ပိုက်ဆံကို ရှာဖို့သုံးမှာလား သုံးဖို့ရှာမှာလား

ပိုက်ဆံကို ရှာဖို့သုံးမှာလား သုံးဖို့ရှာမှာလား
27.06.2022 13:26 မြန်မာ မြင်ကွင်းစုံ


ချမ်းသာဖို့ အတွက် ငွေသုံးပါ နည်းနည်း ထူးဆန်းသွားလား သူ ငယ်ချင်း??! ငါတို့က ချမ်း သာဖို့ ပိုက်ဆံစု ပါပဲ သိခဲ့တာလေ

နည်း နည်းထူးဆန်းသွားလား သူငယ်ချင်း??!

ငါတို့က ချမ်းသာဖို့ ပိုက်ဆံစု ပါပဲ သိခဲ့တာလေ





သူဌေးဆိုတဲ့ လူတန်းစားတွေကို ကြည့်လိုက်စမ်းပါ သူငယ်ချင်းသူတို့ဘဝတွေဟာ ချမ်းသာပြီးရင်းချမ်းသာနေကြတယ်

ငါတို့ သာမာန်အလုပ်သမားဘဝတွေကို ကြည့်လိုက်စမ်းပါသူငယ်ချင်း.ငါတို့တွေဟာ ဆင်းရဲပြီးရင်းဆင်းရဲနေကြတယ်..





ဘာဖြစ်လို့လဲ.

ငါတို့လို သာမာန်အလုပ်သမားတွေရဲ့ ဝင်ငွေဟာ ငါတို့ရဲ့ အသုံးစရိတ်ဖြစ်သွားတယ်ဒါပေမဲ့ သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့ရဲ့ ဝင်ငွေပြန်ဖြစ်သွားလို့ပဲ သူငယ်ချင်း.Workers spend what they get, Rich men get what they spend တဲ့





အလုပ်သမား= ဝင်ငွေ to အသုံးစရိတ်

သူဌေး = အသုံးစရိတ် to ဝင်ငွေ

ဒါဆို သူဌေးတွေ ဘယ်လို ဘယ်လို ပိုက်ဆံသုံးတာလဲ?



သူဌေးတွေဟာ investment spending လို့ခေါ်တဲ့ ရင်နှီးမြုပ်နှံဖို့ အတွက် ပိုက်ဆံ သုံးကြတယ်..သူတို့ ရဲ့ ပိုက်ဆံတွေကိုစီးပွားရေးတိုးတက်ဖို့ လုပ်ငန်းတွေချဲ့ထွင်ဖို့ ပညာသစ်တွေရဖို့ အတွက်သုံးကြတယ်..ဒီတော့ သူတို့သုံးသမျှက သူတို့အတွက် ဝင်ငွေပြန်ဖြစ်လာတယ်





များများသုံးလေ များများဝင်ငွေရလေပေါ့..
ဒီလိုနဲ့ သူတို့ဟာ ချမ်းသာပြီးရင်းချမ်းသာတော့တာပဲ..သာမာန်အလုပ်သမားတွေ ဘယ်လို ပိုက်ဆံသုံးကြလဲ?

ရသမျှကို သုံးဖို့ပဲစဉ်းစားကြတယ်..





လစာလေးရပြီဆိုပါစို့.အဝတ်အစားလေးပြေးဝယ်. ဆိုင်ကောင်းလေးပြေးထိုင် အရက်လေးသောက်. ဖုန်းအသစ်လေးကိုင်..သာမာန်အလုပ်သမားတွေဟာဝင်ငွေကို ဘယ်လိုသုံးမလဲပဲ စဉ်းစားတယ် အသုံးစရိတ်ကနေ ဘယ်လိုဝင်ငွေ ရအောင် လုပ်မလဲ မစဉ်းစားကြဘူး..





ဒီလိုနဲ့ ဆင်းရဲပြီးရင်းဆင်းရဲ လာတာပေါ့

သူဌေးတွေဟာ ပိုက်ဆံရှာဖို့ သုံးတယ် အလုပ်သမားတွေဟာ ပိုက်ဆံသုံးဖို့ရှာတယ်..သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့အတွက် ဝင်ငွေပြန်ဖြစ်တယ်.. (များများသုံး.. များများချမ်းသာ)





အလုပ်သမားတွေရဲ့ ဝင်ငွေဟာတော့ သူတို့အတွက် အသုံးစရိတ်ပဲဖြစ်သွားတယ်. (များများသုံး .. များများဆင်းရဲ)

ဒီိမှာ သူငယ်ချင်း.





မင်းရဲ ပိုက်ဆံကို ဆင်းရဲဖို့အတွက် သုံးမလား? ချမ်းသာဖို့အတွက် သုံးမလား?ဆင်းရဲဖို့သုံးမယ်ဆိုရင်တော့. မင်းလိုချင်တာတွေလျှောက်ဝယ်ပေါ့..ချမ်းသာဖို့ သုံးမယ်ဆိုရင်တော့ ရင်နှီးမြုပ်နှံပေါ့ကွာ.





လေးစားစွာဖြင့်

နေမင်းခ (Heavens Author)…Credit

Zawgyi ဖြင့်ဖတ်ပါ



ခ်မ္းသာဖို႔ အတြက္ ေငြသုံးပါ နည္းနည္း ထူးဆန္းသြားလား သူ ငယ္ခ်င္း??! ငါတို႔က ခ်မ္း သာဖို႔ ပိုက္ဆံစု ပါပဲ သိခဲ့တာေလ

နည္း နည္းထူးဆန္းသြားလား သူငယ္ခ်င္း??!

ငါတို႔က ခ်မ္းသာဖို႔ ပိုက္ဆံစု ပါပဲ သိခဲ့တာေလ





သူေဌးဆိုတဲ့ လူတန္းစားေတြကို ၾကည့္လိုက္စမ္းပါ သူငယ္ခ်င္းသူတို႔ဘဝေတြဟာ ခ်မ္းသာၿပီးရင္းခ်မ္းသာေနၾကတယ္

ငါတို႔ သာမာန္အလုပ္သမားဘဝေတြကို ၾကည့္လိုက္စမ္းပါသူငယ္ခ်င္း.ငါတို႔ေတြဟာ ဆင္းရဲၿပီးရင္းဆင္းရဲေနၾကတယ္..





ဘာျဖစ္လို႔လဲ.

ငါတို႔လို သာမာန္အလုပ္သမားေတြရဲ႕ ဝင္ေငြဟာ ငါတို႔ရဲ႕ အသုံးစရိတ္ျဖစ္သြားတယ္ဒါေပမဲ့ သူေဌးေတြရဲ႕ အသုံးစရိတ္ဟာ သူတို႔ရဲ႕ ဝင္ေငြျပန္ျဖစ္သြားလို႔ပဲ သူငယ္ခ်င္း.Workers spend what they get, Rich men get what they spend တဲ့





အလုပ္သမား= ဝင္ေငြ to အသုံးစရိတ္

သူေဌး = အသုံးစရိတ္ to ဝင္ေငြ

ဒါဆို သူေဌးေတြ ဘယႅို ဘယႅို ပိုက္ဆံသုံးတာလဲ?





သူေဌးေတြဟာ investment spending လို႔ေခၚတဲ့ ရင္ႏွီးျမဳပ္ႏွံဖို႔ အတြက္ ပိုက္ဆံ သုံးၾကတယ္..သူတို႔ ရဲ႕ ပိုက္ဆံေတြကိုစီးပြားေရးတိုးတက္ဖို႔ လုပ္ငန္းေတြခ်ဲ႕ထြင္ဖို႔ ပညာသစ္ေတြရဖို႔ အတြက္သုံးၾကတယ္..ဒီေတာ့ သူတို႔သုံးသမွ်က သူတို႔အတြက္ ဝင္ေငြျပန္ျဖစ္လာတယ္





မ်ားမ်ားသုံးေလ မ်ားမ်ားဝင္ေငြရေလေပါ့..
ဒီလိုနဲ႔ သူတို႔ဟာ ခ်မ္းသာၿပီးရင္းခ်မ္းသာေတာ့တာပဲ..သာမာန္အလုပ္သမားေတြ ဘယႅို ပိုက္ဆံသုံးၾကလဲ?

ရသမြ္ကို သုံးဖို႔ပဲစဥ္းစားၾကတယ္..





လစာေလးရၿပီဆိုပါစို႔.အဝတ္အစားေလးေျပးဝယ္. ဆိုင္ေကာင္းေလးေျပးထိုင္ အရက္ေလးေသာက္. ဖုန္းအသစ္ေလးကိုင္..သာမာန္အလုပ္သမားေတြဟာဝင္ေငြကို ဘယႅိုသုံးမလဲပဲ စဥ္းစားတယ္ အသုံးစရိေတၠန ဘယ္လိုဝင္ေငြ ရေအာင္ လုပၼလဲ မစဥ္းစားၾကဘူး..





ဒီလိုနဲ႔ ဆင္းရဲၿပီးရင္းဆင္းရဲ လာတာေပါ့

သူေဌးေတြဟာ ပိုက္ဆံရွာဖို႔ သုံးတယ္ အလုပ္သမားေတြဟာ ပိုက္ဆံသုံးဖို႔ရွာတယ္..သူေဌးေတြရဲ႕ အသုံးစရိတ္ဟာ သူတို႔အတြက္ ဝင္ေငြျပန္ျဖစ္တယ္.. (မ္ားမ္ားသုံး.. မ်ားမ်ားခ်မ္းသာ)





အလုပ္သမားေတြရဲ႕ ဝင္ေငြဟာေတာ့ သူတို႔အတြက္ အသုံးစရိတ္ပဲျဖစ္သြားတယ္. (မ္ားမ္ားသုံး .. မ်ားမ်ားဆင္းရဲ)

ဒီိမွာ သူငယ္ခ်င္း.





မင္းရဲ ပိုက္ဆံကို ဆင္းရဲဖို႔အတြက္ သုံးမလား? ခ်မ္းသာဖို႔အတြက္ သုံးမလား?ဆင္းရဲဖို႔သုံးမယ္ဆိုရင္ေတာ့. မင္းလိုခ်င္တာေတြေလွ်ာက္ဝယ္ေပါ့..ခ်မ္းသာဖို႔ သုံးမယ္ဆိုရင္ေတာ့ ရင္ႏွီးျမဳပ္ႏွံေပါ့ကြာ.

ေလးစားစြာျဖင့္

ေနမင္းခ (Heavens Author)…Credit

Post a Comment

Previous Post Next Post

Comments