ဘယ်သူတွန်းချလိုက်တာလဲ…?

ဘယ်သူတွန်းချလိုက်တာလဲ…?
25.06.2022 00:02 မြန်မာ မြင်ကွင်းစုံ


ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ကန်အလယ်က ဆောက်အဦးပေါ်မှာ သူ့ရဲ့မွေးနေ့ပါတီပွဲကျင်းပနေပါတယ်။





လူတွေက သူမွေးထားတဲ့မိချောင်းတွေကိုအဆောက်အဦးပေါ်ကနေ တအံ့တဩအထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့..အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကိုရုတ်တရက်ကြေငြာလိုက်ပါတယ်။ မိတ်ဆွေများခင် ဗျား..ယခုရောက်ရှိ





နေတဲ့နေရာကနေ ကန်ထဲကိုခုန်ချပီး ကန်ဘောင်ပေါ်ကိုရောက်အောင်သွားနိုင်တဲ့သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်းပေးမှာဖြစ်ပြီး.. ကန်ဘောင်ကိုရောက်အောင်မသွားနိုင်ပဲ မိချောင်းအကိုက်ခံရလို့ အသက်ဆုံးရှူံးသွားမယ်ဆိုရင်တော့ ကျန်ရစ်တဲ့မိသားစုကို





ထောက်ပံ့ကြေးအဖြစ် ဒေါ်လာတစ်သန်း ပေးအပ်မှာဖြစ်ပါတယ်။ စိတ်ဝင်စားသူများအစီအစဉ်မှာ ပါဝင်စွန့်စားနိုင်ကြပါတယ်ခင်ဗျား..။သူဌေးရဲ့စကားအဆုံးမှာပဲ လူတယောက်ဟာရေထဲကို ဝုန်း ကနဲခုန်ချပီး ကန်ဘောင်ကိုရောက်ဖို့ အသဲအသန်ကူးခတ်



နေပါတယ်။ ကံအား လျော်စွာပဲ အဲဒီလူဟာ ကန်ဘောင်ပေါ်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။အခမ်းအနားတက်ရောက်လာသူတွေက သူ့ရဲ့ ရဲရင့်စွာစွန့်စားတဲ့သတ္တိကို ချီးကျူးဂုဏ်ပြုဩဘာပေးနေကြသလို သူဌေးကလဲ သူ့ဂတိအတိုင်း ဒေါ်လာနှစ်





သန်းတန် ချက်လက်မှတ်ရေးပီး ဂုဏ်ပြုလိုက်ပါတယ်။ အဲဒီလူဟာ ဒေါ်လာနှစ်သန်းတန်ချက်လက်မှတ်ကို ကတုန်ကယင် ကိုင်ထားပီး ပရိတ်သတ်ဖက်ကိုကြည့်ကာ အသံတုန်ကြီးနဲ့ မေးလိုက်တာက.. ကျနော့်ကိုအနောက်ကတွန်းချလိုက်တာ





ဘယ်သူလဲတဲ့..။အဲဒီအခါ သူ့လက်ထဲက ချက်လက်မှတ်ကိုလာယူပီးတော့ ဆလင်းဘတ်အိပ်ထဲထည့်ရင်း အမျိုးသမီးတယောက်ကပြောလိုက်ပါတယ်။ရှင့်ကိုတွန်းချလိုက်တာ ကျမပဲ..တဲ့။ အဆိုပါအမျိုးသမီးဟာ အဲဒီလူရဲ့မိန်းမပဲဖြစ်ပါတယ်။အဲဒီ





ဖြစ်စဉ်ကိုမြင်တွေ့လိုက်ရတဲ့ပရိတ်သတ်တွေကတော့..အောင်မြင်တဲ့ယောင်္ကျားတယောက်ရဲ့နောက်ကွယ်မှာ တွန်း အားပေးနိုင်တဲ့မိန်းမတယောက် ရှိနေဖို့လိုတယ်ဆိုတာကို အကြွင်းမဲ့လက်ခံသွားပါတော့တယ်ဗျာ..။ မိတ်ဆွေတို့ရော ဘယ်လိုမြင်ကြလဲဗျ..။





Credit..မူရင်း

Zawgyi ဖြင့်ဖတ်ပါ



ေဒၚလာဘီလီယံေပါင္းမ်ားစြာ ခ်မ္းသာတဲ့ သူေဌးႀကီးတစ္ေယာက္ဟာ သူဝါသနာပါလို႔ ေမြးျမဴထားတဲ့ မိေခ်ာင္းေတြထားတဲ့ကန္အလယ္က ေဆာက္အဦးေပၚမွာ သူ႔ရဲ႕ေမြးေန႔ပါတီပြဲက်င္းပေနပါတယ္။





လူေတြက သူေမြးထားတဲ့မိေခ်ာင္းေတြကိုအေဆာက္အဦးေပၚကေန တအံ့တဩအထိတ္တလန႔္နဲ႔ ၾကည့္ေနၾကတာေပါ့..အဲဒီအခ်ိန္မွာ သူေဌးက အစီအစဥ္တခုကို႐ုတ္တရက္ေၾကျငာလိုက္ပါတယ္။ မိတ္ေဆြမ်ားခင္ ဗ္ား..ယခုေရာက္ရွိ





ေနတဲ့ေနရာကေန ကန္ထဲကိုခုန္ခ်ပီး ကန္ေဘာင္ေပၚကိုေရာက္ေအာင္သြားႏိုင္တဲ့သူကို ဆုအျဖစ္ ေဒၚလာႏွစ္သန္းေပးမွာျဖစ္ၿပီး.. ကန္ေဘာင္ကိုေရာက္ေအာင္မသြားႏိုင္ပဲ မိေခ်ာင္းအကိုက္ခံရလို႔ အသက္ဆုံးရႉံးသြားမယ္ဆိုရင္ေတာ့ က်န္ရစ္တဲ့မိသားစုကို





ေထာက္ပံ့ေၾကးအျဖစ္ ေဒၚလာတစ္သန္း ေပးအပ္မွာျဖစ္ပါတယ္။ စိတ္ဝင္စားသူမ်ားအစီအစဥ္မွာ ပါဝင္စြန႔္စားႏိုင္ၾကပါတယ္ခင္ဗ်ား..။သူေဌးရဲ႕စကားအဆုံးမွာပဲ လူတေယာက္ဟာေရထဲကို ဝုန္း ကနဲခုႏၡ္ပီး ကန္ေဘာင္ကိုေရာက္ဖို႔ အသဲအသန္ကူးခတ္





ေနပါတယ္။ ကံအား ေလ်ာ္စြာပဲ အဲဒီလူဟာ ကန္ေဘာင္ေပၚကိုတက္ေရာက္သြားႏိုင္ခဲ့ပါတယ္။အခမ္းအနားတက္ေရာက္လာသူေတြက သူ႔ရဲ႕ ရဲရင့္စြာစြန႔္စားတဲ့သတၱိကို ခ်ီးက်ဴးဂုဏ္ျပဳဩဘာေပးေနၾကသလို သူေဌးကလဲ သူ႔ဂတိအတိုင္း ေဒၚလာႏွစ္





သန္းတန္ ခ်က္လက္မွတ္ေရးပီး ဂုဏ္ျပဳလိုက္ပါတယ္။ အဲဒီလူဟာ ေဒၚလာႏွစ္သန္းတန္ခ်က္လက္မွတ္ကို ကတုန္ကယင္ ကိုင္ထားပီး ပရိတ္သတ္ဖက္ကိုၾကည့္ကာ အသံတုန္ႀကီးနဲ႔ ေမးလိုက္တာက.. က်ေနာ့္ကိုအေနာက္ကတြန္းခ်လိုက္တာ





ဘယ္သဴလဲတဲ့..။အဲဒီအခါ သူ႔လက္ထဲက ခ်က္လက္မွတ္ကိုလာယူပီးေတာ့ ဆလင္းဘတ္အိပ္ထဲထည့္ရင္း အမ်ိဳးသမီးတေယာက္ကေျပာလိုက္ပါတယ္။ရွင့္ကိုတြန္းခ်လိုက္တာ က္မပဲ..တဲ့။ အဆိုပါအမ်ိဳးသမီးဟာ အဲဒီလူရဲ႕မိန္းမပဲျဖစ္ပါတယ္။အဲဒီ





ျဖစ္စဥ္ကိုျမင္ေတြ႕လိုက္ရတဲ့ပရိတ္သတ္ေတြကေတာ့..ေအာင္ျမင္တဲ့ေယာက်ၤားတေယာက္ရဲ႕ေနာက္ကြယ္မွာ တြန္း အားေပးႏိုင္တဲ့မိန္းမတေယာက္ ရွိေနဖို႔လိုတယ္ဆိုတာကို အႂကြင္းမဲ့လက္ခံသြားပါေတာ့တယ္ဗ်ာ..။ မိတ္ေဆြတို႔ေရာ ဘယ္လိုျမင္ၾကလဲဗ်..။

Credit..မူရင္း

Post a Comment

Previous Post Next Post

Comments