လူပျိုကြီးကို ဖင်ထိုင်လဲကျသွားစေတဲ့ အပျိုကြီးရဲ့စကားတစ်ခွန်း

လူပျိုကြီးကို ဖင်ထိုင်လဲကျသွားစေတဲ့ အပျိုကြီးရဲ့စကားတစ်ခွန်း


 — 21.06.2022 15:10 Thuta MM Daily
တစ်ခါတုန်းက တစ်နယ်ရပ်ခြားဆီက အပျိုကြီးတစ်ယောက်နဲ့ လူပျိကြီးတစ်ယောက်ဟာ ခရီးသွားရင်း ရင်းနှီးခဲ့ကြတယ်။သွားရမယ့်ခရီးကလဲတူနေတော့ စကားပြောရင်း အတူနားရင်း ခရီးဆက်ခဲ့ကြသတဲ့

ညနေရီမိုးချုပ်တဲ့အခါ ရောက်တဲ့အရပ်ဒေသကနယ်မြို့လေးတစ်မြို့မှာ ခရီးတစ်ထောက်နားရင်း အိပ် စက်ဖို့အတွက် တည်းခိုရမယ့်နေရာလိုက်ရှာတဲ့အခါ ရှားရှားပါးပါး တစ်ယောက်အိပ်ခန်းတစ်ခန်းသာကျန်တော့တဲ့ တည်းခိုခန်းတစ်ခုကိုပဲတွေသတဲ့..။

မတတ်နိုင်တဲ့အဆုံး အဲဒီ့အခန်းမှာပဲ နှစ်ယောက်အိပ်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြရတယ်။ အခန်းကကျဉ်းပြီး ကုတင်မပါတဲ့တည်းခိုခန်းထဲမှာ စောင်ပါးလေးတစ်ထည်နဲ့ ခေါင်းအုံးတစ်လုံးကိုအလယ်မှာချပြီး

လူပျိုကြီးနဲ့အပျိုကြီးဟာ ဘယ်လူးညာလှိမ့်နဲ့ ညဉ့်နက်တဲ့အထိအိပ်မပျော်ကြပါဘူး။ လူပျိုကြီးရဲ့သက်ပြင်းချသံတွေကိုလဲ အပျိုကြီးတစ်ယောက် ရင်တုန်အောင်ကြားရလိမ့်မယ်ထင်ပါတယ်၊အဲဒီအချိန်မှာပဲ


လူပျိုကြီးက အိပ်ရာကနေထလိုက်ပါတယ်။( အပျိုကြီး နဲနဲလန့်သွားတယ်ထင်ရဲ့ )စောင်ပါးလေးကိုအသာယူပြီး နှစ်ယောက်ကြားမှာ ခန်းစီး သဘောမျိုးကာထားလိုက်တယ် ၊ စည်းခြားလိုက်တဲ့သဘောမျိုးထင်ပါရဲ့..။

ဒီလိုနဲ့မိုးလင်းခဲ့ပါတယ်၊ သူတို့နှစ်ယောက်ဟာ စကားတစ်ခွန်းမှ မဆိုကြပဲ ကိုယ့်အထုပ်ကိုယ်ဆွဲပီး ခရီးဆက်ခဲ့ကြပြန်ပါတယ်။ ခရီးအတော် အတန် ရောက်တဲ့အခါ ငါးပေလောက်အကျယ်ရှိတဲ့ ရေမြောင်းတစ်ခုဟာ သူတို့ရဲ့ခရီးကို ကန့်လန့်ဖြတ်ပီးတားထားတယ်၊


အနီးဝန်းကျင်မှာလဲ တံတားအဖြစ် အသုံးပြုစရာဘာမှမရှိလေတော့ လူပျိုကြီးက ဒီရေမြောင်းကို ခုန်ကူးပီး တခြားဘက်ရောက်မှ အပျိုကြီးကူးဖို့ တံတားထိုးစရာတစ်ခုခုရှာမယ်ပေါ့ ..

အဲဒီ့လိုစိတ်ကူးနဲ့ ပါလာတဲ့အထုပ်ကို အပျိုကြီးကိုပေး ခါးတောင်းကျိုက်ပြီး ခုန်ပြီးကူးမယ်ဟန်ပြင်တုန်း တစ်လမ်းလုံးစကားတစ်ခွန်းမှ မပြောပဲအခုမှ ထပြောတဲ့ အပျိုကြီးရဲ့ စကားကြောင့်



ကိုလူပျိုကြီး ဖင်ထိုင် လဲကျသွားပါတော့တယ်။ အပျိုကြီးပြောလိုက်တာက..ညတုန်းက စောင်ပါးလေးကိုတောင် မကျော်နိုင်ပဲ ဒီမြောင်းကို ရှင်ကျော်နိုင်ပါ့မလားတဲ့ ..။

( ဟာသအမြင်ဖြင့်သာ ဖတ်ရှုပေးစေလိုပါတယ်…ပြုံးပျော်နိုင်ကြပါစေ ) Credit – Muthae Phyu

Post a Comment

أحدث أقدم

Comments