” အရူးတွေကို အကြံပေးမိတဲ့အခါ…”
သရက်ပင်ကြီးတစ်ပင်မှာ ငှက်တွေအများကြီး အသိုက်လုပ်နားခိုကြပါတယ်။ သရက်ပင်က ကြီးမားတဲ့အတွက် ငှက်တွေနေဖို့ လွတ်လပ်ပျော်ရွှင်စွာနေလို့ရပါတယ်။ မိုးတွင်းမရောက်ခင်မှာ တောထဲက တိရိစ္ဆာန်တော်တော်များ
များက သူတို့ရဲ့နေထိုင်ရာအသိုက်အမြုံတွေကို လုံခြုံအောင် ပြုပြင်ကြပါတယ်။ အစားအစာတွေလည်း စုဆောင်းသိုလှောင်ကြပါတယ်။ ငှက်တွေကလည်း သူတို့ရဲ့အသိုက်ကို ပိုပြီးလုံခြုံအောင် ပြင်ဆင်ကြ၊ အစားအစာတွေ သိုလှောင်ပြီး အသိုက်
ထဲစုဆောင်းထားကြပါတယ်။ မိုးတွင်းရောက်လာတဲ့အခါ ငှက်တွေက အသိုက်ထဲမှာပဲ လုံခြုံစွာနေထိုင်ပြီး အပြင်မထွက်ကြတော့ပါဘူး။ မိုးသည်းထန်စွာရွာနေတဲ့တစ်နေ့မှာတော့ မျောက်တစ်ကောင်က ထိုသရက်ပင်ကိုရောက်လာပါတော့တယ်။ တစ်ကိုယ်
လုံးစိုရွဲနေပြီး ချမ်းတုန်နေတဲ့မျောက်ကို ငှက်ကလေးတွေက ကြည့်ပြီး စိတ်မကောင်းဖြစ်ကြပါတယ်။ အဲဒါနဲ့ပဲ မျောက်ကလေးကို မေးလိုက်ပါတယ်။ “ငါတို့အားလုံးရဲ့အသိုက်လေးတွေက မင်းကို မိုးမစိုအောင် မလုပ်ပေးနိုင်ကြလို့ စိတ်မကောင်းပါဘူး။ ငါတို့
အားလုံးမိုးတွင်းမရောက်ခင်မှာ နေဖို့စားဖို့အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားကြတယ်။ မင်းကော မပြင်ဆင်ထားခဲ့ဘူးလား” လို့မေးလိုက်ပါတယ်။” စေတနာဖြင့်မေးလိုက်တဲ့ငှက်ကလေးတွေရဲ့စကားကိုကြားတဲ့ မိုက်မဲတဲ့မျောက်ဟာ ဒေါသတ
ကြီးက “ငါ့ကို ဘာလုပ်ရမယ်လို့ ဆရာမလုပ်နဲ့” လို့ပြောပြီး ငှက်ကလေးတွေရဲ့အသိုက်တွေကို စိတ်ဆိုးမာန်ဆိုးဖြင့် ဖျက်ဆီးပါတော့တယ်။ သနားစရာကောင်းတဲ့ငှက်ကလေးတွေက ရူးသွပ်ပြီး စဉ်းစားဉာဏ်မရှိတဲ့မျောက်တစ်ကြောင့် အားလုံးပျက်စီးရ
ပါတော့တယ်။ ငှက်ကလေးတွေက “မိုက်ရူးရဲဆန်သူတွေကို ဘယ်လောက်ပဲ စေတနာနဲ့အကြံပေးပါစေ စေတနာကို တန်ဖိုးမထားတတ်ကြဘူး” လို့ သင်ခန်းစာပေးလိုက်တာဖြစ်ပါတယ်။
Credit ~မူရင်း/ Photo credit ~BAWA
Zawgyi ဖြင့်ဖတ်ပါ
သရက္ပင္ႀကီးတစ္ပင္မွာ ငွက္ေတြအမ်ားႀကီး အသိုက္လုပ္နားခိုၾကပါတယ္။ သရက္ပင္က ႀကီးမားတဲ့အတြက္ ငွက္ေတြေနဖို႔ လြတ္လပ္ေပ်ာ္႐ႊင္စြာေနလို႔ရပါတယ္။ မိုးတြင္းမေရာက္ခင္မွာ ေတာထဲက တိရိစာၦန္ေတာ္ေတာ္မ်ား
မ္ားက သူတို႔ရဲ႕ေနထိုင္ရာအသိုက္အၿမဳံေတြကို လုံၿခဳံေအာင္ ျပဳျပင္ၾကပါတယ္။ အစားအစာေတြလည္း စုေဆာင္းသိုေလွာင္ၾကပါတယ္။ ငွက္ေတြကလည္း သူတို႔ရဲ႕အသိုက္ကို ပိုၿပီးလုံၿခဳံေအာင္ ျပင္ဆင္ၾက၊ အစားအစာေတြ သိုေလွာင္ၿပီး အသိုက္
ထဲစုေဆာင္းထားၾကပါတယ္။ မိုးတြင္းေရာက္လာတဲ့အခါ ငွက္ေတြက အသိုက္ထဲမွာပဲ လုံၿခဳံစြာေနထိုင္ၿပီး အျပင္မထြက္ၾကေတာ့ပါဘူး။ မိုးသည္းထန္စြာ႐ြာေနတဲ့တစ္ေန႔မွာေတာ့ ေမ်ာက္တစ္ေကာင္က ထိုသရက္ပင္ကိုေရာက္လာပါေတာ့တယ္။ တစ္ကိုယ္
လုံးစို႐ြဲေနၿပီး ခ်မ္းတုန္ေနတဲ့ေမ်ာက္ကို ငွက္ကေလးေတြက ၾကည့္ၿပီး စိတ္မေကာင္းျဖစ္ၾကပါတယ္။ အဲဒါနဲ႔ပဲ ေမ်ာက္ကေလးကို ေမးလိုက္ပါတယ္။ ငါတို႔အားလုံးရဲ႕အသိုက္ေလးေတြက မင္းကို မိုးမစိုေအာင္ မလုပ္ေပးႏိုင္ၾကလို႔ စိတ္မေကာင္းပါဘူး။ ငါတို႔
အားလုံးမိုးတြင္းမေရာက္ခင္မွာ ေနဖို႔စားဖို႔အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ထားၾကတယ္။ မင္းေကာ မျပင္ဆင္ထားခဲ့ဘူးလား လို႔ေမးလိုက္ပါတယ္။ ေစတနာျဖင့္ေမးလိုက္တဲ့ငွက္ကေလးေတြရဲ႕စကားကိုၾကားတဲ့ မိုက္မဲတဲ့ေမ်ာက္ဟာ ေဒါသတ
ႀကီးက ငါ့ကို ဘာလုပ္ရမယ္လို႔ ဆရာမလုပ္နဲ႔ လို႔ေျပာၿပီး ငွက္ကေလးေတြရဲ႕အသိုက္ေတြကို စိတ္ဆိုးမာန္ဆိုးျဖင့္ ဖ်က္ဆီးပါေတာ့တယ္။ သနားစရာေကာင္းတဲ့ငွက္ကေလးေတြက ႐ူးသြပ္ၿပီး စဥ္းစားဉာဏ္မရွိတဲ့ေမ်ာက္တစ္ေၾကာင့္ အားလုံးပ္ကၥီးရ
ပါေတာ့တယ္။ ငွက္ကေလးေတြက မိုက္႐ူးရဲဆန္သူေတြကို ဘယ္ေလာက္ပဲ ေစတနာနဲ႔အႀကံေပးပါေစ ေစတနာကို တန္ဖိုးမထားတတ္ၾကဘူး လို႔ သင္ခန္းစာေပးလိုက္တာျဖစ္ပါတယ္။
Credit ~မူရင္း

إرسال تعليق