”စည်းလုံးခြင်းသည် အင်အား”
”စည်းလုံးခြင်းသည် အင်အား”
28.06.2022 12:39 မြန်မာ မြင်ကွင်းစုံ
တစ်ခါတုန်းက ချိုးငှက်တွေဟာ စုစည်းနေထိုင်ကြပြီး ဉာဏ်ပညာနဲ့ပြည့်စုံကာ ပေါင်းသင်ဆက်ဆံရေးကောင်းမွန်တဲ့ ငှက်တစ်ကောင်ကို ဘုရင်အဖြစ် တင်မြှောက်ထားတယ်။ ချိုးငှက်တို့ဟာ သူတို့ဘုရင်ရဲ့ ဦးဆောင်မှုနဲ့ အုပ်ဖွဲ့ပျံသန်းပြီး အစာရှာဖွေလေ့ရှိ
တယ်။ တစ်နေ့မှာ သူတို့ဟာ အစာရှာရင်း အဝေးကြီးထိ ပျံသန်းခဲ့ရလို့ အရမ်းပင်ပန်းခဲ့တယ်။ ဒါပေမယ့် အစာရှာမရသေးတာကြောင့် ချိုးငှက်ဘုရင်က သူတို့ကိုနည်းနည်းထပ်ရှာကြဖို့ တွန်းအားပေးခဲ့တယ်။ မြေပြင်နားကပ်ပျံတဲ့ ကင်းထောက်ဂျိုးငှက်
တစ်ကောင်က ညောင်ပင်တစ်ပင်အောက်မှာ ပြန့် ကျဲနေတဲ့ စပါးစေ့များကို တွေ့ရှိကြောင်း အချက်ပေးလိုက်တာကြောင့် ချိုးငှက်များအားလုံးဟာ ထုံးစံအတိုင်း ချိုးငှက်ဘုရင်ရဲ့ အန္တရာယ်ရှိမရှိ စစ်ဆေးမှုကို မစောင့်တော့ဘဲ ညောင်ပင်အောက်ရှိ
စပါးများကို ဝိုင်းဖွဲ့စားသောက်ကြတာကြောင့် ချိုးငှက်ဘုရင်လဲ မစစ်ဆေးတော့ဘဲ ဝင်ရောက်စားသောက်လိုက်တယ်။ ရုတ်တရက် သူတို့အပေါ်ကို ညောင်ပင်ကြီးထဲက ပိုက်ကွန်တစ်ခုကျပြီး သူတို့အားလုံး ပိုက်ကွန်ထဲမိသွား ကြတယ်။ ကြီးမားတဲ့
တင်းပုတ်တစ်ခုကို ကိုင်ထားတဲ့ မုဆိုးတစ်ယောက် ညောင်ပင်ပေါ်မှာ ပုန်းနေရာက ဆင်းလာတာကို သူတို့တွေ့လိုက်ကြတယ်။ ချိုးများသည် ရုန်းထွက်ရန် ကြိုးစားပြီးအတောင်ပံများကိုအသည်းအသန် ခတ်ကြသော်လည်း မအောင်မြင်ကြပါ။ ဘုရင်မှ အကြံ
တစ်ခုရပြီး ချိုးငှက်အားလုံး သူနှင့်အတူ ပိုက်ကွန်ကို နှုတ်သီးနှင့်ကိုက်ကာ အတူတကွ တပြိုင်တည်း အတောင်ခတ် ပျံသန်းရန်အော်ပြောလိုက်သည်။ စည်းလုံးမှုမှာအင်အားရှိတယ်လို့လည်း အားပေးစကားပြောတယ်။ ချိုးအကောင်တိုင်းသည်
ပိုက်ကွန်၏ အပိုင်းတစ်ခုစီကို နှုတ်သီးဖြင့်ကိုက်ချီလိုက်ပြီး သူတို့နှင့်အတူ ပိုက်ကွန်ကိုသယ်ဆောင်ကာ အတူတကွပျံသန်းခဲ့ကြသည်။ မုဆိုးသည် အလွန်အံ့သြစွာဖြင့်မော့ကြည့်လိုက်သည်။ သူသည် ချိုးအုပ်နောက်သို့ ပြေးလိုက်ခဲ့‌သော်လည်း ချိုးအုပ်သည် တောင်ကုန်းများနှင့်ချိုင့်ဝှမ်းများအထက်တွင် မြင့်မားစွာပျံသန်းလွတ်မြောက်သွားသည်။
ဘုရင်က သူတို့ကို မိတ်ဆွေကြွက်တစ်ကောင်နေထိုင်တဲ့ ဘုရားတစ်ဆူနားက တောင်ကုန်းပေါ်ကို ပျံသန်းခေါ်ဆောင်သွားတယ်။ ထိုကြွက်သည် ချိုးငှက်ဘုရင်၏ သစ္စာရှိတဲ့ သူငယ်ချင်းဖြစ်တယ်။ တောင်ကုန်းပေါ်ရှိ မြေအောက်တွင်ကျင်းတူး နေထိုင်
ကြတဲ့ ကြွက်တွေဟာ ချိုးငှက်အုပ်ကြီးရဲ့ ကျယ်လောင်လှတဲ့အသံကို ကြားရတဲ့အခါ မြေကျင်းတွေထဲဝင်ရောက် ပုန်းအောင်းကြတော့တယ်။ ချိုးငှက်ဘုရင်က သူ့ချိုးငှက်တွေကို အသံတိတ်ခိုင်းပြီး မိတ်ဆွေကြွက်ကို ညင်ညင်သာသာအော်ခေါ်လိုက်
တော့ ကြွက်ကသူ့ကို ဝမ်းသာစွာထွက်တွေ့ တယ်။ ချိုးငှက်ဘုရင်က သူတို့ထောင်ချောက်ထဲ ကျခံခဲ့ရသဖြင့် လွတ်မြောက်စေရေး ပိုက်ကွန်အား ကိုက်ဖြတ်ပေးရန် မိတ်ဆွေကြွက်အား အကူအညီတောင်းခံခဲ့သည်။ မိတ်ဆွေကြွက်က ချိုးငှက်ဘုရင်
အားပထမဆုံးလွှတ်ပေးမည်ဟု ပြောသော်လည်း ဘုရင်က သူ၏လက်အောက်ခံများကိုသာ ပထမလွှတ်ပေးရန် အခိုင်အမာပြောကြားခဲ့သည်။ ကြွက်သည်နောက်၌ ဘုရင်၏ခံစားချက်များကို နားလည်ပြီး သူ၏ဆန္ဒကို လိုက် လျော ခဲ့သည်။ ကြွက်သည်
ပိုက်ကွန်ကို စတင်ဖြတ်တောက်လိုက်ပြီးနောက် ချိုးငှက်များ တစ်ကောင်ပြီးတစ်ကောင် လွတ်မြောက်လာကြသည်။ သူတို့အားလုံးကကြွက်ကို ကျေးဇူးတင်စကား ပြောကြားပြီး အတူတကွထွက်ခွာသွားကြတယ်။ဒီအကြောင်းအရာလေးက အတူ
တကွလုပ်ဆောင်သောအခါ ပိုမိုအားကောင်းလာကြောင်းနဲ့ ပေါင်သင်းဆက်ဆံရေး ကောင်းမွန်ခြင်းဟာ မိတ်ဆွေစစ်တိုးပွားစေနိုင်တယ်ဆိုတဲ့ အချက်က ဖော်ပြပေးထားတာဖြစ်ပါတယ်။
Credit ~မူရင်း
Zawgyi ဖြင့်ဖတ်ပါ
တကွလုပ်ဆောင်သောအခါ ပိုမိုအားကောင်းလာကြောင်းနဲ့ ပေါင်သင်းဆက်ဆံရေး ကောင်းမွန်ခြင်းဟာ မိတ်ဆွေစစ်တိုးပွားစေနိုင်တယ်ဆိုတဲ့ အခ်က္က ဖော်ပြပေးထားတာဖြစ်ပါတယ်။
Credit ~မူရင်း
Post a Comment
Previous Post Next Post
Comments