ဝင်ငွေကို စနစ်တကျ ချွေတာ သုံးစွဲသင့်တဲ့ အကြောင်းရင်း (၄) ချက်

ဝင်ငွေကို စနစ်တကျ ချွေတာ သုံးစွဲသင့်တဲ့ အကြောင်းရင်း (၄) ချက်


22.06.2022 01:59 မြန်မာ မြင်ကွင်းစုံ
ငွေဆိုတာက အဝင်ခက်သလောက် အထွက်လွယ်တယ်လို့ ပြောလေ့ ရှိကြပါတယ်။ ငွေကြေး သုံးစြဲတဲ့အခါ စနစ်တကျ သုံးစွဲမယ်ဆိုရင်တော့ ငွေရှာရကျိုးနပ်တယ်လို့ ပြောနိုင်ပါလိမ့်မယ်။ အဘက်ဘက်က ဈေးနှုန်းတွေ မြင့်တက်လာတဲ့ ခေတ်ကြီးထဲမှာ ငွေကို ချွေတာ သုံးမယ်ဆိုရင်တော့ အခုလို ကောင်းကျိုးတွေ ပြန်ရလာမှာပါ။





(၁) လိုအပ်တဲ့ နေရာမှာ သုံးနိုင်တယ်





လိုအပ်တဲ့အခါလည်း သုံး မလိုအပ်တာတွေလည်း စွတ်ဝယ် သုံးစွဲနေတာတွေ များနေရင် ပိုက်ဆံက အကုန်မြန်နေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အရာ ထပ်ပေါ်လာတဲ့အခါမှာ ခက်ခဲတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် လိုအပ်တာတွေကို စဉ်းစားရင်း ငွေကို ချွေတာ သုံးတတ်ဖို့ လိုပါတယ်။





(၂) အရေးပေါ် လိုအပ်ရင် အဆင်ပြေတယ်





အကြောင်းအမျိုးမျိုးကြောင့် ကိုတင်မပြောနိုင်ပါဘူး။မမျှော်လင့်ပဲ ငွေကုန်ဖို့လိုအပ်တဲ့အရေးပေါ်အခြေနေတွေရှိလာနိုင်ပါတယ်။ဒီလိုအရေးပေါ်ငွေသုံးဖို့ဆိုတာ အပိုမသုံးမှသာ အများစုလက်ထဲမှာငွေကျန်တာပါ။ဒါကြောင့်ပုံမှန်ဝင်ငွေရှိတဲ့သူတွေက ပိုပြီး ဆင်ခြင်တတ်ဖို့လိုပါတယ်။



(၃) ပေးကမ်းနိုင်မယ်





လိုအပ်သူတွေကို ပေးနိုင်တယ် လှူနိုင်တယ်ဆိုတာကလည်း တကယ့်ကို ပီတိ ဖြစ်စရာ ပါပဲ။ ငွေပိုငွေလျှံ မရွိဘဲ ပေးကမ်းလှူဒါန်းဖို့ မဖြစ်နိုင်ပါဘူး။ ချွေတာ သုံးစွဲရင်း ငွေကို စုဆောင်းတတ်တဲ့ အကျင့်ရှိရင်တော့ ဒီလို ပီတိကို ရနိုင်ပါတယ်နော်။





(၄) စိတ်ချမ်းသာရမယ်





ပြတ်တုန်း လပ်တုန်း ၂၃ ဆိုသလိုပါပဲ။ ငွေ မရှိတဲ့ရက်တွေက စိတ်ညစ်စရာ ကောင်းပါတယ်။ ငွေ မရှိတဲ့အခါ ဘာအခက်အခဲမှလည်း ဖြေရှင်းဖို့ မလွယ် ဖြစ်နေတတ်ပါသေးတယ်။ ဒီတော့ ငွေကို ချွေတာ သုံးပြီး အိတ်ထဲ ငွေဆောင်ထားတတ်ရင်တော့ ငွေရှိပါသေးတယ်ဆိုတဲ့စိတ်နဲ့ စိတ်ချမ်းသာစွာ နေနိုင်မှာပါ။





Credit~မူရင်း

Zawgyi ဖြင့်ဖတ်ပါ



ေငြဆိုတာက အဝင္ခက္သေလာက္ အထြက္လြယ္တယ္လို႔ ေျပာေလ့ ရွိၾကပါတယ္။ ေငြေၾကး သုံးၿစဲတဲ့အခါ စနစၱက္ သုံးစြဲမယ္ဆိုရင္ေတာ့ ေငြရွာရက်ိဳးနပ္တယ္လို႔ ေျပာႏိုင္ပါလိမ့္မယ္။ အဘကၻကၠ ေဈးႏႈန္းေတြ ျမင့္တက္လာတဲ့ ေခတ္ႀကီးထဲမွာ ေငြကို ေခြၽတာ သုံးမယ္ဆိုရင္ေတာ့ အခုလို ေကာင္းက်ိဳးေတြ ျပန္ရလာမွာပါ။





(၁) လိုအပ္တဲ့ ေနရာမွာ သုံးႏိုင္တယ္





လိုအပ္တဲ့အခါလည္း သုံး မလိုအပ္တာေတြလည္း စြတ္ဝယ္ သုံးစြဲေနတာေတြ မ်ားေနရင္ ပိုက္ဆံက အကုန္ျမန္ေနမွာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လိုအပ္တဲ့ အရာ ထပ္ေပၚလာတဲ့အခါမွာ ခက္ခဲတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ဒါေၾကာင့္ လိုအပ္တာေတြကို စဥ္းစားရင္း ေငြကို ေခြၽတာ သုံးတတ္ဖို႔ လိုပါတယ္။





(၂) အေရးေပၚ လိုအပ္ရင္ အဆင္ေျပတယ္





အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကိုတင္မေျပာႏိုင္ပါဘူး။မေမွ်ာ္လင့္ပဲ ေငြကုန္ဖို႔လိုအပ္တဲ့အေရးေပၚအေျခေနေတြရွိလာႏိုင္ပါတယ္။ဒီလိုအေရးေပၚေငြသုံးဖို႔ဆိုတာ အပိုမသုံးမြသာ အမ်ားစုလက္ထဲမွာေငြက်န္တာပါ။ဒါေၾကာင့္ပုံမွန္ဝင္ေငြရွိတဲ့သူေတြက ပိုၿပီး ဆင္ျခင္တတ္ဖို႔လိုပါတယ္။





(၃) ေပးကမ္းႏိုင္မယ္





လိုအပ္သူေတြကို ေပးႏိုင္တယ္ လႉႏိုင္တယ္ဆိုတာကလည္း တကယ့္ကို ပီတိ ျဖစ္စရာ ပါပဲ။ ေငြပိုေငြလွ်ံ မ႐ြိဘဲ ေပးကမ္းလႉဒါန္းဖို႔ မျဖစ္ႏိုင္ပါဘူး။ ေခြၽတာ သုံးစြဲရင္း ေငြကို စုေဆာင္းတတ္တဲ့ အက်င့္ရွိရင္ေတာ့ ဒီလို ပီတိကို ရႏိုင္ပါတယ္ေနာ္။





(၄) စိတ္ခ်မ္းသာရမယ္





ျပတ္တုန္း လပ္တုန္း ၂၃ ဆိုသလိုပါပဲ။ ေငြ မရွိတဲ့ရက္ေတြက စိတ္ညစၥရာ ေကာင္းပါတယ္။ ေငြ မ႐ြိတဲ့အခါ ဘာအခက္အခဲမွလည္း ေျဖရွင္းဖို႔ မလြယ္ ျဖစ္ေနတတ္ပါေသးတယ္။ ဒီေတာ့ ေငြကို ေခြၽတာ သုံးၿပီး အိတ္ထဲ ေငြေဆာင္ထားတတ္ရင္ေတာ့ ေငြရွိပါေသးတယ္ဆိုတဲ့စိတ္နဲ႔ စိတ္ခ်မ္းသာစြာ ေနႏိုင္မွာပါ။

Credit~မူရင္း

Post a Comment

أحدث أقدم

Comments