အိမ်မှာနေရင်း စီးပွားဖြစ် ပဲပင်ပေါက် ဖောက်နည်း

အိမ်မှာနေရင်း စီးပွားဖြစ် ပဲပင်ပေါက် ဖောက်နည်း


 — 24.06.2022 15:26 Thuta MM Daily
“Bean Sprouts “ပဲတီပင်ပေါက် ဖောက်နည်းကို တစ်ဆင့်ခြင်းစီ ပြောပြပေးပါ့မယ်။

ပဲတီပင်ဖောက်တဲ့နေရာမှာ ကျောက်စည်ပိုင်း/ ခြင်းတောင်း/ ကော်ရေပုံးနှင့် အခြားသော ဗူးငယ်လေးများအထဲတွင် ထည့်ဖောက်လို့ရပါသည်။













ပြုလုပ်ပုံ ပြုလုပ်နည်းကတော့

(၁) ပဲတီစေ့ကို ၈နာရီခန့် ကြိုတင်ပြီး ရေစိမ်ထားပေးပါ။

(၂) ဂုန်နီအိတ်နှင့် ပဲအစေ့မကျနိုင်သော သံဇကာပိုက်ကွက်ကို ကိုယ်ထည့်ဖောက်မည့် ကျောက်စည်ပိုင်း/ ခြင်းတောင်း (သို့)













အခြားသော ကော်ဗူးတို့၏ ထိပ်ဝဖြင့် အံဝင်ဂွင်ကျ တိုင်းတာပြီး အဝိုင်းသဏ္ဍန် ပိုင်းဖြတ်ပေးပါ။ ပုံမှာ ပြထားသည့်အတိုင်း ပိုင်းဖြတ်ပါ။

(၃) ကျောက်စည်းပိုင်း၏ အောက်ခြေမှာ ရေထွက်ပေါက် ဖောက်ပေးပြီး ပုံမှာပြထားသည့်အတိုင်း စက် ဘီး တာယာကွင်းကိုခံ၍ အပေါ်မှ သံဇကာ တစ်ထပ် ခင်းပေးပါ။













(၄) ပိုင်းဖြတ်ထားသော ကော်ဇကာပိုက်ကွက်ကို သံဇကာပေါ်မှာ ထပ်ခင်းပေးပြီး ကော်ဇကာပိုက်ကွက်အပေါ်မှ ဂုန်နီအိတ်စ ထပ်ခင်းပေးပါ။

(၅) အားလုံး ခင်းကျင်းပြီးပါက ရေစိမ်ထားသော ပဲတီစိမ်းအစေ့များကို ခပ်ကြဲကြဲဂုန်နီအိတ်စအပေါ်မှာ ဖြူ း ပေးလိုက်ပါ။













မိမိထည့်ဖောက်ထားသော ကျောက်စည်ပိုင်း အမြင့်ကို တိုင်းတာပြီး ပဲတီပင်၏ အမြင့်ဖြင့် တွက်ချက်၍ ၎င်း အထဲမှာ အထပ်ပေါင်းများစွာ ဝင်ဆံ့သလောက် တစ်ခုပေါ်တစ်ခုထပ်၍ အဆင့်ဆင့် ထိုနည်းတူစွာ ပြုလုပ်လို့ရပါသည်။

စဖောက်သည့်အချိန်မှစ၍ ၄နာရီ တစ်ကြိမ် ရေသန့်ဖြင့်ပုံမှန်ရေဝအောင် ၂ညအိပ် ၃ရက်မြောက်သည့်အချိန်ထိ ဂရုတစိုက် ရေလောင်ပေးပါ။













၂ ရက်မြောက်နေ့( သို့)၃ရက်မျှကြာသောအခါ ပဲတီအပင်များ ရရှိလာပါလိမ့်မည်။ ပဲတီပင်ကို တဆင့်ခြင်း ခွာယူ၍ အမြစ်မစားချင်ပါက ဂုံနီအိတ်စ၏ နောက်ကြောဘက်မှ ဖောက်ထွက်နေသော အမြစ်များကို ဓားဖြင့် လှီးချလိုက်ပါ။

ပဲတီအပင်၏ အခွံအမည်းများကို သန့်စင်ချင်ပါက ရေအပြည့်ထည့်ထားသော စည်ပိုင်းထဲမှာ မှောက်၍ ပြောင်စင်သွားသည့်အထိ ခါချပေးလိုက်ပါ။













ဗဟုသုတမှန်သမျှ လူတိုင်းအတွက် ရည်ရွယ်တာဖြစ် လို့ လွတ်လပ်စွာ မျှဝေနိူင်ပါသည်။

ငါသိတာ ငါပဲတစ် ယောက်တည်း ကြိတ်ဖတ်မယ်ဆိုတဲ့ အတွေးအခေါ်နဲ့ စိတ်ဓာတ်တွေကို ဖောက်ထုတ် ပစ်ကြပါလို့ ပြောချင်ပါသည်။

Post a Comment

Previous Post Next Post

Comments