သင့်ကို ဆင်းရဲတွင်းထဲ ဆွဲခေါ်သွားနိုင်တဲ့ အချက်များ
— 25.06.2022 10:20 Love Media
(၁) မစဉ်းစားပဲ သုံးတယ်။
ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံ သုံးနည်းက နောက် (၁၀) နှစ်မှာ ကိုယ့်ရဲ့ အနာဂတ် ငွေရေး ကြေးရေးကို ထိန်းချုပ်ထားတဲ့ အရာတခုပဲ ဖြစ်ပါတယ်။ လိုအပ်တာနဲ့ လိုချင်တာကို မခွဲခြားနိုင်ဘူး ဆိုရင် မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီး ဖြစ်စေပါတယ်။ ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝရဲ့ ငွေရေးကြေးရေး ပြသနာကို ဖြစ်စေပါတယ်။
(၂) ဘဝကို အကြွေးရှိအောင် လုပ်ခြင်း
သင် အကြွေး များလာအောင် လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေး အဆင့်အတန်းကို တဖြည်းဖြည်း နှိမ့်ကျအောင် စုတ်ယူနေတာပါပဲ။ credit ကဒ်အကြွေး၊ ကဒ်တခုခု အကြွေး၊ အပြင်က အကြွေး၊ အရစ်ကျ ပေးချေခြင်း အကြွေး စသဖြင့် ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်း ထွက်ငွေ လမ်းကြောင်းသစ် တွေကို တည်ဆောက်တာနဲ့ အတူတူပါပဲ။ ဒီတော့ ဒီအချက်တွေ က သင့်ရဲ့ ရေရှည် ငွေရေးပိုင်းကို အကျိုးသက်ရောက်မှု များစွာ ပေးနိုင်မှာပါ။
(၃) ငွေရေးကြေးရေးအပိုင်း အသေးစိတ် မထိန်းသိမ်းခြင်း
ဝင်ငွေထွက်ငွေ စာရင်း မလုပ်ခြင်း၊ အကြွေး ဆပ်ရမယ့်ရက် အတိအကျ မလုပ်ခြင်း၊ ငွေရေးကြေးရေး အပိုင်းမှာ ကိုယ့်အကျိုးကို မသိခြင်း၊ ငွေရေးကြေးရေး စာရွက်စာတမ်း တွေကို စနှစ်တကျ မထိန်းသိမ်းနိုင်ခြင်း စတဲ့ ဒီလိုမျိုး အကြောင်းအရာ သေးသေးလေး ကပဲ လူအများစုရဲ့ ဘဝကို ငွေရေးကြေးရေး ပြသနာ ရှိအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီလို အရာတွေ ကိုယ့်ဘဝထဲ ဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနှစ်တကျ ထိန်းသိမ်းပါ။
(၄) အပိုငွေ
အလိုငွေ တွေကို ဘယ်တော့မှ plan မချခြင်း ငွေရေးကြေးရေး plan မချခြင်း၊ အနာဂတ်မှာ သုံးရမယ့် ငွေကို ကြိုတင် မစဉ်းစားတာက ကိုယ့်ဘဝမှာ အရေးပေါ် ကိစ္စ တွေကို အမြဲတမ်း ကြုံစေပါတယ်။
ငွေရေးကြေးရေး ပိုင်းမှာ ဒီအရင်း (၃) ခု ဖြစ်တဲ့ (၁) ဝင်ငွေ၊ ထွက်ငွေအရင်း (၂) ငွေရေးကြေးရေး အခြေအနေ အရင်း (၃) ငွေရေးကြေးရေး စာရင်းဇယား အရင်းတွေကို ကိုယ့်မှာရှိတယ် ဆိုရင် (သိတယ် ဆိုရင်) ဘဝကို ဒီထက် ပိုလွယ်အောင် လုပ်နိုင်ပါတယ်။
(၅) စုငွေကို အထင်သေးခြင်း
စုငွေရဲ့ အဓိ က အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေး ဝီရိယပါပဲ။ ဒါကြောင့် ငွေကြေးအရေအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့ သူက သူ့ဘဝ အနာဂတ် ငွေရေးကြေးရေး အောင်မြင်မှုကို မရောက်နိုင်တဲ့ ရက်ဆီ တွန်းထုတ်တာနဲ့ တူတူပါပဲ။
(၆) ပန်းတိုင်မရှိတဲ့ ဘဝကို လက်ခံတယ်
ပန်းတိုင် မရှိတဲ့ ဘဝက သံလိုက်အိမ်မြောင် မရှိတဲ့ သင်္ဘောနဲ့ တူတူပါပဲ။ ဘဝ အစိတ်အပိုင်း တိုင်းမှာ ငွေကြေး အထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့ လမ်းကြောင်းလေးတွေ ရှိသင့်ပါတယ်။ ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေး ပိုင်ဆိုင်နိုင်ဖို့ အတွက် ပန်းတိုင် အရင် ရှိရပါမယ်။
(၇) ငွေရေးကြေးရေးပိုင်း ဗဟုသုတတွေကို အလေးမပေးဘူး
ငွေက ငွေရေးကြေးရေး ပြသာနာကို ဘယ်တော့မှ မဖြေရှင်းနိုင် ပါဘူး။ ဒါပေမဲ့ ငွေရေးကြေးရေး ပြသနာပဲ ပြသနာကို ဖြေရှင်းပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ငွေရေးကြေးရေးပိုင်းမှာ တိုးတက်ချင်တယ် ဆိုရင် ငွေရေကြေးရေးပိုင်း ဗဟုသုတကို ရှာဖွေပါ။ (ဝင်ငွေရှာပါ၊ ငွေဝင် ငွေထွက်ကို control လုပ်ပါ၊ ငွေစုပါ၊ ပြီးရင် အရင်းအနှီး လုပ်ပါ) ဒီနေ့ကနေ စပါ။ Crd
noreply@blogger.com (kakar)

إرسال تعليق