လူတွေက စေတနာနဲ့မတန်
24.06.2022 23:55 မြန်မာ မြင်ကွင်းစုံ
စေတနာသည် လူတိုင်းနဲ့ မတန် တဲ့။ ဒီစကားလေး ကြားရတိုင်း ခေါင်းထဲမှာ တွေးစရာလေးတွေ ရောက်လာတယ်။ တစ်ပါးသူ အကျိုးကို လိုလားပြီး အမြင်မတော်လို့ ပြောဆို ကူညီပေးတယ်ဆိုတာ စေတနာပါ။ YBS ပေါ်မှာခုံ နေရာဖယ်ပေးတယ် ၊ မ
နိုင်မနင်း ပစ္စည်းသယ်လာသူတွေ့ရင် ကူပေးတယ်။ ကိုယ်ချင်းစာစိတ်နဲ့ ယှဉ်တွဲပြီး တစ်ဖက်သားအကျိုး သယ်ပိုးရွက်ဆောင်ပေးတာ မှန်ရင် စေတနာပါပဲ။ ဘယ်အ လုပ်မှာမဆို စေ့ဆော်တိုက်တွန်းမှု ဆိုတဲ့ စေတနာဓာတ်လေး အရင်းခံသင့်တယ်လို့ ဗုဒ္ဓစာပေ
မှာတော့ ဖော်ပြထားပါတယ်။ စေတနာကောင်းရင် ကံကောင်းပြီး စေတနာဆိုးရင် ကံဆိုးမယ် ဆိုတာကိုလည်း လူတိုင်းနီးပါး လက်ခံယုံကြည်ပါတယ်။စေတနာ ထားပီး လုပ်ပေးလိုက်တဲ့ အ လုပ်လေးတစ်လုပ်က ဝေဒနာ မဖြစ်သွားအောင် ကာယကံရှင်ရဲ့ ပြောဆိုဆောင်ရွက်ချက်က အရေးပါပါတယ်။
စေတနာကောင်းပေမဲ့ အ ပြောမတတ်ရင် တစ် ဖက်သား နစ်နာတတ်ပါတယ်။ ကိုယ်ကူညီနိုင်တဲ့ အရာတစ်ခုကို အကူအညီတောင်းလာ ရင် တော့ ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ်ပြုလိုက်တဲ့ စေတနာ အပြောနဲ့အလုပ်သည် အကျိုးမမျှော် ကိုးသော စစ်မှန်တဲ့အရာပဲ ဖြစ်သင့်ပါတယ်။
လောကမှာ စစ်မှန်တဲ့ စေတနာတွေ ဝေငှနေသူတွေလည်း ရှိပါတယ်။ ကိုယ့်ဘက်က စေတနာ ထားပေမဲ့ တုံ့ပြန်မှုဆိုး ပြန်ရတဲ့အခါ စိတ်ကလေးက အချဉ်ပေါက်လာပါတယ်။ စေတနာတွေ ခေါင်းပါးသွားတယ်ဆိုတာ မထိုက်တန်သူတွေ ပေါများလာလို့
ပါပဲ။ မိန်းကလေးတစ်ယောက်ကို ခုံနေရာ ဖယ်ပေးတဲ့ ယောက်ျားလေးကို နှာဗူးပါလို့ ပြောတာမျိုး ၊ စေတနာကို အထွန့်တက်ပြီး ရောင့်တက်လာတာမျိုးတွေက အမြင်ကတ်စရာကောင်းလှပါတယ်။လူတွေရဲ့ စေတနာ ရှားပါး လာ တာ ကို ကြည့်ပြီး ပြစ်တင်
စကား ဆိုဖွယ်ရာလည်း မရှိပါဘူး။ စေတနာကို ခုတုံးလုပ်ပြီး အခွင့်အရေးယူသူတွေနဲ့ စေတနာထားမှန်း နားမလည်သူတွေ များပြားလာတာက အဓိက အ ကြောင်းရင်းခံပါပဲ။ ဒီတော့ ကျွန်မတို့ စေတနာတွေကိုလည်း အကန့်အသတ်သာ အသုံးချရင်း မတန်သူတွေကို ပေးမဲ့အစား ထိုက်တန်သူတွေအတွက်သာ အတိုးချသုံးရအောင်ပါ။
Credit ; ရိုးရာလေ
Zawgyi ဖြင့်ဖတ်ပါ
ေစတနာသည္ လူတိုင္းနဲ႔ မတန္ တဲ့။ ဒီစကားေလး ၾကားရတိုင္း ေခါင္းထဲမွာ ေတြးစရာေလးေတြ ေရာက္လာတယ္။ တစ္ပါးသူ အက်ိဳးကို လိုလားၿပီး အျမင္မေတာ္လို႔ ေျပာဆို ကူညီေပးတယ္ဆိုတာ ေစတနာပါ။ YBS ေပၚမွာခုံ ေနရာဖယ္ေပးတယ္ ၊ မ
ႏိုင္မနင္း ပစၥည္းသယ္လာသူေတြ႕ရင္ ကူေပးတယ္။ ကိုယ္ခ်င္းစာစိတ္နဲ႔ ယွဥ္တြဲၿပီး တစ္ဖက္သားအက်ိဳး သယ္ပိုး႐ြက္ေဆာင္ေပးတာ မွန္ရင္ ေစတနာပါပဲ။ ဘယ္အ လုပ္မွာမဆို ေစ့ေဆာ္တိုက္တြန္းမႈ ဆိုတဲ့ ေစတနာဓာတ္ေလး အရင္းခံသင့္တယ္လို႔ ဗုဒၶစာေပ
မွာေတာ့ ေဖာ္ျပထားပါတယ္။ ေစတနာေကာင္းရင္ ကံေကာင္းၿပီး ေစတနာဆိုးရင္ ကံဆိုးမယ္ ဆိုတာကိုလည္း လူတိုင္းနီးပါး လက္ခံယုံၾကည္ပါတယ္။ေစတနာ ထားပီး လုပ္ေပးလိုက္တဲ့ အ လုပ္ေလးတစ္လုပ္က ေဝဒနာ မျဖစ္သြားေအာင္ ကာယကံရွင္ရဲ႕ ေျပာဆိုေဆာင္႐ြက္ခ်က္က အေရးပါပါတယ္။
ေစတနာေကာင္းေပမဲ့ အ ေျပာမတတ္ရင္ တစ္ ဖက္သား နစ္နာတတ္ပါတယ္။ ကိုယ္ကူညီႏိုင္တဲ့ အရာတစၡဳကို အကူအညီေတာင္းလာ ရင္ ေတာ့ ေပးလိုက္ပါတယ္။ ဒါေပမဲ့ ကိုယ္ျပဳလိုက္တဲ့ ေစတနာ အေျပာနဲ႔အလုပ္သည္ အက်ိဳးမေမွ်ာ္ ကိုးေသာ စစ္မွန္တဲ့အရာပဲ ျဖစ္သင့္ပါတယ္။
ေလာကမွာ စစ္မွန္တဲ့ ေစတနာေတြ ေဝငွေနသူေတြလည္း ရွိပါတယ္။ ကိုယ့္ဘက္က ေစတနာ ထားေပမဲ့ တုံ႔ျပန္မႈဆိုး ျပန္ရတဲ့အခါ စိေတၠလးက အခ်ဥ္ေပါက္လာပါတယ္။ ေစတနာေတြ ေခါင္းပါးသြားတယ္ဆိုတာ မထိုက္တန္သူေတြ ေပါမ်ားလာလို႔
ပါပဲ။ မိန္းကေလးတစ္ေယာက္ကို ခုံေနရာ ဖယ္ေပးတဲ့ ေယာက္်ားေလးကို ႏွာဗူးပါလို႔ ေျပာတာမ်ိဳး ၊ ေစတနာကို အထြန႔္တက္ၿပီး ေရာင့္တက္လာတာမ်ိဳးေတြက အျမင္ကတ္စရာေကာင္းလွပါတယ္။လူေတြရဲ႕ ေစတနာ ႐ြားပါး လာ တာ ကို ၾကည့္ၿပီး ျပစ္တင္
စကား ဆိုဖြယ္ရာလည္း မ႐ြိပါဘူး။ ေစတနာကို ခုတုံးလုပ္ၿပီး အခြင့္အေရးယူသူေတြနဲ႔ ေစတနာထားမွန္း နားမလည္သူေတြ မ်ားျပားလာတာက အဓိက အ ေၾကာင္းရင္းခံပါပဲ။ ဒီေတာ့ ကြၽန္မတို႔ ေစတနာေတြကိုလည္း အကန႔္အသတ္သာ အသုံးခ်ရင္း မတန္သူေတြကို ေပးမဲ့အစား ထိုက္တန္သူေတြအတြက္သာ အတိုးခ်သုံးရေအာင္ပါ။
Credit ; ႐ိုးရာေလ

إرسال تعليق