လေးစားစွာ ဆက်ဆံတတ်ဖို့ သင်ယူပါ
28.06.2022 21:20 မြန်မာ မြင်ကွင်းစုံ
တခါက အရမ်းကို ကြင်နာတတ်ပြီး ကူညီတတ်တယ့် လူကောင်းတယောက် ရှိပါတယ်။ အမြဲတမ်း လူတဖက်သားကို ကူညီတတ်ပြီး သူ့အတွက် ဘာကိုမှ ပြန်မလိုချင်စိတ် မရှိတဲ့ သူမျိုး ဖြစ်ပါတယ်။ အခြားသူကို ကူညီတယ် ဆိုတာကို သူလုပ်ချင်တဲ့အတွက်ကြောင့် လုပ်တာ ဖြစ်ပါတယ်။
တနေ့မှာတော့ ဖုန်ထူတဲ့ လမ်းကို လမ်းလျှောက်လာ နေတုန်း ပိုက်ဆံအိတ် တလုံးကို ကောက်ရပါတယ်။ ပိုက်ဆံအိတ် ထဲမှာ ဘာမှတော့ မရှိပါဘူး။ ရုတ်တရက် မိန်းမတယောက် ရောက်လာပြီး ရဲသားတယောက်ကို ပြပြီး ထိုလူကို ဖမ်းခိုင်းလိုက် ပါတယ်။ ပြီးတော့ အမျိုးသမီးက မေးပါတယ်။
“ကျွန်မငွေတွေကို ဘယ်မှာ ဝှက်ထားသလဲ” “ကျွန်တော် တွေ့ကတည်းက ပိုက်ဆံအိတ် ထဲမှာ ဘာမှ မရှိပါဘူး” လို့ ကြင်နာတတ်တဲ့ လူက ဖြေလိုက်ပါတယ်။ ထိုအခါ အမျိုးသမီးက ထိုလူကို အော်လိုက်ပါတယ်။ “အဲဒီ ငွေတွေကို ကျေးဇူးပြုပြီး ပြန်ပေးပါ။ အဲဒါက ကျွန်မသား ကျောင်းလခတွေပါ”
အမျိုးသမီးကို ကြည့်လိုက်တဲ့ အခါ တကယ် ဝမ်းနည်းနေပုံ ရတဲ့အတွက် လိမ်နေတာ မဖြစ်နိုင်ဘူးလို့ ကြင်နာတတ်တဲ့ လူကြီးက တွေးမိပါတယ်။ အဲဒါကြောင့် “ဟုတ်လား ကျွန်တော် ယူမိပါတယ်။ စိတ်မရှိပါနဲ့ ခင်ဗျာ။ ဒီမှာ ခင်ဗျားငွေတွေပါ”
အမျိုးသမီးက ထွက်သွားတဲ့ အခါ ရဲသားက မေးခွန်းတွေ မေးဖို့ ကြင်နာတတ်တဲ့ ဦးလေးကို ခေါ်ထားလိုက် ပါတယ်။ အမျိုးသမီးက အရမ်းကို ပျော်ရွှင်သွား ပါတယ်။ ဒါပေမယ့် ငွေကို ရေတွက်လိုက်တဲ့ အခါ နဂိုငွေထက် နှစ်ဆ ပိုများနေတာကို တွေ့လိုက်ရ ပါတယ်။
တနေ့မှာတော့ အားနည်းဖျော့တော့ နေပုံရတဲ့ လူတယောက်က အမျိုးသမီးရဲ့ အနောက်ကနေ လိုက်လာတာကို အမျိုးသမီးက သတိထားမိ ပါတယ်။ အမျိုးသမီးက သူမရဲ့ ငွေကို ထိုလူ လုယူမယ်လို့ တွေးပြီး ရဲသား ရှိရာဆီ အမြန် လျှောက်သွားလိုက်
ပါတယ်။ ထိုရဲသားက ပထမတခေါက် သူမ ပိုက်ဆံအိတ် ပျောက်တုန်းက ရဲသားပဲ ဖြစ်နေပါတယ်။အမျိုးသမီးက ရဲသားကိုအကျိုးအကြောင်း ပြောပြတဲ့အခါ ရဲသားက အနောက်က လိုက်လာသူကို ကြည့်လိုက်ပါတယ်။ ထိုအခါမှာတော့ အနောက်က
လိုက်လာသူက အရမ်းကို အားနည်းပြီး နေမကောင်းဟန် ပေါ်နေပါတယ်။ ထိုလူ ကလည်း ပထမ တခေါက်တုန်းက ငွေတွေ စိုက်ပေးခဲ့တဲ့ ဦးလေးပဲ ဖြစ်ပါတယ်။ထိုသူကို တွေ့တဲ့အခါ ရဲ သားကအမျိုးသမီးကို ရှင်းပြလိုက်ပါတယ်။ “ဒီလူက လု
မယ့်သူ မဟုတ်ပါဘူး။ ပထမတခေါက် တုန်းက ခင်ဗျားကို ငွေစိုက်ပေးခဲ့တာ သူပါပဲ။ တကယ်တော့ သူက လူဆိုး မဟုတ်ပါဘူး။ ခင်ဗျားသားရဲ့ ကျောင်းလခ ပျောက်သွားလို့ ခင်ဗျား စိတ်မကောင်း ဖြစ်နေတာကို သနားလို့ သူ့မှာရှိသမျှ ငွေတွေ ခင်ဗျားကို ပေးခဲ့တဲ့လူပါ”
“ခင်ဗျားသားရဲ့ ကျောင်းလခ ပေးလိုက်နိုင် ရဲ့လား” လို့ ကြင်နာတတ်တဲ့ လူကြီးက အမျိုးသမီးကို မေးလိုက်ပါတယ်။ ထိုအခါမှအမျိုးသမီးက အံ့အားသင့် သွားပါတော့တယ်။
တခါတလေ ကျရင် ဘဝက အံ့အားသင့်စရာ ကောင်းတဲ့ သင်ခန်းစာတွေ ပေးတတ်ပါတယ်။ တချို့အရာတွေမှ သင်အံ့အားသင့် ရပါလိမ့်မယ်။ သင်မှားယွင်းပြီး ယူဆနေတဲ့ အရာတွေ ရှိတယ် ဆိုတာလည်း သင်သိလာ ပါလိမ့်မယ်။ တချို့လူတွေက
သင်ထင်ထားသလိုမျိုး၊ အပြင်ပန်း သွင်ပြင်နဲ့ စိတ်ဓာတ်တွေက အရမ်း ကွာခြားနေတတ်တယ် ဆိုတာကို သင်ကြုံရ ပါလိမ့်မယ်။အဲဒါကြောင့် လူတယောက်ရဲ့ အပေါ်ယံ အမြင်ကို ကြည့်ပြီး ထိုလူရဲ့ အကျင့်စာရိတ္တကို သင်မဆုံးဖြတ် သင့်ပါဘူး။ လူ
တိုင်းကို အသိအမှတ် ပြုနိုင်ဖို့ သင်ယူသင့် ပါတယ်။ လမ်းဘေးက သူတောင်းစား ဖြစ်နေပေမယ့် သူများပစ္စည်း မခိုးမဝှက်တတ်တဲ့ သူမျိုးတွေလည်း အများကြီး ပါပဲ။ အဲဒါကြောင့် လူတိုင်းကို လေးစားစွာ ဆက်ဆံတတ်ဖို့ သင်ယူသင့် ပါတယ်။
Credit ~မူရင်း
Zawgyi ဖြင့်ဖတ်ပါ
တခါက အရမ္းကို ၾကင္နာတတ္ၿပီး ကူညီတတ္တယ့္ လူေကာင္းတေယာက္ ရွိပါတယ္။ အၿမဲတမ္း လူတဖက္သားကို ကူညီတတ္ၿပီး သူ႔အတြက္ ဘာကိုမြ ျပန္မလိုခ်င္စိတ္ မ႐ြိတဲ့ သူမ်ိဳး ျဖစ္ပါတယ္။ အ်ခားသူကို ကူညီတယ္ ဆိုတာကို သူလုပ္ခ်င္တဲ့အတြက္ေၾကာင့္ လုပၱာ ျဖစ္ပါတယ္။
တေန႔မွာေတာ့ ဖုႏၳဴတဲ့ လမ္းကို လမ္းေလွ်ာက္လာ ေနတုန္း ပိုက္ဆံအိတ္ တလုံးကို ေကာက္ရပါတယ္။ ပိုက္ဆံအိတ္ ထဲမြာ ဘာေမြတာ့ မ႐ြိပါဘူး။ ႐ုတ္တရက္ မိန္းမတေယာက္ ေရာက္လာၿပီး ရဲသားေတယာကၠို ျပၿပီး ထိုလူကို ဖမ္းခိုင္းလိုက္ ပါတယ္။ ၿပီးေတာ့ အမ်ိဳးသမီးက ေမးပါတယ္။
“ကြၽန္မေငြေတြကို ဘယ္မွာ ဝြကၳားသလဲ” “ကြၽန္ေတာ္ ေတြ႕ကတည္းက ပိုက္ဆံအိတ္ ထဲမြာ ဘာမြ မ႐ြိပါဘူး” လို႔ ၾကင္နာတတ္တဲ့ လူက ေျဖလိုက္ပါတယ္။ ထိုအခါ အမ်ိဳးသမီးက ထိုလူကို ေအာ္လိုက္ပါတယ္။ “အဲဒီ ေငြေတြကို ေက်းဇူးျပဳၿပီး ျပန္ေပးပါ။ အဲဒါက ကြၽန္မသား ေက်ာင္းလခေတြပါ”
အမ်ိဳးသမီးကို ၾကည့္လိုက္တဲ့ အခါ တကယ္ ဝမ္းနည္းေနပုံ ရတဲ့အတြက္ လိမ္ေနတာ မျဖစ္ႏိုင္ဘူးလို႔ ၾကင္နာတတ္တဲ့ လူႀကီးက ေတြးမိပါတယ္။ အဲဒါေၾကာင့္ “ဟုတႅား ကြၽန္ေတာ္ ယူမိပါတယ္။ စိတ္မရွိပါနဲ႔ ခင္ဗ်ာ။ ဒီမြာ ခင္ဗ်ားေငြေတြပါ”
အမ်ိဳးသမီးက ၾထက္ၾသားတဲ့ အခါ ရဲသားက ေမးခြန္းေတြ ေမးဖို႔ ၾကင္နာတတ္တဲ့ ဦးေလးကို ေခၚထားလိုက္ ပါတယ္။ အမ်ိဳးသမီးက အရမ္းကို ေပ်ာ္႐ႊင္သြား ပါတယ္။ ဒါေပမယ့္ ေငြကို ေရတြက္လိုက္တဲ့ အခါ နဂိုေငြထက္ ႏွစ္ဆ ပိုမ်ားေနတာကို ေတြ႕လိုက္ရ ပါတယ္။
တေန႔မွာေတာ့ အားနည္းေဖ်ာ့ေတာ့ ေနပုံရတဲ့ လူေတယာကၠ အမ်ိဳးသမီးရဲ႕ ေအနာေကၠန လိုကႅာတာကို အမ်ိဳးသမီးက သတိထားမိ ပါတယ္။ အမ်ိဳးသမီးက သူမရဲ႕ ေငြကို ထိုလူ လုယူမယ္လို႔ ေတြးၿပီး ရဲသား ႐ြိရာဆီ အျမန္ ေလွ်ာက္သြားလိုက္
ပါတယ္။ ထိုရဲသားက ပထမတေခါက္ သူမ ပိုက္ဆံအိတ္ ေပ်ာက္တုန္းက ရဲသားပဲ ျဖစ္ေနပါတယ္။အမ်ိဳးသမီးက ရဲသားကိုအက်ိဳးအေၾကာင္း ေျပာျပတဲ့အခါ ရဲသားက ေအနာကၠ လိုကႅာသူကို ၾကည့္လိုက္ပါတယ္။ ထိုအခါမွာေတာ့ ေအနာကၠ
လိုကႅာသူက အရမ္းကို အားနည္းၿပီး ေနမေကာင္းဟန္ ေပၚေနပါတယ္။ ထိုလူ ကလည္း ပထမ တေခါက္တုန္းက ေငြေတြ စိုက္ေပးခဲ့တဲ့ ဦးေလးပဲ ျဖစ္ပါတယ္။ထိုသူကို ေတြ႕တဲ့အခါ ရဲ သားကအမ်ိဳးသမီးကို ရွင္းျပလိုက္ပါတယ္။ “ဒီလူက လု
မယ့္သူ မဟုတ္ပါဘူး။ ပထမတေခါက္ တုန္းက ခင္ဗ်ားကို ေငြစိုက္ေပးခဲ့တာ သူပါပဲ။ တကယ္ေတာ့ သူက လူဆိုး မဟုတ္ပါဘူး။ ခင္ဗ်ားသားရဲ႕ ေက်ာင္းလခ ေပ်ာက္သြားလို႔ ခင္ဗ်ား စိတ္မေကာင္း ျဖစ္ေနတာကို သနားလို႔ သူ႔မွာရွိသမွ် ေငြေတြ ခင္ဗ်ားကို ေပးခဲ့တဲ့လူပါ”
“ခင္ဗ်ားသားရဲ႕ ေက်ာင္းလခ ေပးလိုက္ႏိုင္ ရဲ႕လား” လို႔ ၾကင္နာတတ္တဲ့ လူႀကီးက အမ်ိဳးသမီးကို ေမးလိုက္ပါတယ္။ ထိုအခါမွအမ်ိဳးသမီးက အံ့အားသင့္ သြားပါေတာ့တယ္။
တခါေတလ က်ရင္ ဘဝက အံ့အားသင့္စရာ ေကာင္းတဲ့ သင္ခန္းစာေတြ ေပးတတ္ပါတယ္။ တခ်ိဳ႕အရာေတြမွ သင္အံ့အားသင့္ ရပါလိမ့္မယ္။ သင္မွားယြင္းၿပီး ယူေဆနတဲ့ အရာေတြ ရွိတယ္ ဆိုတာလည္း သင္သိလာ ပါလိမ့္မယ္။ တခ်ိဳ႕လူေတြက
သင္ထင္ထားသလိုမ်ိဳး၊ အျပင္ပန္း သြင္ျပင္နဲ႔ စိတ္ဓာတ္ေတြက အရမ္း ကြာျခားေနတတ္တယ္ ဆိုတာကို သင္ႀကဳံရ ပါလိမ့္မယ္။အဲဒါေၾကာင့္ လူတေယာက္ရဲ႕ အေပၚယံ အျမင္ကို ၾကည့္ၿပီး ထိုလူရဲ႕ အက်င့္စာရိတၱကို သင္မဆုံးျဖတ္ သင့္ပါဘူး။ လူ
တိုင္းကို အသိအမွတ္ ျပဳႏိုင္ဖို႔ သင္ယူသင့္ ပါတယ္။ လမ္းေဘးက သူေတာင္းစား ျဖစ္ေနေပမယ့္ သူမ်ားပစၥည္း မခိုးမဝွက္တတ္တဲ့ သူမ်ိဳးေတြလည္း အမ်ားႀကီး ပါပဲ။ အဲဒါေၾကာင့္ လူတိုင္းကို ေလးစားစြာ ဆက္ဆံတတ္ဖို႔ သင္ယူသင့္ ပါတယ္။
Credit ~မူရင္း

إرسال تعليق