ရသင့်တာထက် ပိုမရချင်ပါနဲ့
28.06.2022 12:10 မြန်မာ မြင်ကွင်းစုံ
တစ်ခါတုန်းက ရွာတစ်ရွာမှာ မြေပိုင်ရှင်တစ်ဦးဟာ သူ့ဇနီး၊ ကလေးနှစ်ယောက်နဲ့ နေထိုင်လျက်ရှိတယ်။ သူတို့ဟာ တကယ့်ကို ယဉ်ကျေးပြီး ဆက်ဆံရေးကောင်းမွန်တဲ့သူတွေပါ။ သူတို့မှာ နေ့စဉ် ရွှေဥတစ်လုံးဥ ပေးတဲ့ ကြက်မလှလှလေး တစ်ကောင်ရှိ
တယ်။ ဒါပေမယ့် အဲဒီလူဟာ သူနေ့စဉ်ရရှိခဲ့တဲ့ ရွှေဥတစ်လုံးနဲ့ မရောင့်ရဲ မကျေနပ်ဘူးဖြစ်နေခဲ့တယ်။ သူဟာရွာမှာ လူချမ်းသာတစ်ဦး ဖြစ်ပေမယ့် တစ်မြို့လုံး တစ်နိုင်ငံလုံးမှာ ကြော်ကြားတဲ့ သူဌေးကြီးဖြစ်ချင်လာတယ်။ အဲ့ဒီလောဘကပဲ တစ်နေ့
တစ်လုံးပဲ ဥပေးတဲ့ ကြက်မလေးရဲ့ ဗိုက်ထဲမှာ မရေမတွက်နိုင်လောက်တဲ့ ရွှေတွေရှိနေမယ်လို့ ယုံကြည်လာတယ်။ ထိုလူက သူ၏ကြက်မထံမှ ရွှေအားလုံးကိုတစ်ပြိုင်နက်တည်းရယူလိုလာတယ်။ ထို့ ကြောင့်တစ်နေ့မှာ သူသည်အလွန်အကျွံ တွေးကာ
နောက်ဆုံး မိသားစုနဲ့တိုင်ပင်ပြီး အစီအစဉ်တစ်ခုကို ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ထို့ကြောင့်နောက်တစ်နေ့တွင် ကြက်မက ရွှေဥတစ်လုံး ဥပြီးစဉ်မှာ ထိုလူသည် ကြက်မလေးကို ဖမ်းလိုက်ပြီး ဓားထက်ထက်တစ်လက် ယူ ၍ ကြက်မ၏လည်ပင်းကိုလှီး ဖြတ်ပြီး ကြက်မရဲ့ ဗိုက်ကိုခွဲလို့ ရွှေတွေကိုရှာလိုက်တယ်။ ဗိုက်ထဲမှာ
ကလီစာတွေနဲ့ သွေးတွေကလွဲ ဘာမှမရှိတဲ့အခါ အလွန်စိုးရိမ်သွားပြီး ကြက်မရဲ့တကိုယ်လုံးကို အစိတ်စိတ်အမွှာမွှာ တုံးတစ်ပြီး သေချာအောင် အထပ်ထပ်ရှာပါတော့တယ်။ ဒါပေမယ့် ရွှေနဲ့တူတာဘာမှရှာမရတော့ပါဘူး။ သူနဲ့ သူ့မိသားစုဟာ အခုမှ
အလွန်ဝမ်းနည်းခဲ့ကြသည်။ နောက်နေ့ကစလို့ ရွှေဥ မရနိုင်တော့ပေ။ သူတို့ရဲ့ဘဝသည် တစ်နေ့လျှင်ရွှေဥတစ်လုံးနှင့် အဆင်ပြေ ချောမွေ့စွာနေထိုင်ခဲ့ရ သော်လည်း ယခုတော့ သူကိုယ်တိုင်က ကိုယ်ဘဝကိုပျက်အောင် လုပ်ခဲ့မိပေသည်။
သူ၏လောဘကြီးမှု ၏ ရလဒ်အရ သူသည်တစ်နေ့ထက်တစ်နေ့ စိတ်ဆင်းရဲလာပြီး နောက်ဆုံးတွင်သနားစရာ ရူးသွားခဲ့ပေသည်။ သူဘယ်လောက်တောင် ရူးသွပ်ခဲ့လဲ၊ သူဘယ်လောက်မိုက်မဲလဲ။ ဒီအကြောင်းအရာလေးက အလိုကြီး အရနည်းရတက်
သည်ကိုဖော်ပြပေးထားတာဖြစ်ပြီး နေ့စဉ်ရွှေဥ ဥပေးသည့်ကြက်ကို သတ်မစားပဲ အခြားဝင်ငွေတိုးအောင်သာ ဆောင်ရွက်သင့်ပါသည်။
Credit ~မူရင်း
Zawgyi ဖြင့်ဖတ်ပါ
တစ္ခါတုန္းက ႐ြာတစ္႐ြာမွာ ေျမပိုင္ရွင္တစ္ဦးဟာ သူ႔ဇနီး၊ ကေလးႏွစ္ေယာက္နဲ႔ ေနထိုင္လ်က္ရွိတယ္။ သူတို႔ဟာ တကယ့္ကို ယဥ္ေက်းၿပီး ဆက္ဆံေရးေကာင္းမြန္တဲ့သူေတြပါ။ သူတို႔မွာ ေန႔စဥ္ ေ႐ႊဥတစ္လုံးဥ ေပးတဲ့ ၾကက္မလွလွေလး တစ္ေကာင္ရွိ
တယ္။ ဒါေပမယ့္ အဲဒီလူဟာ သူေန႔စဥ္ရရွိခဲ့တဲ့ ေ႐ႊဥတစ္လုံးနဲ႔ မေရာင့္ရဲ မေက်နပ္ဘူးျဖစ္ေနခဲ့တယ္။ သူဟာ႐ြာမွာ လူခ်မ္းသာတစ္ဦး ျဖစ္ေပမယ့္ တစ္ၿမိဳ႕လုံး တစ္ႏိုင္ငံလုံးမွာ ေၾကာ္ၾကားတဲ့ သူေဌးႀကီးျဖစ္ခ်င္လာတယ္။ အဲ့ဒီေလာဘကပဲ တစ္ေန႔
တစႅဳံးပဲ ဥေပးတဲ့ ၾကက္မေလးရဲ႕ ဗိုက္ထဲမွာ မေရမတြက္ႏိုင္ေလာက္တဲ့ ေ႐ႊေတြရွိေနမယ္လို႔ ယုံၾကည္လာတယ္။ ထိုလူက သူ၏ၾကက္မထံမွ ေ႐ႊအားလုံးကိုတစ္ၿပိဳင္နက္တည္းရယူလိုလာတယ္။ ထို႔ ေၾကာင့္တစ္ေန႔မွာ သူသည္အလြန္အကြၽံ ေတြးကာ
ေနာက္ဆုံး မိသားစုနဲ႔တိုင္ပင္ၿပီး အစီအစဥ္တစ္ခုကို ေဆာင္႐ြက္ဖို႔ ဆုံးျဖတ္လိုက္တယ္။
ထို႔ေၾကာင့္ေနာက္တစ္ေန႔တြင္ ၾကက္မက ေ႐ႊဥတစ္လုံး ဥၿပီးစဥ္မွာ ထိုလူသည္ ၾကက္မေလးကို ဖမ္းလိုက္ၿပီး ဓားထက္ထက္တစ္လက္ ယူ ၍ ၾကက္မ၏လည္ပင္းကိုလွီး ျဖတ္ၿပီး ၾကက္မရဲ႕ ဗိုက္ကိုခြဲလို႔ ေ႐ႊေတြကိုရွာလိုက္တယ္။ ဗိုက္ထဲမွာ
ကလီစာေတြနဲ႔ ေသြးေတြကလြဲ ဘာမြမ႐ြိတဲ့အခါ အလြန္စိုးရိမ္သြားၿပီး ၾကက္မရဲ႕တကိုယ္လုံးကို အစိတ္စိတ္အမႊာမႊာ တုံးတစ္ၿပီး ေသခ်ာေအာင္ အထပ္ထပ္ရွာပါေတာ့တယ္။ ဒါေပမယ့္ ေ႐ႊနဲ႔တူတာဘာမွရွာမရေတာ့ပါဘူး။ သူနဲ႔ သူ႔မိသားစုဟာ အခုမြ
အလြန္ဝမ္းနည္းခဲ့ၾကသည္။ ေနာက္ေန႔ကစလို႔ ေ႐ႊဥ မရႏိုင္ေတာ့ေပ။ သူတို႔ရဲ႕ဘဝသည္ တစ္ေန႔လွ်င္ေ႐ႊဥတစ္လုံးႏွင့္ အဆင္ေျပ ေခ်ာေမြ႕စြာေနထိုင္ခဲ့ရ ေသာ္လည္း ယခုေတာ့ သူကိုယ္တိုင္က ကိုယ္ဘဝကိုပ်က္ေအာင္ လုပ္ခဲ့မိေပသည္။
သူ၏ေလာဘႀကီးမႈ ၏ ရလဒ္အရ သူသည္တစ္ေန႔ထက္တစ္ေန႔ စိတ္ဆင္းရဲလာၿပီး ေနာက္ဆုံးတြင္သနားစရာ ႐ူးသြားခဲ့ေပသည္။ သူဘယ္ေလာက္ေတာင္ ႐ူးသြပ္ခဲ့လဲ၊ သူဘယ္ေလာက္မိုက္မဲလဲ။ ဒီအေၾကာင္းအရာေလးက အလိုႀကီး အရနည္းရတက္
သည္ကိုေဖာ္ျပေပးထားတာျဖစ္ၿပီး ေန႔စဥ္ေ႐ႊဥ ဥေပးသည့္ၾကက္ကို သတ္မစားပဲ အျခားဝင္ေငြတိုးေအာင္သာ ေဆာင္႐ြက္သင့္ပါသည္။
Credit ~မူရင္း

إرسال تعليق