ချိုင်းကြားမည်းညစ်ခြင်းကို ပြန်လည်ဖြူ ဖွေးဝင်းလက်လာစေမယ့် သဘာဝနည်းလမ်းကောင်းလေးတွေမို့
— 27.06.2022 13:33 Thuta MM Daily
ချိုင်းကြားမည်းညစ်နေခြင်းကြောင့် မိမိကြိုက်နှစ်သက်တဲ့ လက်ပြတ်အင်္ကျီတွေနဲ့ ရေကူးဝတ်စုံဝတ်ဖို့ကို လုံး၀၀တ်ဆင်ခွင့်မရဖြစ်နေပါသလား
ပြဿနာရှိရင် အဖြေရှိတယ်ဆိုတဲ့အတိုင်း ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းလေးတွေကို မသိသေးတာပဲရှိပါတယ်။
ဒါကြောင့် ထိုချိုင်းမည်းတဲ့ပြဿနာတွေကို အိမ်တွင်ပင်အလွယ်တကူရှာတွေ့နိုင်တဲ့ အိမ်သုံးပစ္စည်းများဖြင့်ပင် ဖြေရှင်းနိုင်တာကြောင့် သေချာသိမှတ်ကာ လိုက်လံလုပ်ဆောင်ကြည့်နိုင်ပါတယ်။
၁။ သံပရာရည်
ရေမချိုးခင်အချိန်မှာ သံပရာသီးကိုအသုံးပြုပြီး ချိုင်းကို ၁၅ မိနစ်ခန့်ပွတ်လိမ်းပေးပါ။
တနေ့လျှင်အနည်းဆုံးနှစ်ကြိမ်လုပ်ဆောင်ပေးပါက အကောင်းဆုံးရလဒ်တွေကို အချိန်တိုအတွင်း မြင်တွေ့နိုင်ပါတယ်။
၂။ ခရမ်းချဉ်သီးရည်
လှီးဖြတ်ထားသည့် ခရမ်းချဉ်သီးကို နေ့စဉ်နေ့တိုင်း လက်အောက်တွင်ပွတ်ပေးပြီး တညထားပေးခြင်းဖြင့်လည်း သက်သာရာရစေမှာဖြစ်ပါတယ်။
၃။ နနွင်း
နနွင်းမှုန့်ကို သံပရာရည်ဖြင့်ရောစပ်ကာ သမအောင်မွှေပေးပါ။
ပြီးလျှင် အမည်းရောင်ဖြစ်ပေါ်နေသည့် နေရာတစ်ဝိုက်တွင် လိမ်းပေးပြီးနောက် ၁၂-၁၅ မိနစ်ခန့်ထားပေးကာ ရေဖြင့်ဆေးချပေးနိုင်ပါတယ်။
၄။ ဗီတာမင္အီးအဆီ
အုန်းဆီတွင် အသားအရေကိုဝင်းလက်စေသည့် ဗီတာမင်အီးပါဝင်ပါတယ်။
အဆီကိုအသုံးပြုပြီး နေ့စဉ်နေ့တိုင်း မိနစ် ၂၀ ခန့် အသားအရေကိုနှိပ်နယ်ပေးပါက ရက်ပိုင်းအနည်းငယ်အတွင်း ပြောင်းလဲလာသည့်အသားအရေအရောင်ကို တွေ့မြင်နိုင်ပါတယ်။
၅။ နို့
ချိုင်းကို နို့ဖြင့်နှိပ်နယ်သန့်စင်ပေးခြင်းသည် အသားအရေအရောင်ကို ဝင်းလက်လာစေနိုင်ပါတယ်။
သဘာဝအသားအရေထိန်းသိမ်းမှုပစ္စည်းတစ်ခုဖြစ် တာကြောင့် အသားအရေကို နူးညံ့စေရုံသာမက တောက်ပလာစေမှာဖြစ်ပါတယ်။





Post a Comment