ကြောင်တွေက သူတို့ရဲ့သခင်တွေအပေါ် ဘယ်လိုသဘောထားလဲ

ကြောင်တွေက သူတို့ရဲ့သခင်တွေအပေါ် ဘယ်လိုသဘောထားလဲ
 








လူသားတွေက ကြောင်လေးတွေကို မိသားစုဝင်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ကြောင်လေးတွေက လူသားတွေအပေါ် ဘယ်လိုသဘောထားလဲ ဆိုတာတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။


ကြောင်လေးတွေဟာ သူတို့ကိုယ်ပိုင်အတွေးအခေါ် ရှိလောက်တဲ့အထိကို ဉာဏ်ရည်မြင့်တဲ့ တိရစ္ဆာန်ထဲမှာ ပါဝင်ပါတယ်။


တည်ဆောက်ပုံအရ လူသားတွေရဲ့ဦးနှောက်နဲ့ ကြောင်တွေရဲ့ဦးနှောက်က ဆင်တူပါတယ်။ ကြောင်တွေမှာလည်း အာရုံခံစားမှု ၅ မျိုး ပါရှိပါတယ်။


ကြောင်လေးတွေက လူသားတွေကို ကြောင်အကြီးစားကြီးတွေလို့ ရှုမြင်ကြကြောင်း ယုံကြည်ကြပါတယ်။ ကြောင်တွေကို လေ့လာကြည့်တဲ့အခါ ကြောင်တွေက လူသားတွေကို ဆက်ဆံတဲ့ပုံစံက ကြောင်အချင်းချင်းဆက်ဆံတဲ့ ပုံစံလိုဖြစ်နေတတ်ပါတယ်။


နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ ကြောင်တွေက လူသားတွေကို သူတို့ရဲ့မိဘလိုမျိုး သဘောထားတာပါ။ ကြောင်တွေက သူတို့ကို ဦးစားပေးတဲ့သခင်ကို သိပြီး သူတို့နားမှာပဲ ပွတ်သီးပွတ်သပ် လုပ်နေတတ်ပါတယ်။


ကြောင်တွေက လူသားတွေရဲ့ စိတ်ခံစားချက်တွေကိုလည်း နားလည်နိုင်ပါသေးတယ်။ လူသားတွေရဲ့ စိတ်ခံစားချက်တွေကိုလည်း တုံ့ပြန်တတ်ကြပါတယ်။


အထူးသဖြင့် ကြောင်လေးတွေက ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေတဲ့သခင်ကို အားပေးရတာကို ပိုပြီး သဘောကျကြပါတယ်။


သင့်ရဲ့လှုပ်ရှားမှုတွေအပေါ် ကြောင်တွေ ဘယ်လိုတုံ့ပြန်သလဲ ဆိုတာကို သတိထားကြည့်ပါ။ ကြောင်တွေက တရှူးရှူးအသံလုပ်ပြီး ကြည့်နေတာ၊ မျက်လုံးကို မှေးပြီးကြည့်နေတာတွေက သင်လုပ်နေတာတွေ သူမကြိုက်ကြောင်း ဖော်ပြတာပါ။


သင်က ကြောင်ကို ပွတ်သပ်ပေးတာ သဘောကျတယ်ဆိုရင် မျက်လုံးကို ခပ်မှေးမှေးလေး ပြုလုပ်ပြီး ပျော်ရွှင်တဲ့ပုံစံ လုပ်ပြတတ်ပါတယ်။ ကြောင်တွေရဲ့စိတ်ကို သူတို့အမူအရာတွေကနေတစ်ဆင့် သိနိုင်ပေမယ့် ကြောင်တွေကို သွားရှုပ်လို့တော့ မရပါဘူး။


တသဲ့သဲ့မြည်တမ်းနေတဲ့အသံက သူပျော်ရွှင်နေကြောင်း ဖော်ပြနေတာ ဖြစ်ပေမယ့်လည်း စိတ်ဖိစီးမှုများတဲ့အခါမှာလည်း ကြောင်တွေက တသဲ့သဲ့ မြည်တမ်းနေတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

أحدث أقدم

Comments