နှလုံးသွေးကြောကျယ် ရောဂါအတွက် စံကားစိမ်းပွင့်ရဲ့ ဆေးအသုံး

နှလုံးသွေးကြောကျယ် ရောဂါအတွက် စံကားစိမ်းပွင့်ရဲ့ ဆေးအသုံး
19.11.2021 13:31 Shwe TD

 



ကျွန်တော့်အမျိုးသမီးတွင် နှလုံးသွေးကြောကျယ် ရောဂါကြောင့် အိပ်ရာမှ မထနိုင်တော့ပါ။နှ လုံးသွေးကြောကျယ်ခြင်းကြောင့် နှလုံးခုန်ခြင်းမှာ အလွန်ပြင်းထန်၍ ရင်ဘတ်ပေါ်သို့ လက် တင်ထားလျှင် လက်သည် သိသိသာသာ အပေါ်သို့ စည်းချက်ညီညီ ကြွတက်နေပါသည်။ခန္ဓာ ကိုယ်တစ်ကိုယ်လုံး အသားအရေများ အမြဲတမ်း ပူလျက်ရှိပြီး ဆံပင်များ ကျွတ်သွားရာ ကျိုးတိုကျဲတဲသာ ရှိပါသည်။တစ်နေ့လျှင် ရေ လေးခါလောက်ချိုးမှ နေနိုင်ပါသည်။ ထမင်းစားလျှင် အမြဲတမ်း ပြင်းထန်စွာ သီးတတ်၍ အသက်ရှူမြန်ခြင်း၊ အသက်ရှူ ပြင်းထန်ခြင်း၊ မောပန်းခြင်း ဝေဒနာကို ခံစားနေရပါသည်။လူနာလာမေးကြသော မိတ်ဆွေအပေါင်းအသင်းများကလည်း မရတော့ပါဘူး။ စိတ်ချမ်းသာအောင် ထားပါ-ဟူ၍သာ ပြောနိုင်ကြပါသည်။ရန်ကုန် ဆေးရုံကြီးနှင့် နာမည် ကြီး ဆေးကုဌာနများမှာ သွားရောက်ကုသနိုင်ခြင်း မရှိသည့်အတွက် မြို့နယ် ဆရာဝန် ညွှန်ကြားသော ဆေးများ သောက်သုံး၍ အားဆေးသွင်းကာ ကုသနေသော်လည်း ရောဂါမှာ ထူးခြားသက် သာမှု မရှိပါ။တစ်နေ့တွင် ရေကြည်ဈေးအတွင်းမှ အလှကုန်ရောင်းသူ သူငယ်ချင်း မေဒီယန် ခေါ်သော အမျိုးသမီးသည် လူနာမေးရန် အိမ်သို့ရောက်ရှိလာပါသည်။သူက နှလုံးသွေးကြောကျယ်လျှင် စံကားစိမ်းပွင့် လက်တစ်ဆုပ်ကို (၃)ခွက် (၁)ခွက်တင် ကျိုသောက်ပါ။ သက်သာပျောက် ကင်းသည် သောက်သုံးကြည့်ရန် တိုက်တွန်းခဲ့ပါသည်။စံကားဝါ၊ စံကားစိမ်း၊ စံကားဖြူ သုံးမျိုးရှိသည့်အနက် စံကားစိမ်းပင်မှာ ကျွန်တော်တို့မြို့တွင် လွန်စွာရှားပါးသဖြင့် ရှာဖွေမရဖြစ်နေ၍ မတိုက်ဖြစ်သေးပါ။

 

 



 

 

(၃)ရက်ခန့်ကြာသောအခါ မေဒီယန်-ခေါ် ဆေးနည်းပေးသူ အမျိုးသမီးသည် စံကားစိမ်းပွင့်များကို ကြွပ်ကြွပ်အိတ်နှင့် ထည့်၍ အိမ်တိုင်ရာရောက် လာပို့ပါသည်။

ငါးသိုင်းချောင်းမြို့မှာနေသော မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ စာရေးမလေးကို မှာလိုက်ရာ ရရှိ၍ လာရောက်ပေးကြောင်း ပြောဆိုပြီး ကျို၍ တိုက်ရန် အတင်းတိုက်တွန်းပါသည်။ ဆေးနည်း – ထိုစံကားစိမ်းပွင့် လက်တစ်ဆုပ်စာမျှကို (၃)ခွက် (၁)ခွက်တင် ကျိုပြီးရေ လက်ဖက်ရည် အချိုပန်း ကန် လေးလုံးစာမျှ ကျန်အောင် မှန်းထည့်၍ တစ်နေ့လျှင် နံနက်-ည၊ (၂)ကြိမ် တစ်ကြိမ်လျှင် အ ချိုပန်းကန် တစ်လုံးမျှ နှစ်ရက်ဆက်၍တိုက်လိုက်ပါသည်။တစ်ရက် နှစ်ရက်အတွင်း သက်သာလာပြီး တစ်ပတ်မျှကြာသောအခါ နှလုံးခုန်ခြင်းပုံမှန်အနေအထားသို့ ပြန်ရောက်ပြီး နှစ်ပတ်လောက်ကြာသောအခါ ရောဂါသက်သာပျောက်ကင်းသွား သည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။သို့ သော်လည်း တစ်နေ့လျှင် ထိုရောဂါ ပြန်ဖြစ်လာ-မလားဟု သံသယရှိခဲ့ပါသည်။ဒါပေမယ့် ယခုအချိန်ထိ ထိုရောဂါလက္ခဏာ အရိပ်အယောင်မျှ မရှိဘဲ ကျန်းမာဝဖြိုးလျက် ရှိပါသည်။ယင်းအ ဖြစ်အပျက်ကလေးသည် ယခု ၂၀၀၅-ခုနှစ် ဒီဇင်္ဘာလတွင် (၁၀)နှစ်မျှ ကြာပြီဖြစ်၍ သက် သာ ပျောက်ကင်းသွားပြီဟု ယုံကြည်မှု ရရှိပါပြီ။သို့အတွက် နှလုံးသွေးကြောကျယ် ရောဂါခံစားနေရသူ ဝေဒနာရှင်များအတွက် ဆေးတစ်လက်ကို နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှတစ်ဆင့် စေ တာနာ မေတ္တာဖြင့် တင်ပြအပ်ပါသည်။

credit – စိုင်းမင်းသန့်

 

Zawgyi

 

ႏွလုံးေသြးေၾကာက်ယ္ ေရာဂါအတြက္ စံကားစိမ္းပြင့္ရဲ႕ ေဆးအသုံး

 

ကြၽန္ေတာ့္အမ်ိဳးသမီးတြင္ ႏွလုံးေသြးေၾကာက်ယ္ ေရာဂါေၾကာင့္ အိပ္ရာမွ မထနိုင္ေတာ့ပါ။ႏွ လုံးေသြးေၾကာက်ယ္ျခင္းေၾကာင့္ ႏွလုံးခုန္ျခင္းမွာ အလြန္ျပင္းထန္၍ ရင္ဘတ္ေပၚသို႔ လက္ တင္ထားလွ်င္ လက္သည္ သိသိသာသာ အေပၚသို႔ စည္းခ်က္ညီညီ ႂကြတက္ေနပါသည္။ခႏၶာ ကိုယ္တစ္ကိုယ္လုံး အသားအေရမ်ား အၿမဲတမ္း ပူလ်က္ရွိၿပီး ဆံပင္မ်ား ကြၽတ္သြားရာ က်ိဳးတိုက်ဲတဲသာ ရွိပါသည္။တစ္ေန႕လွ်င္ ေရ ေလးခါေလာက္ခ်ိဳးမွ ေနနိုင္ပါသည္။ ထမင္းစားလွ်င္ အၿမဲတမ္း ျပင္းထန္စြာ သီးတတ္၍ အသက္ရႉျမန္ျခင္း၊ အသက္ရႉ ျပင္းထန္ျခင္း၊ ေမာပန္းျခင္း ေဝဒနာကို ခံစားေနရပါသည္။လူနာလာေမးၾကေသာ မိတ္ေဆြအေပါင္းအသင္းမ်ားကလည္း မရေတာ့ပါဘူး။ စိတ္ခ်မ္းသာေအာင္ ထားပါ-ဟူ၍သာ ေျပာနိုင္ၾကပါသည္။ရန္ကုန္ ေဆး႐ုံႀကီးႏွင့္ နာမည္ ႀကီး ေဆးကုဌာနမ်ားမွာ သြားေရာက္ကုသနိုင္ျခင္း မရွိသည့္အတြက္ ၿမိဳ႕နယ္ ဆရာဝန္ ၫႊန္ၾကားေသာ ေဆးမ်ား ေသာက္သုံး၍ အားေဆးသြင္းကာ ကုသေနေသာ္လည္း ေရာဂါမွာ ထူးျခားသက္ သာမႈ မရွိပါ။တစ္ေန႕တြင္ ေရၾကည္ေစ်းအတြင္းမွ အလွကုန္ေရာင္းသူ သူငယ္ခ်င္း ေမဒီယန္ ေခၚေသာ အမ်ိဳးသမီးသည္ လူနာေမးရန္ အိမ္သို႔ေရာက္ရွိလာပါသည္။သူက ႏွလုံးေသြးေၾကာက်ယ္လွ်င္ စံကားစိမ္းပြင့္ လက္တစ္ဆုပ္ကို (၃)ခြက္ (၁)ခြက္တင္ က်ိဳေသာက္ပါ။ သက္သာေပ်ာက္ ကင္းသည္ ေသာက္သုံးၾကည့္ရန္ တိုက္တြန္းခဲ့ပါသည္။စံကားဝါ၊ စံကားစိမ္း၊ စံကားျဖဴ သုံးမ်ိဳးရွိသည့္အနက္ စံကားစိမ္းပင္မွာ ကြၽန္ေတာ္တို႔ၿမိဳ႕တြင္ လြန္စြာရွားပါးသျဖင့္ ရွာေဖြမရျဖစ္ေန၍ မတိုက္ျဖစ္ေသးပါ။

(၃)ရက္ခန႔္ၾကာေသာအခါ ေမဒီယန္-ေခၚ ေဆးနည္းေပးသူ အမ်ိဳးသမီးသည္ စံကားစိမ္းပြင့္မ်ားကို ႂကြပ္ႂကြပ္အိတ္ႏွင့္ ထည့္၍ အိမ္တိုင္ရာေရာက္ လာပို႔ပါသည္။ ငါးသိုင္းေခ်ာင္းၿမိဳ႕မွာေနေသာ ၿမိဳ႕နယ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီမွ စာေရးမေလးကို မွာလိုက္ရာ ရရွိ၍ လာေရာက္ေပးေၾကာင္း ေျပာဆိုၿပီး က်ိဳ၍ တိုက္ရန္ အတင္းတိုက္တြန္းပါသည္။ ေဆးနည္း – ထိုစံကားစိမ္းပြင့္ လက္တစ္ဆုပ္စာမွ်ကို (၃)ခြက္ (၁)ခြက္တင္ က်ိဳၿပီးေရ လက္ဖက္ရည္ အခ်ိဳပန္း ကန္ ေလးလုံးစာမွ် က်န္ေအာင္ မွန္းထည့္၍ တစ္ေန႕လွ်င္ နံနက္-ည၊ (၂)ႀကိမ္ တစ္ႀကိမ္လွ်င္ အ ခ်ိဳပန္းကန္ တစ္လုံးမွ် ႏွစ္ရက္ဆက္၍တိုက္လိုက္ပါသည္။

တစ္ရက္ ႏွစ္ရက္အတြင္း သက္သာလာၿပီး တစ္ပတ္မွ်ၾကာေသာအခါ ႏွလုံးခုန္ျခင္းပုံမွန္အေနအထားသို႔ ျပန္ေရာက္ၿပီး ႏွစ္ပတ္ေလာက္ၾကာေသာအခါ ေရာဂါသက္သာေပ်ာက္ကင္းသြား သည္မွာ ယေန႕တိုင္ပင္ ျဖစ္ပါသည္။သို႔ ေသာ္လည္း တစ္ေန႕လွ်င္ ထိုေရာဂါ ျပန္ျဖစ္လာ-မလားဟု သံသယရွိခဲ့ပါသည္။ဒါေပမယ့္ ယခုအခ်ိန္ထိ ထိုေရာဂါလကၡဏာ အရိပ္အေယာင္မွ် မရွိဘဲ က်န္းမာဝၿဖိဳးလ်က္ ရွိပါသည္။ယင္းအ ျဖစ္အပ်က္ကေလးသည္ ယခု ၂၀၀၅-ခုႏွစ္ ဒီဇဘၤာလတြင္ (၁၀)ႏွစ္မွ် ၾကာၿပီျဖစ္၍ သက္ သာ ေပ်ာက္ကင္းသြားၿပီဟု ယုံၾကည္မႈ ရရွိပါၿပီ။သို႔အတြက္ ႏွလုံးေသြးေၾကာက်ယ္ ေရာဂါခံစားေနရသူ ေဝဒနာရွင္မ်ားအတြက္ ေဆးတစ္လက္ကို နကၡတၱေရာင္ျခည္ မဂၢဇင္းမွတစ္ဆင့္ ေစ တာနာ ေမတၱာျဖင့္ တင္ျပအပ္ပါသည္။

credit – စိုင္းမင္းသန႔္

 

Post a Comment

Previous Post Next Post

Comments