စကားပြောနည်း
29.06.2022 07:09 မြန်မာ မြင်ကွင်းစုံ
လူတွေနဲ့ စကားပြောရင် သိပ် မပွင့်လင်းနဲ့။
ကွယ်ရာကျ ကဲ့ရဲတတ်တယ်။
လူတွေနဲ့ စကားပြောရင် သိပ် မရောလိုက်နဲ့။
ကိုယ့် အားနည်းချက်ကို နင်းသွားတတ်တယ်။
လူတွေနဲ့ စကားပြောရင် သိပ် မစပ်စုနဲ့။
အထင်သေး အမြင်သေး ပြန်ကြည့်တတ်တယ်။
လူတွေနဲ့ စကားပြောရင် သိပ် မဝေဖန်နဲ့။
ရွံစရာလူလို့ သတ်မှတ်တတ်မယ်။
လူတွေနဲ့ စကားပြော ရင် သိပ်မချီးကျူးနဲ့။
မရိုးသားသူလို့ မြင်သွားတတ်မယ်။
လူတွေနဲ့ စကားပြောရင် ဖြတ်မပြောနဲ့။
မယဉ်ကျေးသူလို့ သတ်မှတ်တတ်တယ်။
လူတွေနဲ့ စကားပြောရင် သိပ် မမေးပါနဲ့။
မပေါင်းသင့်သူလို့ သတ်မှတ်တတ်မယ်။
လူတွေနဲ့ စကားပြောရင် သိပ် အတင်း မပြောနဲ့။
သူ့ အကြောင်း လည်းအခြားလူတွေကို သင် ပြောမှာပဲလို့ သတ်မှတ်တတ်မယ်။
သိထားရမှာက လူတိုင်းက စိတ်သောက များကြ တဲ့အတွက် ပေါ့ပေါ့ပါးပါး စိတ်ချမ်းသာစရာ စကားပဲကြားချင်ကြတယ်။
သို့ဖြစ်၍ …သူတစ်ပါး စိတ် ချမ်းသာဖို့အဓိကထား ရည်ရွယ်ပြောဆိုပါ။
စကားဆိုတာ အမှန်တရားဖြစ်စေဦးတော့ပြောသင့် မပြောသင့် ချင့်ချိန်ပါ။
မှန်တဲ့စကားက နားထောင်သူအတွက် အကျိုးရှိကောင်း ရှိမယ် ပြောတဲ့သူ အတွက်တော့ အန္တရာယ် အသွယ်သွယ် ရန်အသွယ်သွယ် ဖြစ်ပွားတတ်တယ်နော်။
အရမ်းရင်းနီး သူပင်ဖြစ်ပါစေ.စကားကို ချင့်ချိ န်ပြောလိုက်ပါ။
Credit ~မူရင်း
Zawgyi ဖြင့်ဖတ်ပါ
စကားေျပာနည္း
လူေတြနဲ႔ စကားေျပာရင္ သိပ္ မပြင့္လင္းနဲ႔။ကြယ္ရာက် ကဲ့ရဲတတ္တယ္။
လူေတြနဲ႔ စကားေျပာရင္ သိပ္ မေရာလိုက္နဲ႔။ကိုယ့္ အားနည္းခ်က္ကို နင္းသြားတတ္တယ္။
လူေတြနဲ႔ စကားေျပာရင္ သိပ္ မစပ္စုနဲ႔။
အထင္ေသး အျမင္ေသး ျပန္ၾကည့္တတ္တယ္။
လူေတြနဲ႔ စကားေျပာရင္ သိပ္ မေဝဖန္နဲ႔။
႐ြံစရာလူလို႔ သတ္မွတ္တတ္မယ္။
လူေတြနဲ႔ စကားေျပာ ရင္ သိပ္မခ်ီးက်ဴးနဲ႔။
မ႐ိုးသားသူလို႔ ျမင္သြားတတ္မယ္။
လူေတြနဲ႔ စကားေျပာရင္ ျဖတ္မေျပာနဲ႔။
မယဥ္ေက်းသူလို႔ သတ္မွတ္တတ္တယ္။
လူေတြနဲ႔ စကားေျပာရင္ သိပ္ မေမးပါနဲ႔။
မေပါင္းသင့္သူလို႔ သတ္မွတ္တတ္မယ္။
လူေတြနဲ႔ စကားေျပာရင္ သိပ္ အတင္း မေျပာနဲ႔။သူ႔ အေၾကာင္း လည္းအျခားလူေတြကို သင္ ေျပာမွာပဲလို႔ သတ္မွတ္တတ္မယ္။
သိထားရမြာက လူတိုင္းက စိတ္ေသာက မ်ားၾက တဲ့အတြက္ ေပါ့ေပါ့ပါးပါး စိတ္ခ်မ္းသာစရာ စကားပဲၾကားခ်င္ၾကတယ္။
သို႔ျဖစ္၍ …သူတစ္ပါး စိတ္ ခ်မ္းသာဖို႔အဓိကထား ရည္႐ြယ္ေျပာဆိုပါ။
စကားဆိုတာ အမွန္တရားျဖစ္ေစဦးေတာ့ေျပာသင့္ မေျပာသင့္ ခ်င့္ခ်ိန္ပါ။
မွန္တဲ့စကားက နားေထာင္သူအတြက္ အက်ိဳးရွိေကာင္း ရွိမယ္ ေျပာတဲ့သူ အတြက္ေတာ့ အႏၲရာယ္ အသြယ္သြယ္ ရန္အသြယ္သြယ္ ျဖစ္ပြားတတ္တယ္ေနာ္။
အရမ္းရင္းနီး သူပင္ျဖစ္ပါေစ.စကားကို ခ်င့္ခ်ိ န္ေျပာလိုက္ပါ။
Credit ~မူရင္း

Post a Comment