ကင်ဆာရောဂါတောင် နုရင်ပျောက်တယ်ဆိုတဲ့ ကောက်ရင်ပန်းပင်

ကင်ဆာရောဂါတောင် နုရင်ပျောက်တယ်ဆိုတဲ့ ကောက်ရင်ပန်းပင်
18.11.2021 13:20 Shwe TD

 



ကင်ဆာရောဂါ ဖြစ်ပြီဆိုရင် အိမ်မှာ ဒုက္ခ သုတ်ခ ငွေကုန် လူပန်းမဖြစ်ကြဖို့နှင့်လူတိုင်းသက်တမ်းစေ့နေနိုင်ဖို့အတွက်မှတ်သားမိသမျှ ဖေါ်ပြအပ်ပါတယ်။ပုံတွင်ပြထားတာကတော့ ကင်ဆာပင်ခေါ ် ကင်ဆာသီးပင်ခေါ် နတ်ဆေးပင်လို့ ခေါ ်ကြပါတယ်။ သူ့အပင်ကအရွက်ဟာ ကွမ်းရွက်နဲ့ အလားသဏ္တွန် တူပါတယ် သူ့အသီးဟာအညိုရောင်ပါ။ ကင်ဆာကဲ့သို့ အသီးမှာအမြစ်တွေဖွာထွက်၍သီးပါသည်။အာလူးအရောင်နဲ့လည်းသီးပါတယ် ။ အစိမ်းပုံလည်းသီးပါတယ်။ အညိုရောင်သီးသောအသီးကသာ ကင်ဆာနိုင်နင်း ပြောက်ကင်းပါတယ်။ ၎င်းအသီးနုကိုခူး၍စားသော်၎င်း အသီးကိုလိမ်း၍သော်၎င်း ကင်ဆာဝေဒနာ အဆင့်(၁)၊ အဆင့်(၂) လောက်ကို သက်သာပျောက်ကင်းနိုင်ပါတယ်။ ဘယ်လိုဝေဒနာတွေသက်သာပျောက်ကင်းသွားနိုင်လဲ ကြည့်ရအောင်ပါ – သားအိမ်ခေါင်းကင်ဆာဝေဒနာ၊ အူမကြီးကင်ဆာ၊ နို့ကင်ဆာ၊ အနာပဆုပ်၊ ကင်းနာ‌အစရှိသည့် အမြစ်ပွားဝေဒနာ ကင်ဆာရောဂါတွေကို နုစဉ်မှာသက်သာပျောက်ကင်းနိုင်ပါတယ်။ အသဲကင်ဆာ နုရင် အသီးစားယုံဖြင့်ပျောက်ကင်းပါသည်။ နို့ကင်ဆာ ပဆုပ်နာ ကင်းနာ များမှာ စားလည်းစား လိမ်းလည်းလိမ်းပါ ၎င်းအသီးကိုအမှုန့်ပြု၍လည်းစားသုံးနိုင်ပါသည်။ဒီပန်းရဲ့အမည်က ရုက္ခဗေဒအမည်ဖြင့် (Dioscorea bulbifera)လို့ခေါ်ပါတယ်။မြန်မာလိုဆိုရင်တော့ ကောက်ရင်ပန်း လို့ခေါ်ပါတယ်။ဒီပန်းဟာ ကောက်ဦးပေါ်ချိန်(စပါးရိတ်သိမ်းချိန်)တန်ဆောင်မုန်းလများ၌ ပွင့်ပါတယ်။အရမ်းမွှေးပြီး ရင်ကိုအေးမြလန်းဆန်းစေပါတယ်။အသီးကိုတော့ အစိမ်းစားရင် အဆိပ်အတောက်ဖြစ်တတ်ပြီး သူ့အသီးကို ပြုတ်ပြီး ကြော်စား၊ချက်စားလို့ရပါတယ်။ဒီအပင်တွေဟာ (Yam)လို့ခေါ်တဲ့ မျောက်ဥ၊ကျွေးဥ နှင့် ဝဥ မျိုးအုပ်စုထဲကဖြစ်ပါတယ်။သူ့အသီးကိုတော့ အင်္ဂလိပ်ဘာသာဖြင့် လေအာလူး (air potato)လေမျောက်ဥ( air yam) ခါးသောမျောက်ဥ( bitter yam)လူဝါးဝသောမျောက်ဥ(cheeky yam)အာလူးမျောက်ဥ(potato yam)ဟူ၍ အမျိုးမျိုးခေါ်ဆိုကြပါတယ်။သူ့အပင်ရဲ့သဏ္ဍန်မတူသလို သူ့အသီး သဏ္ဍန်ကလည်း အမျိုးမျိုးကွဲပြားပါတယ်။မတူညီပေမဲ့ စားသုံးလို့ရပါတယ်။

 



 

 

ချက်ပြုတ်မစားသောက်မှီ အဆိပ်အတောက်တွေကုန်စင်အောင် အရင်ဦးဆုံးပြုတ်ပါ။သူ့ရဲ့ပန်းပွင့်ဟာ အဝါရောင် နှင့် အညိုရောင် (၂)မျိုး ရှိပါတယ်။ဒီပန်း ဘယ်လောက်မွှေးသလဲဆိုတာတော့ တောသူ တောင်သားများမှလွှဲ၍ မြို့ပေါ်သူ/သားများကတော့ သိရှိသူနည်းပါး ပါလိမ့်မယ်။ကဒူ ခေါ် မျောက်ဥပင်လေးတွေက မျိုးရင်း Dioscoreaceae (true yam in the yam family) ထဲမှာပါကြတယ် ။မြန်မာနိုင်ငံမှာတော့ ဒီအပင်ကို Chin, Kachin, Mandalay, Mon, Shan and Yangon နေရာတွေမှာတွေ့နိုင်ပါတယ်၊ တောထဲမှာ အရိုင်းပေါက်တဲ့အပင်အနေနဲ့ပါ၊ အခုတော့ စိုက်ပျိုးပင်အနေနဲ့တွေ့ရဘီ၊ အပင်က နှစ်ရှည်ခံ နွယ်ပင်အကြီးစားဖြစ်ပါတယ်။မတ္တရာမြို့နယ် မန္တလေးတိုင်းမှာလည်းများ၏။မြေထဲမှာ တခုထက်ပိုသော tubers တွေရှိကြတယ် ၊ အစာသိုလှောင်မှုအတွက် မြေထဲတွင်သာမက လေထဲမှာလည်းရှိတယ် ၊ အကိုင်းအခက်တွေကြားကလည်း အရွယ်အတော်ကြီးတဲ ဥတွေ ထွက်တယ်၊ လေထဲက ဥကို bulbils တွေလို့ခေါ်ကြတယ်၊

ဒါ့ကြောင့်လည်း မြေမှာရော လေမှာရော စုဆောင်းတာမို့ two types of storage organ လို့ တင်စားနိုင်တာပေါ့၊ လေထဲက ဥ တွေက အာလူးနဲ့တူလှတယ် ၊ ဒါကြောင့်လည်း air potato လို့ခေါ်ကြတာပေါ့၊ ကိုယ့်ဆီမှာတင်စိုက်တာမဟုတ် West Africa နိုင်ငံမှာဆို food crop, အနေနဲ့ စိုက်ကြတယ်၊။အရသာက ပိန်းဥ ကန်ဇွန်းဥ အာလူးတွေလိုရှိတာမို့ အစားထိုးစားကြတာပါ၊ တကယ်တော့ သူ့အရသာက အစိမ်းဆို ခါးသက်တယ် ဒါပေမဲ့ အဲဒီခါးသက်မှုကို ပြုတ်လိုက်ရင် ဖယ်ရှားလို့ရတယ်။

 

ပြုတ်ပြီးရင်တော့ အရသာရှိလှသော မျောက်ဥပြုတ် ရဘီပေါ့၊ Air potato ဟာကြီးထွားနှုံးသိပ်မြန်တယ် လေ့လာချက်အရ တရက်ကို ၈ လက်မ အထိကြီးတယ်၊ အခြားအပင်ကြီးတွေနွယ်တက်ရင်း နောက်ဆုံး ပေ ၆၀ ကျော် အထိမြင့်လာတော့တယ်၊ မျိုးပွားရာမှာလည်း အသီးကအစေ့ ထက် bulbils တွေကနေပွားကြတယ် ။အပင်ပေါ်က ကြွေမကျခင် bulbils တွေမှာ အမြစ်တွေကထွက်နေဘီ ၊ စိုက်ရပျိုးရ အတော်လွယ်မည့်အပင်တပင်ပါဘဲ၊ ဆောင်းရာသီရောက်လို့ မြေပေါ်ပိုင်းအပင်တွေသေသော်လည်း မြေအောက်ဥ မြေပေါ်ဥများနဲ့ ပြန်လည်ရှင်သန်နိုင်ကြတယ်၊ တကယ်တော့ မျောက်ဥပင်တွေက dioecious ခေါ် အဖို အမ သီးစီရှိသောအပင်တွေပါ၊ အဆင့်မြင့်ပါတယ်၊ အရွက်တွေက ပုံမှာအတိုက်း နှလုံးပုံရှိကြတယ်၊ ရွက်သားက နုညံ့လှတယ်။ရွက်ကြောတွေက ထင်ရှားတယ်၊ ပန်းခိုင်တွေက ကြားထွက် paniculate spike ဖြစ်ကြတယ်၊ အဖိုပန်းခိုင်လေးတွေက အစပိုင်း greenish white ဖြစ်သော်လည်း နောက်ပိုင်း ဝတ်ဆံတန်တွေစုံလာရင် purple အရောင်ပြောင်းတတ်တယ်။

 

ပွင့်ရွက်အုံ perianth-segments ၆ ခုပါတယ်၊ ၂ ရစ်တည်ပြီး အခြေမှာဆက်နေကြတယ်၊ ဝတ်ဆံဖိုလည်း ၆ ခုပါတယ် ။ မအင်္ဂါမြုံ pistillode မတွေ့ရဖူး၊ အမပန်းခိုင်တွေက တွဲလျားကျတေတ်တယ်။အရောင်က greenish white ပါ။ ပွင့်ရွက်အုံက အဖိုပွင့်အတိုင်းပါဘဲ၊ ဝတ်ဆံဖိုအမြုံ staminodes ၆ ခုပါတယ်၊ အစေ့အိမ်ကိုဖြတ်ကြည့်ရင် အခန်း ၃ ခန်းပါပြီး တခန်းမှာ အစေ့လောင်း ၂စေ့စီက ဝင်ရိုးစီချက်တိုင်ကိုတွယ်ကပ်လို့နေကြတယ်၊ အသီးကတော့ အက်ကွဲသီး capsular ဖြစ်တယ် ၊ အစေ့တွေက အတောင်ပါပြီး စေ့တွင်းစာရှိသည်။အရှင်နာဂသိမ်ဆေးကျမ်းထဲမှာတော့ ကဒူဥ ခေါ် ကောက်ရင်ပန်းခေါ်ကြတယ်၊ ဝဖြိုးစေ၏ ဓတ်တို့ကိုပြောင်းစေ၏ ကာမကိုအားပေး၏ သုတ်ကိုပွားစေ၏ ။အသံကိုသာယာစေ၏ နူနာရောဂါ ကုသလရောဂါ ပျောက်စေ၏ အရေပြားရောဂါပျောက်စေ၏ ။အသက်ကိုရှည်စေ၏ ပိုးကိုနိုင်၏ ။ သည်းခြေ သလိပ်ကိုပယ်၏ ။အနာပေါက် လေပြွန်ချောင်းပူ မြင်းသရိုက် ကျောက်တည်နာ ဆီးနှင့်ဆက်စပ်ရောဂါတို့ကိုနိုင်၏ လို့ဆိုထားပါတယ် ။ထို့ပြင် ယားယံစေသောအဆိပ်တမျိုးရှိလို့ အခွံသင်ပါးပါးလှီးနေလှမ်းပြီး ပြာကိုဖယ်ပြီးစားသင့်ကြောင်းရေးထားလို့ ဗဟုသုတများစွာရစေတယ်။သုတေသနတခုကတင်ပြချက်မှာ သူ့မှာ အဆိပ်ရှိတယ် ၊ အဲဒါက steroid diosgenin ပါဝင်နေတယ်၊ ဒါ့ကြောင့် သေသေခြာခြာ ပြုတ်ပြီးမှသာ စားသုံးသင့်တယ်လို့ ပညာရှင်များက အကြံပြုထားတာ မှတ်သားမိပါတယ်။

 

မူရင်းရေးသားသူကို လေးစားစွာဖြင့် credit ပေးပါတယ်။

 

Zawgyi

 

ကင္ဆာေရာဂါေတာင္ ႏုရင္ေပ်ာက္တယ္ဆိုတဲ့ ေကာက္ရင္ပန္းပင္

 

ကင္ဆာေရာဂါ ျဖစ္ၿပီဆိုရင္ အိမ္မွာ ဒုကၡ သုတ္ခ ေငြကုန္ လူပန္းမျဖစ္ၾကဖို႔ႏွင့္လူတိုင္းသက္တမ္းေစ့ေနနိုင္ဖို႔အတြက္မွတ္သားမိသမွ် ေဖၚျပအပ္ပါတယ္။ပုံတြင္ျပထားတာကေတာ့ ကင္ဆာပင္ေခါ ္ ကင္ဆာသီးပင္ေခၚ နတ္ေဆးပင္လို႔ ေခါ ္ၾကပါတယ္။ သူ႕အပင္ကအ႐ြက္ဟာ ကြမ္း႐ြက္နဲ႕ အလားသဏ႖န္ တူပါတယ္ သူ႕အသီးဟာအညိုေရာင္ပါ။ ကင္ဆာကဲ့သို႔ အသီးမွာအျမစ္ေတြဖြာထြက္၍သီးပါသည္။အာလူးအေရာင္နဲ႕လည္းသီးပါတယ္ ။ အစိမ္းပုံလည္းသီးပါတယ္။ အညိုေရာင္သီးေသာအသီးကသာ ကင္ဆာနိုင္နင္း ေျပာက္ကင္းပါတယ္။ ၎အသီးႏုကိုခူး၍စားေသာ္၎ အသီးကိုလိမ္း၍ေသာ္၎ ကင္ဆာေဝဒနာ အဆင့္(၁)၊ အဆင့္(၂) ေလာက္ကို သက္သာေပ်ာက္ကင္းနိုင္ပါတယ္။ ဘယ္လိုေဝဒနာေတြသက္သာေပ်ာက္ကင္းသြားနိုင္လဲ ၾကည့္ရေအာင္ပါ – သားအိမ္ေခါင္းကင္ဆာေဝဒနာ၊ အူမႀကီးကင္ဆာ၊ နို႔ကင္ဆာ၊ အနာပဆုပ္၊ ကင္းနာ‌အစရွိသည့္ အျမစ္ပြားေဝဒနာ ကင္ဆာေရာဂါေတြကို ႏုစဥ္မွာသက္သာေပ်ာက္ကင္းနိုင္ပါတယ္။ အသဲကင္ဆာ ႏုရင္ အသီးစားယုံျဖင့္ေပ်ာက္ကင္းပါသည္။ နို႔ကင္ဆာ ပဆုပ္နာ ကင္းနာ မ်ားမွာ စားလည္းစား လိမ္းလည္းလိမ္းပါ ၎အသီးကိုအမႈန႔္ျပဳ၍လည္းစားသုံးနိုင္ပါသည္။ဒီပန္းရဲ႕အမည္က ႐ုကၡေဗဒအမည္ျဖင့္ (Dioscorea bulbifera)လို႔ေခၚပါတယ္။ျမန္မာလိုဆိုရင္ေတာ့ ေကာက္ရင္ပန္း လို႔ေခၚပါတယ္။ဒီပန္းဟာ ေကာက္ဦးေပၚခ်ိန္(စပါးရိတ္သိမ္းခ်ိန္)တန္ေဆာင္မုန္းလမ်ား၌ ပြင့္ပါတယ္။အရမ္းေမႊးၿပီး ရင္ကိုေအးျမလန္းဆန္းေစပါတယ္။အသီးကိုေတာ့ အစိမ္းစားရင္ အဆိပ္အေတာက္ျဖစ္တတ္ၿပီး သူ႕အသီးကို ျပဳတ္ၿပီး ေၾကာ္စား၊ခ်က္စားလို႔ရပါတယ္။ဒီအပင္ေတြဟာ (Yam)လို႔ေခၚတဲ့ ေမ်ာက္ဥ၊ေကြၽးဥ ႏွင့္ ဝဥ မ်ိဳးအုပ္စုထဲကျဖစ္ပါတယ္။သူ႕အသီးကိုေတာ့ အဂၤလိပ္ဘာသာျဖင့္္ ေလအာလူး (air potato)ေလေမ်ာက္ဥ( air yam) ခါးေသာေမ်ာက္ဥ( bitter yam)လူဝါးဝေသာေမ်ာက္ဥ(cheeky yam)အာလူးေမ်ာက္ဥ(potato yam)ဟူ၍ အမ်ိဳးမ်ိဳးေခၚဆိုၾကပါတယ္။သူ႕အပင္ရဲ႕သ႑န္မတူသလို သူ႕အသီး သ႑န္ကလည္း အမ်ိဳးမ်ိဳးကြဲျပားပါတယ္။မတူညီေပမဲ့ စားသုံးလို႔ရပါတယ္။ ခ်က္ျပဳတ္မစားေသာက္မွီ အဆိပ္အေတာက္ေတြကုန္စင္ေအာင္ အရင္ဦးဆုံးျပဳတ္ပါ။သူ႕ရဲ႕ပန္းပြင့္ဟာ အဝါေရာင္ ႏွင့္ အညိုေရာင္ (၂)မ်ိဳး ရွိပါတယ္။ဒီပန္း ဘယ္ေလာက္ေမႊးသလဲဆိုတာေတာ့ ေတာသူ ေတာင္သားမ်ားမွလႊဲ၍ ၿမိဳ႕ေပၚသူ/သားမ်ားကေတာ့ သိရွိသူနည္းပါး ပါလိမ့္မယ္။ကဒူ ေခၚ ေမ်ာက္ဥပင္ေလးေတြက မ်ိဳးရင္း Dioscoreaceae (true yam in the yam family) ထဲမွာပါၾကတယ္ ။ျမန္မာနိုင္ငံမွာေတာ့ ဒီအပင္ကို Chin, Kachin, Mandalay, Mon, Shan and Yangon ေနရာေတြမွာေတြ႕နိုင္ပါတယ္၊ ေတာထဲမွာ အရိုင္းေပါက္တဲ့အပင္အေနနဲ႕ပါ၊ အခုေတာ့ စိုက္ပ်ိဳးပင္အေနနဲ႕ေတြ႕ရဘီ၊ အပင္က ႏွစ္ရွည္ခံ ႏြယ္ပင္အႀကီးစားျဖစ္ပါတယ္။မတၱရာၿမိဳ႕နယ္ မႏၲေလးတိုင္းမွာလည္းမ်ား၏။ေျမထဲမွာ တခုထက္ပိုေသာ tubers ေတြရွိၾကတယ္ ၊ အစာသိုေလွာင္မႈအတြက္ ေျမထဲတြင္သာမက ေလထဲမွာလည္းရွိတယ္ ၊ အကိုင္းအခက္ေတြၾကားကလည္း အ႐ြယ္အေတာ္ႀကီးတဲ ဥေတြ ထြက္တယ္၊ ေလထဲက ဥကို bulbils ေတြလို႔ေခၚၾကတယ္၊

ဒါ့ေၾကာင့္လည္း ေျမမွာေရာ ေလမွာေရာ စုေဆာင္းတာမို႔ two types of storage organ လို႔ တင္စားနိုင္တာေပါ့၊ ေလထဲက ဥ ေတြက အာလူးနဲ႕တူလွတယ္ ၊ ဒါေၾကာင့္လည္း air potato လို႔ေခၚၾကတာေပါ့၊ ကိုယ့္ဆီမွာတင္စိုက္တာမဟုတ္ West Africa နိုင္ငံမွာဆို food crop, အေနနဲ႕ စိုက္ၾကတယ္၊။

 

အရသာက ပိန္းဥ ကန္ဇြန္းဥ အာလူးေတြလိုရွိတာမို႔ အစားထိုးစားၾကတာပါ၊ တကယ္ေတာ့ သူ႕အရသာက အစိမ္းဆို ခါးသက္တယ္ ဒါေပမဲ့ အဲဒီခါးသက္မႈကို ျပဳတ္လိုက္ရင္ ဖယ္ရွားလို႔ရတယ္။ျပဳတ္ၿပီးရင္ေတာ့ အရသာရွိလွေသာ ေမ်ာက္ဥျပဳတ္ ရဘီေပါ့၊ Air potato ဟာႀကီးထြားႏႈံးသိပ္ျမန္တယ္ ေလ့လာခ်က္အရ တရက္ကို ၈ လက္မ အထိႀကီးတယ္၊ အျခားအပင္ႀကီးေတြႏြယ္တက္ရင္း ေနာက္ဆုံး ေပ ၆၀ ေက်ာ္ အထိျမင့္လာေတာ့တယ္၊ မ်ိဳးပြားရာမွာလည္း အသီးကအေစ့ ထက္ bulbils ေတြကေနပြားၾကတယ္ ။အပင္ေပၚက ေႂကြမက်ခင္ bulbils ေတြမွာ အျမစ္ေတြကထြက္ေနဘီ ၊ စိုက္ရပ်ိဳးရ အေတာ္လြယ္မည့္အပင္တပင္ပါဘဲ၊ ေဆာင္းရာသီေရာက္လို႔ ေျမေပၚပိုင္းအပင္ေတြေသေသာ္လည္း ေျမေအာက္ဥ ေျမေပၚဥမ်ားနဲ႕ ျပန္လည္ရွင္သန္နိုင္ၾကတယ္၊ တကယ္ေတာ့ ေမ်ာက္ဥပင္ေတြက dioecious ေခၚ အဖို အမ သီးစီရွိေသာအပင္ေတြပါ၊ အဆင့္ျမင့္ပါတယ္၊ အ႐ြက္ေတြက ပုံမွာအတိုက္း ႏွလုံးပုံရွိၾကတယ္၊ ႐ြက္သားက ႏုညံ့လွတယ္။႐ြက္ေၾကာေတြက ထင္ရွားတယ္၊ ပန္းခိုင္ေတြက ၾကားထြက္ paniculate spike ျဖစ္ၾကတယ္၊ အဖိုပန္းခိုင္ေလးေတြက အစပိုင္း greenish white ျဖစ္ေသာ္လည္း ေနာက္ပိုင္း ဝတ္ဆံတန္ေတြစုံလာရင္ purple အေရာင္ေျပာင္းတတ္တယ္။ပြင့္႐ြက္အုံ perianth-segments ၆ ခုပါတယ္၊ ၂ ရစ္တည္ၿပီး အေျခမွာဆက္ေနၾကတယ္၊ ဝတ္ဆံဖိုလည္း ၆ ခုပါတယ္ ။ မအဂၤါၿမဳံ pistillode မေတြ႕ရဖူး၊ အမပန္းခိုင္ေတြက တြဲလ်ားက်ေတတ္တယ္။အေရာင္က greenish white ပါ။ ပြင့္႐ြက္အုံက အဖိုပြင့္အတိုင္းပါဘဲ၊ ဝတ္ဆံဖိုအၿမဳံ staminodes ၆ ခုပါတယ္၊ အေစ့အိမ္ကိုျဖတ္ၾကည့္ရင္ အခန္း ၃ ခန္းပါၿပီး တခန္းမွာ အေစ့ေလာင္း ၂ေစ့စီက ဝင္ရိုးစီခ်က္တိုင္ကိုတြယ္ကပ္လို႔ေနၾကတယ္၊ အသီးကေတာ့ အက္ကြဲသီး capsular ျဖစ္တယ္ ၊ အေစ့ေတြက အေတာင္ပါၿပီး ေစ့တြင္းစာရွိသည္။အရွင္နာဂသိမ္ေဆးက်မ္းထဲမွာေတာ့ ကဒူဥ ေခၚ ေကာက္ရင္ပန္းေခၚၾကတယ္၊ ဝၿဖိဳးေစ၏ ဓတ္တို႔ကိုေျပာင္းေစ၏ ကာမကိုအားေပး၏ သုတ္ကိုပြားေစ၏ ။

 

အသံကိုသာယာေစ၏ ႏူနာေရာဂါ ကုသလေရာဂါ ေပ်ာက္ေစ၏ အေရျပားေရာဂါေပ်ာက္ေစ၏ ။အသက္ကိုရွည္ေစ၏ ပိုးကိုနိုင္၏ ။ သည္းေျခ သလိပ္ကိုပယ္၏ ။အနာေပါက္ ေလႁပြန္ေခ်ာင္းပူ ျမင္းသရိုက္ ေက်ာက္တည္နာ ဆီးႏွင့္ဆက္စပ္ေရာဂါတို႔ကိုနိုင္၏ လို႔ဆိုထားပါတယ္ ။ထို႔ျပင္ ယားယံေစေသာအဆိပ္တမ်ိဳးရွိလို႔ အခြံသင္ပါးပါးလွီးေနလွမ္းၿပီး ျပာကိုဖယ္ၿပီးစားသင့္ေၾကာင္းေရးထားလို႔ ဗဟုသုတမ်ားစြာရေစတယ္။သုေတသနတခုကတင္ျပခ်က္မွာ သူ႕မွာ အဆိပ္ရွိတယ္ ၊ အဲဒါက steroid diosgenin ပါဝင္ေနတယ္၊ ဒါ့ေၾကာင့္ ေသေသျခာျခာ ျပဳတ္ၿပီးမွသာ စားသုံးသင့္တယ္လို႔ ပညာရွင္မ်ားက အႀကံျပဳထားတာ မွတ္သားမိပါတယ္။

မူရင္းေရးသားသူကို ေလးစားစြာျဖင့္ credit ေပးပါတယ္။

Post a Comment

Previous Post Next Post

Comments