စိတ်ကောင်းထားပါ
အန်တီကြီးတစ်ယောက်က လမ်းဖြတ်ကူးမယ့်နေရာနားရောက်လာပါတယ်။ သူမပုံစံက အရမ်းကိုအားနည်းနေတဲ့ပုံစံပါ။ တစ်ယောက်တည်းကားလမ်းကူးလို့ အဆင်မပြေနိုင်တာမို့ တစ်ယောက်ယောက်များကူညီမလားဆိုပြီး ထို
နေရာနားမှာ ကူညီပေးနိုင်မယ့်သူကို စောင့်နေရှာပါတယ်။ အဲဒီ့အချိန်မှာ ကျောင်းသားလေးတွေ အများကြီး ကျောင်းကပြန်လာကြပါတယ်။ ကျောင်းသားလေးတွေက တစ်ယောက်မှ အန်တီကြီးကိုသတိမထားမိကြပါဘူး။ အဲဒီ့အချိန်မှာ ကျောင်းသားလေး
တစ်ယောက်က အန်တီကြီးနားကို ရောက်လာပြီး အန်တီကြီးကိုမေးလိုက်ပါတယ်။ “အန်တီ….ဟိုဘက်လမ်းကို သွားမလို့လား။ လာလေ….သား….လိုက်ပို့ပေးပါ့မယ်” လို့ပြောလိုက်ပါတယ်။ အန်တီကြီးနဲ့ ကျောင်းသားလေး အတူတူကားလမ်းကူးကြရင်း
တစ်ဖက်ကားလမ်းကိုရောက်သွားတဲ့အခါ အန်တီကြီးက ကျောင်းသားလေး ကို “သားလေးက ဘာလို့အန်တီ့ကို ကူညီတာလဲကွယ်” မေးလိုက်ပါတယ်။ ကျောင်းသားလေးက “သားက တစ်စုံတစ်ယောက်ရဲ့အမေအရွယ်ကို ကူညီလိုက်တယ်ဆိုရင် သားအမေ
အသက်ကြီးလာတဲ့အခါမှာလည်း တစ်စုံတစ်ယောက်က ပြန်ကူညီမှာ” လို့ ကျောင်းသားလေးက ပြုံးရွှင်စွာပျော်ပြီး ထွက်သွားပါတယ်။ “စိတ်ထားကောင်းတဲ့ကျောင်းသားလေးရဲ့ မေမေကို လူတိုင်းကကူညီကြမှာပါကွယ်” လို့ အန်တီကြီးက ပြန်ဆုတောင်းပေးလိုက်ပါတယ်။
စိတ်ကောင်းထားခြင်းက ကိုယ့်အပေါ်ချစ်ခင်ကြင်နာမှုကို ပြန်ရစေတယ်လို့ ဒီပုံပြင်လေးက ပြောပြပေးထားတာဖြစ်ပါတယ်။
Credit ~မူရင်း
Zawgyi ဖြင့်ဖတ်ပါ
အန္တီႀကီးတစ္ေယာက္က လမ္းျဖတ္ကူးမယ့္ေနရာနားေရာက္လာပါတယ္။ သူမပုံစံက အရမ္းကိုအားနည္းေနတဲ့ပုံစံပါ။ တစ္ေယာက္တည္းကားလမ္းကူးလို႔ အဆင္မေျပႏိုင္တာမို႔ တစ္ေယာက္ေယာက္မ်ားကူညီမလားဆိုၿပီး ထို
ေနရာနားမွာ ကူညီေပးႏိုင္မယ့္သူကို ေစာင့္ေနရွာပါတယ္။ အဲဒီ့အခ်ိန္မွာ ေက်ာင္းသားေလးေတြ အမ်ားႀကီး ေက်ာင္းကျပန္လာၾကပါတယ္။ ေက်ာင္းသားေလးေတြက တစ္ေယာက္မွ အန္တီႀကီးကိုသတိမထားမိၾကပါဘူး။ အဲဒီ့အခ်ိန္မွာ ေက်ာင္းသားေလး
တစ္ေယာက္က အန္တီႀကီးနားကို ေရာက္လာၿပီး အန္တီႀကီးကိုေမးလိုက္ပါတယ္။ အႏၱီ.ဟိုဘက္လမ္းကို သြားမလို႔လား။ လာေလ.သား.လိုက္ပို႔ေပးပါ့မယ္ လို႔ေျပာလိုက္ပါတယ္။ အန္တီႀကီးနဲ႔ ေက်ာင္းသားေလး အတူတူကားလမ္းကူးၾကရင္း
တစ္ဖက္ကားလမ္းကိုေရာက္သြားတဲ့အခါ အန္တီႀကီးက ေက်ာင္းသားေလး ကို သားေလးက ဘာလို႔အန္တီ့ကို ကူညီတာလဲကြယ္ ေမးလိုက္ပါတယ္။ ေက်ာင္းသားေလးက သားက တစ္စုံတစ္ေယာက္ရဲ႕အေမအ႐ြယ္ကို ကူညီလိုက္တယ္ဆိုရင္ သားေအမ
အသက္ႀကီးလာတဲ့အခါမွာလည္း တစ္စုံတစ္ေယာက္က ျပန္ကူညီမွာ လို႔ ေက်ာင္းသားေလးက ၿပဳံး႐ႊင္စြာေပ်ာ္ၿပီး ထြက္သြားပါတယ္။ စိတ္ထားေကာင္းတဲ့ေက်ာင္းသားေလးရဲ႕ ေမေမကို လူတိုင္းကကူညီၾကမွာပါကြယ္ လို႔ အန္တီႀကီးက ျပန္ဆုေတာင္းေပးလိုက္ပါတယ္။
စိတ္ေကာင္းထားျခင္းက ကိုယ့္အေပၚခ်စ္ခင္ၾကင္နာမႈကို ျပန္ရေစတယ္လို႔ ဒီပုံျပင္ေလးက ေျပာျပေပးထားတာျဖစ္ပါတယ္။
Credit ~မူရင္း

Post a Comment