊ သင်၏ မိဖုရားကြီး ဥပရိဟာ ရုပ် အဆင်းကိုသာ နှစ်သက်သာယာပြီး မာန်ယစ်နေခဲ့တယ်။ ရုပ်အဆင်းလှပ ဖို့သာ တသသပြုပြင်နေခဲ့တယ်။ ဒါန, သီလ ကုသိုလ်ကောင်းမှုပြုဖို့တော့ မေ့လျော့နေခဲ့တယ်။ အဲဒီလိုမေ့လျော့ ပြီး မာန်ယစ်နေခဲ့တဲ့အတွက် ဥပရိ ဟာ သေသွားတဲ့အခါ ယုတ်ညံ့တဲ့ ဘဝရောက်သွားရရှာတယ်။ ဒီဥယျာဉ် ထဲမှာပင် နွားချေးပိုးမ ဖြစ်နေရရှာ တယ်”ဟု ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြီး မိန့်ကြားလေသည်။နွားချေးပိုးမ ဖြစ်နေတဲ့ အကြောင်းကို ကြားရသိရတော့ အဿကမင်းကြီးက မယုံကြည်နိုင် ဘဲ ဖြစ်နေသည်။ ရသေ့ကြီးကလည်း ပိုးမကိုလည်း ပြမည်၊ စကားလည်း ပြောစေမည်ဟု ဆိုပြီး ပိုးဖိုနဲ့ပိုးမ နှစ်ကောင်လုံး အဿကမင်းကြီးရှေ့ ရောက်လာစေရန် အဘိ ညာဉ်နဲ့ အဓိဋ္ဌာန်ပြုလိုက်သည်။ ပိုးဖိုနဲ့ ပိုးမ ဟာ နွားချေးပုံထဲမှထွက်ပြီး မင်းကြီး ရှေ့ကိုရောက်လာသည်။ရသေ့က “မင်းကြီး၊ နောက် ကနေ လိုက်ပါလာတဲ့ ပိုးမဟာ သင့်ရဲ့ ဥပရိမိဖုရားကြီးပဲ၊ သေချာ ကြည့်လော့“အရှင်ဘုရား၊ အင်မတန် လိမ္မာရေးခြားရှိတဲ့ ဥပရိမိဖုရားက ဒီနွား ချေးပိုးမ ဖြစ်တယ်ဆိုတာ ကျွန်ုပ်မယုံကြည်နိုင်ပါ” ဟု ငြင်းဆို ပြန်သည်။“ဒါဆိုရင် စကားပြောခိုင်း မယ်” ဟု ဆိုပြီး ရသေ့က မိမိပြောတဲ့ စကားကို ပိုးမ နားလည်စေရန်၊ ပိုးမ က ပြန်ပြောတဲ့စကားကိုလည်း မင်းကြီးနှင့်တကွ ပရိသတ်များပါ ကြားရပြီး နားလည်စေရန် အဘိ ညာဉ်တန်ခိုးဖြင့် အဓိဋ္ဌာန်ပြု လိုက်ပြီး “ဟဲ့ပိုးမ၊ နင်ဟာ ရှေးဘ၀ တုန်းက ဘယ်သူဖြစ်ခဲ့သလဲ”။“အဿကမင်းရဲ့ မိဖုရားကြီး ဥပရိဖြစ်ခဲ့ပါတယ် ဘုရား“ပိုးမ၊ နင်ဟာ အခု အဿက မင်းကြီးကိုပဲ ချစ်သလား၊ နွားချေး ပိုးဖိုကိုပဲ ချစ်သလား”“အဿကမင်းက ရှေးဘ၀ တုန်းက တ ပည့်တော်မ၏ ခင်ပွန်း လင် ဖြစ်ခဲ့ပါတယ်။ အဲဒီအခါတုန်းက ဒီဥယျာဉ်တော်ထဲမှာ တူနှစ်ကိုယ် ယှဉ်တွဲပြီး လှည့်လည်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဘဝသစ် ရောက်နေတဲ့အတွက် အဿက မင်းဟာ တပည့်တော်မနဲ့ ဘာမှ မဆိုင်တော့ပါဘုရား။ ချမ်းသာ ဆင်းရဲ အသစ်က ချမ်းသာဆင်းရဲ အဟောင်းကို ဖုံးကွယ်သွားတာ ကြောင့် လက်ရှိလင်ဖြစ်သော ပိုးဖို ကိုသာလျှင် အဿကမင်းထက် သာ၍ ပိုလို့ချစ်ပါတော့သည်ဘုရား” ဟု ပြန်ပြောလေသည်။နွားချေးပိုးမက စိမ်းစိမ်း ကားကား ရက်ရက်စက်စက် ရင့်ရင့် သီးသီး ပြောလိုက်သည်ကို ကြား ရတော့ အဿကမင်းကြီးမှာ စိတ် နှလုံးမသာ ဖြစ်သွားသည်။“ငါ ကတော့ သူ့ကို ချစ်မြတ်နိုးလွန်းလို့ သူ့အလောင်းကိုတောင် မစွန့်ရက်ဘဲ ရှိနေတယ်။ သူ့ကတော့ ငါ့အပေါ် တယ်စိမ်းကားပါလား” ဟု ဆင်ခြင် တွေးတောပြီး ဥပရိမိဖုရားကြီးပေါ်မှာ စိတ်အပျက်ကြီး ပျက်သွားသည်။ အဿကမင်းသည် ထိုင်နေရင်းပဲ“ဟေ့ ဟိုကောင်မ အလောင်းကို ထုတ်ပစ်လိုက်ကြတော့” ဟု အမိန့် ပေးပြီးတော့ ရေမိုးချိုးကာ ကိုယ်ကို သန့်စင်စေပြီး နန်းတော်သို့ ပြန်သွား ပါသည်။ ဘုရားလောင်းရသေ့ကြီးက မင်းကိုဆုံးမပြီးနောက် ဟိမဝန္တာသို့ ပြန်ကြွသွားပါတော့တယ်။


Credit – ချစ်ဘုန်းဇံ (ဓမ္မာစရိယ၊ ဘီအေ)

[zawgyi]

အခါတစ္ပါး၌ ကာသိတိုင္း ပါဋလိၿမိဳ႕မွာ စိုးစံ ေနသည့္ အႆကအမည္ရွိေသာ ဘုရင္မင္းႀကီးတစ္ပါးရွိေလသည္၊ ထိုမင္းတြင္ ဥပရိအမည္ရွိေသာ အဂၢမေဟသီ မိဖုရားႀကီးတစ္ပါး လည္း ရွိသည္။ ထိုမိဖုရားဥပရိ၏ ႐ုပ္ေရ အဆင္းမွာ အင္မတန္လွပ တင့္တယ္လွသည္။ အႆက ဘုရင္ျမတ္က အလြန္လွပေသာ ဥပရိ မိဖုရားကို အင္မတန္ ခ်စ္ျမတ္ႏိုးေလ သည္။ အႆကဘုရင္သည္ ဥပရိ မိဖုရားအေပၚ ခ်စ္လို႔မဝ၊ ၾကင္ နာလို႔ မဆုံးျဖစ္ေနစဥ္မွာပင္ ဥပရိမိဖုရား နတ္႐ြာစံေတာ္မူသြားေလသည္။ အလြန္လွပတင့္တယ္ၿပီး ပ်ိဳႏုနယ္ခ်ိန္ မွာ နတ္႐ြာစံသြားသည့္အတြက္ ေၾကာင့္ မိဖုရားနတ္႐ြာစံသြားေတာ့ အႆကဘုရင္ႀကီးမွာ ပူေဆြးလို႔ မဆုံး၊ ငိုေႂကြးလို႔မဆုံး၊ တမ္းတမ္း တတ ႏြမ္းႏြမ္းလ်လ် ျဖစ္ေနေတာ့ သည္။ ဥပရိမိဖုရား မရွိေတာ့ၿပီ ဆိုတာကို အႆကဘုရင္ မည္သို႔မွ် လက္မခံႏိုင္။ မယုံၾကည္ႏိုင္။ေသာက, ပရိေဒဝမီးေတြ အလြန္အမင္း ေတာက္ေလာင္ေန သည္။ ဥပရိမိဖုရား၏ အေလာင္းကို မွန္ေခါင္းထဲမွာ ဆီစိမ္ၿပီး သူ႔ခုတင္ ေအာက္မွာပဲ ထားေစသည္။ ထ မင္း ေတာင္မစားႏိုင္ဘဲ လြမ္းဆြတ္ပူေဆြး ငိုေႂကြးတမ္းတၿပီး ခုတင္ေပၚမွာပဲ ေလ်ာင္းစက္အိပ္ေနပါေတာ့သည္။ မိဘေဆြမ်ိဳးမ်ား၊ ပညာ ရွိအမတ္မ်ား က သခၤါရသေဘာ၊ အနိစၥသေဘာကို ဘယ္လိုပင္ ေျပာေဟာၾကေသာ္ လည္း သတိတရားမရႏိုင္ဘဲ ျဖစ္ေန သည္။ အေလာင္းကိုၾကည့္လိုက္ ငိုေႂကြးျမည္တမ္းလိုက္ႏွင့္ ေသာက ပရိေဒဝမီးမ်ား ေလာင္ေနခဲ့သည္မွာ ခုနစ္ရက္ၾကာျမင့္သြားခဲ့ေလသည္။ထိုစဥ္က ဘုရားအေလာင္း ေတာ္သည္ ဟိမဝႏၲာေတာအရပ္၌ ဈာန္အဘိညာဥ္ရသည့္ ရေသ့ႀကီး ျဖစ္ေနသည္။ ဘုရား ေလာင္းရေသ့ ႀကီးက ေလာကကို အဘိညာဥ္ျဖင့္ ၾကည့္လိုက္ေသာအခါ အႆကမင္း အတိဒုကၡေရာက္ေနသည္ကို ျမင္ရ သည္။ မိမိမွတစ္ပါး အျခားမည္သူမွ ကယ္ႏိုင္မည္မဟုတ္သည္ကိုလည္း သိရသည္။ သို႔ျဖစ္၍ ဘုရားေလာင္း ရေသ့ႀကီးသည္ အဘိညာဥ္တန္ခိုး အစြမ္းျဖင့္ အႆကမင္း၏ ဥယ်ာဥ္ သို႔ ႂကြေတာ္မူခဲ့သည္။ထိုစဥ္ ပါဋလိၿမိဳ႕ထဲမွ ပုဏၰား လူငယ္တစ္ေယာက္ ရေသ့ႀကီးထံ ေရာက္လာသည္။ ရေသ့ႀကီးက လူငယ္အား အႆကဘုရင္ အေၾကာင္းကို ေမးေလသည္။ ထို လူငယ္က အႆကမင္း ေသာက ပရိေဒဝမီး အႀကီးအက်ယ္ ေတာက္ေလာင္ေနပုံကို ေျပာျပၿပီး အႆကမင္းအား ေဟာေျပာ ကယ္တင္ရန္ ေတာင္းပန္စကား ေလွ်ာက္ၾကားေလသည္။ ရေသ့ႀကီး က “အႆကမင္းကို ငါမသိ သူက ငါ့ထံလာ၍ ေမးပါက သူ႔မိဖုရားႀကီး ျဖစ္ရာဘဝကို ေျပာျပႏိုင္ပါတယ္” ဟု မိန႔္ၾကားလိုက္သည္။လူငယ္သည္ အႆကမင္းထံ သြားေရာက္ၿပီး “အရွင္မင္းႀကီး၊ ဥယ်ာဥ္ေတာ္မွာ အၾကားအျမင္ေပါက္ တဲ့ ဒိဗၺစကၡဳရွင္ ရေသ့ႀကီးတစ္ပါး ေရာက္ေနပါတယ္။ ဥပရိမိဖုရားႀကီး ျဖစ္ရာဘဝကို သိပါသတဲ့။ ျပလည္း ျပႏိုင္ပါသတဲ့။ ရေသ့ႀကီးထံ အေရာက္သြားသင့္ပါတယ္” ဟု ေလွ်ာက္တင္သည္။ဥပရိမိဖုရားႀကီးကို ျပႏိုင္တယ္ ဆိုတာ ၾကားရေတာ့ အႆက မင္းႀကီးမွာ အားရဝမ္းသာျဖစ္ၿပီး ဥယ်ာဥ္ေတာ္သို႔ ရထားျဖင့္ ထြက္လာ ခဲ့သည္။ ရေသ့ႀကီးထံ ေရာက္ေသာ အခါ ႐ိုေသစြာ ရွိခိုးၿပီး “အရွင္ ရေသ့ႀကီး၊ ဥပရိမိဖုရားႀကီးျဖစ္ရာ ဘဝကို သိတယ္ဆိုတာ ဟုတ္ပါ သလား” ဟုေမးသည္။ရေသ့ႀကီးက ဟုတ္မွန္ေၾကာင္း ဝန္ခံလိုက္ေသာ အခါ “ဘယ္မွာျဖစ္ေနပါသလဲ” ဟု အႆကမင္းက ထပ္ေမးသည္။ ထိုအခါ ရေသ့ႀကီးက “မင္းႀကီး၊ သင္၏ မိဖုရားႀကီး ဥပရိဟာ ႐ုပ္ အဆင္းကိုသာ ႏွစ္သက္သာယာၿပီး မာန္ယစ္ေနခဲ့တယ္။ ႐ုပ္အဆင္းလွပ ဖို႔သာ တသသျပဳျပင္ေနခဲ့တယ္။ ဒါန, သီလ ကုသိုလ္ေကာင္းမႈျပဳဖို႔ေတာ့ ေမ့ေလ်ာ့ေနခဲ့တယ္။ အဲဒီလိုေမ့ေလ်ာ့ ၿပီး မာန္ယစ္ေနခဲ့တဲ့အတြက္ ဥပရိ ဟာ ေသသြားတဲ့အခါ ယုတ္ညံ့တဲ့ ဘဝေရာက္သြားရရွာတယ္။ ဒီဥယ်ာဥ္ ထဲမွာပင္ ႏြားေခ်းပိုးမ ျဖစ္ေနရရွာ တယ္”ဟု ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ၿပီး မိန႔္ၾကားေလသည္။ႏြားေခ်းပိုးမ ျဖစ္ေနတဲ့ အေၾကာင္းကို ၾကားရသိရေတာ့ အႆကမင္းႀကီးက မယုံၾကည္ႏိုင္ ဘဲ ျဖစ္ေနသည္။ ရေသ့ႀကီးကလည္း ပိုးမကိုလည္း ျပမည္၊ စကားလည္း ေျပာေစမည္ဟု ဆိုၿပီး ပိုးဖိုနဲ႔ပိုးမ ႏွစ္ေကာင္လုံး အႆကမင္းႀကီးေရွ႕ ေရာက္လာေစရန္ အဘိ ညာဥ္နဲ႔ အဓိ႒ာန္ျပဳလိုက္သည္။ ပိုးဖိုနဲ႔ ပိုးမ ဟာ ႏြားေခ်းပုံထဲမွထြက္ၿပီး မင္းႀကီး ေရွ႕ကိုေရာက္လာသည္။ရေသ့က “မင္းႀကီး၊ ေနာက္ ကေန လိုက္ပါလာတဲ့ ပိုးမဟာ သင့္ရဲ႕ ဥပရိမိဖုရားႀကီးပဲ၊ ေသခ်ာ ၾကည့္ေလာ့“အရွင္ဘုရား၊ အင္မတန္ လိမၼာေရးျခားရွိတဲ့ ဥပရိမိဖုရားက ဒီႏြား ေခ်းပိုးမ ျဖစ္တယ္ဆိုတာ ကြၽႏ္ုပ္မယုံၾကည္ႏိုင္ပါ” ဟု ျငင္းဆို ျပန္သည္။“ဒါဆိုရင္ စကားေျပာခိုင္း မယ္” ဟု ဆိုၿပီး ရေသ့က မိမိေျပာတဲ့ စကားကို ပိုးမ နားလည္ေစရန္၊ ပိုးမ က ျပန္ေျပာတဲ့စကားကိုလည္း မင္းႀကီးႏွင့္တကြ ပရိသတ္မ်ားပါ ၾကားရၿပီး နားလည္ေစရန္ အဘိ ညာဥ္တန္ခိုးျဖင့္ အဓိ႒ာန္ျပဳ လိုက္ၿပီး “ဟဲ့ပိုးမ၊ နင္ဟာ ေရွးဘ၀ တုန္းက ဘယ္သူျဖစ္ခဲ့သလဲ”။“အႆကမင္းရဲ႕ မိဖုရားႀကီး ဥပရိျဖစ္ခဲ့ပါတယ္ ဘုရား“ပိုးမ၊ နင္ဟာ အခု အႆက မင္းႀကီးကိုပဲ ခ်စ္သလား၊ ႏြားေခ်း ပိုးဖိုကိုပဲ ခ်စ္သလား”“အႆကမင္းက ေရွးဘ၀ တုန္းက တ ပည့္ေတာ္မ၏ ခင္ပြန္း လင္ ျဖစ္ခဲ့ပါတယ္။ အဲဒီအခါတုန္းက ဒီဥယ်ာဥ္ေတာ္ထဲမွာ တူႏွစ္ကိုယ္ ယွဥ္တြဲၿပီး လွည့္လည္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ အခုအခါမွာေတာ့ ဘဝသစ္ ေရာက္ေနတဲ့အတြက္ အႆက မင္းဟာ တပည့္ေတာ္မနဲ႔ ဘာမွ မဆိုင္ေတာ့ပါဘုရား။ ခ်မ္းသာ ဆင္းရဲ အသစ္က ခ်မ္းသာဆင္းရဲ အေဟာင္းကို ဖုံးကြယ္သြားတာ ေၾကာင့္ လက္ရွိလင္ျဖစ္ေသာ ပိုးဖို ကိုသာလွ်င္ အႆကမင္းထက္ သာ၍ ပိုလို႔ခ်စ္ပါေတာ့သည္ဘုရား” ဟု ျပန္ေျပာေလသည္။ႏြားေခ်းပိုးမက စိမ္းစိမ္း ကားကား ရက္ရက္စက္စက္ ရင့္ရင့္ သီးသီး ေျပာလိုက္သည္ကို ၾကား ရေတာ့ အႆကမင္းႀကီးမွာ စိတ္ ႏွလုံးမသာ ျဖစ္သြားသည္။“ငါ ကေတာ့ သူ႔ကို ခ်စ္ျမတ္ႏိုးလြန္းလို႔ သူ႔အေလာင္းကိုေတာင္ မစြန႔္ရက္ဘဲ ရွိေနတယ္။ သူ႔ကေတာ့ ငါ့အေပၚ တယ္စိမ္းကားပါလား” ဟု ဆင္ျခင္ ေတြးေတာၿပီး ဥပရိမိဖုရားႀကီးေပၚမွာ စိတ္အပ်က္ႀကီး ပ်က္သြားသည္။ အႆကမင္းသည္ ထိုင္ေနရင္းပဲ“ေဟ့ ဟိုေကာင္မ အေလာင္းကို ထုတ္ပစ္လိုက္ၾကေတာ့” ဟု အမိန႔္ ေပးၿပီးေတာ့ ေရမိုးခ်ိဳးကာ ကိုယ္ကို သန႔္စင္ေစၿပီး နန္းေတာ္သို႔ ျပန္သြား ပါသည္။ ဘုရားေလာင္းရေသ့ႀကီးက မင္းကိုဆုံးမၿပီးေနာက္ ဟိမဝႏၲာသို႔ ျပန္ႂကြသြားပါေတာ့တယ္။

Post navigationPreviousPrevious post:
အပေါင်းအသင်း
NextNext post:
တရားမျှတပါပေတယ်..
RECENT POSTS
တရားမျှတပါပေတယ်..
အဿကမင်းနှင့် နွားချေးပိုးမိဖုရား
အပေါင်းအသင်း
အဖြစ်များဆုံး Auto Gearbox ပြဿနာများ
ကောင်းဖို့အတွက် ဖြစ်လာတာပါ…
ARCHIVES
June 2022
May 2022
April 2022
March 2022
February 2022
January 2022
December 2021
November 2021
October 2021
September 2021
August 2021
July 2021
June 2021
May 2021
March 2021
February 2021
January 2021
December 2020
November 2020
October 2020
September 2020
August 2020
July 2020
June 2020
May 2020
April 2020
March 2020
February 2020
January 2020
December 2019
November 2019
October 2019
September 2019
August 2019
July 2019
June 2019
May 2019
April 2019
February 2019
January 2019
December 2018
November 2018
October 2018
September 2018
August 2018
Sar Pay Myoh Taw 

Post a Comment

Previous Post Next Post

Comments