“ငါးပါးသီလမှာ ဘယ်သိက္ခာပုဒ်က အပြစ်အကြီးဆုံးလဲ”
22.06.2022 01:20 မြန်မာ မြင်ကွင်းစုံ
ငါးပါးသီလ အနက် မည်သည့် အရာသည် အပြစ် အကြီးဆုံး ဖြစ်ပါ သနည်း၊ အဘယ်ကြောင့်ပါနည်း… အပြစ်နဲ့ ပြောမယ် ဆိုရင်တော့ အားလုံးဟာ ကြီးတာ ချည်းပဲ။
သို့သော် မြတ်စွာဘုရား စကားနဲ့ ပြောမယ် ဆိုရင်တော့ မုသာဝါဒက အပြစ်ကြီးတယ်လို့ ပြောရမယ်။ဘာကြောင့်တုန်း ဆိုရင် မုသာဝါဒ ကျူးလွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဟာ မလုပ်နိုင်တဲ့ မလုပ်ရဲတဲ့ အကုသိုလ် ဆိုတာ မရှိဘူးလို့ ဒီလိုပြောတယ်။ သို့သော်
ကနေ့ခေတ် လူတွေ တစ်ချို့ပြောနေတာ သုရာမေရယ အရက်မူးလို့ ရှိရင် အားလုံး လုပ်တယ်လို့ ဆိုတာ… ဒါကတော့ သေချာပေါက် ပြောလို့ မရဘူး။
ဘုန်းကြီးတို့တွေ့ဖူးတဲ့ အရက်မူးသမားဟာ အရက်မူးလာရင် ပရိတ်တွေ ရွတ်တယ်၊ ပုတီး စိပ်တယ်၊ ကမ္မဋ္ဌာန်း အားထုတ်တယ်။
အဲဒီလို အရက်မူးသမားလည်း ရှိသေးတယ်။ အရက်မူးတိုင်း အကုသိုလ် လုပ်တယ်လို့ ပြောလို့ မရဘူး။ လိမ်တတ်တဲ့ လူတစ်ယောက်ကတော့ သူက လိမ်လိုက်မှာဆိုတော့ မဟုတ်တာတွေ အကုန် လုပ်မယ်။ လူသတ်မှု ကျူးလွန် တယ်။
သူ မလွန်ကျူးဘူးလို့ လိမ်မယ်။ သူများ ဥစ္စာ ခိုးမယ်၊ သူ မခိုးဘူးလို့ လိမ်မယ်။ သူတစ်ပါး သားမယား ပြစ်မှားတယ်၊ သူ မပြစ်မှားဘူးလို့ လိမ်မယ်။ သူက အကုန် လုပ်နိုင်တယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားက “နတ္ထိ ပါပံ အကာရိယံ” သူ မလုပ်တဲ့ အကုသိုလ် ဆိုတာ မရှိဘူး လို့ ဆိုတော့… မြတ်စွာဘုရားရဲ့ အာဘော်ကျ ပြောမယ် ဆိုရင် မုသာဝါဒဟာ အပြစ် အကြီးဆုံးလို့ ပြောလို့ ရတယ်။
သို့သော် အပြစ်ဆိုတာ သူ့ဟာနဲ့ သူ ရှိနေ မှာပဲ။ ပါဏာတိပါတ ကလည်း အမေသတ်တာ၊ အဖေသတ်တာကျ မကြီးဘူးလို့ ပြောလို့ မရဘူး၊ သူလည်း အပြစ် ကြီးတာပဲ။
{ရွှေကျင်နိကာဥပဥက္ကဋ္ဌ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ}
ပြန်လည် မျှေ၀ ပူဇော်ပါသည် ဘုရား။
Zawgyi ဖြင့်ဖတ်ပါ
ငါးပါးသီလမြာ ဘယ္သိကၡာပုဒ္က အျပစ္အႀကီးဆုံးလဲ
ငါးပါးသီလ အနက္ မည္သည့္ အရာသည္ အျပစ္ အႀကီးဆုံး ျဖစ္ပါ သနည္း၊ အဘယ္ေၾကာင့္ပါနည္း အျပစ္နဲ႔ ေျပာမယ္ ဆိုရင္ေတာ့ အားလုံးဟာ ႀကီးတာ ခ်ည္းပဲ။
သို႔ေသာ္ ျမတ္စြာဘုရား စကားနဲ႔ ေျပာမယ္ ဆိုရင္ေတာ့ မုသာဝါဒက အျပစ္ႀကီးတယ္လို႔ ေျပာရမယ္။ဘာေၾကာင့္တုန္း ဆိုရင္ မုသာဝါဒ က်ဴးလြန္တဲ့ ပုဂၢိဳလ္တစ္ေယာက္ ဟာ မလုပ္ႏိုင္တဲ့ မလုပ္ရဲတဲ့ အကုသိုလ္ ဆိုတာ မရွိဘူးလို႔ ဒီလိုေျပာတယ္။ သို႔ေသာ္
ကေန႔ေခတ္ လူေတြ တစ္ခ်ိဳ႕ေျပာေနတာ သုရာေမရယ အရက္မူးလို႔ ရွိရင္ အားလုံး လုပ္တယ္လို႔ ဆိုတာ ဒါေကတာ့ ေသခ်ာေပါက္ ေျပာလို႔ မရဘူး။
ဘုန္းႀကီးတို႔ေတြ႕ဖူးတဲ့ အရက္မူးသမားဟာ အရက္မူးလာရင္ ပရိတ္ေတြ ႐ြတ္တယ္၊ ပုတီး စိပ္တယ္၊ ကမၼ႒ာန္း အားထုတ္တယ္။
အဲဒီလို အရက္မူးသမားလည္း ရွိေသးတယ္။ အရက္မူးတိုင္း အကုသိုလ္ လုပ္တယ္လို႔ ေျပာလို႔ မရဘူး။ လိမ္တတ္တဲ့ လူတစ္ေယာက္ကေတာ့ သူက လိမ္လိုက္မွာဆိုေတာ့ မဟုတ္တာေတြ အကုန္ လုပ္မယ္။ လူသတ္မႈ က်ဴးလြန္ တယ္။
သူ မလြန္က်ဴးဘူးလို႔ လိမ္မယ္။ သူမ္ား ဥစၥာ ခိုးမယ္၊ သူ မခိုးဘူးလို႔ လိမ္မယ္။ သူတစ္ပါး သားမယား ျပစ္မွားတယ္၊ သူ မျပစ္မွားဘူးလို႔ လိမ္မယ္။ သူက အကုန္ လုပ္ႏိုင္တယ္။
ဒါေၾကာင့္မို႔ ျမတ္စြာဘုရားက နတၳိ ပါပံ အကာရိယံ သူ မလုပ္တဲ့ အကုသိုလ္ ဆိုတာ မ႐ြိဘူး လို႔ ဆိုေတာ့ ျမတ္စြာဘုရားရဲ႕ အာေဘာ္က် ေျပာမယ္ ဆိုရင္ မုသာဝါဒဟာ အျပစ္ အႀကီးဆုံးလို႔ ေျပာလို႔ ရတယ္။
သို႔ေသာ္ အ်ပစ္ဆိုတာ သူ႔ဟာနဲ႔ သူ ရွိေန မြာပဲ။ ပါဏာတိပါတ ကလည္း ေအမသတၱာ၊ ေအဖသတၱာက္ မႀကီးဘူးလို႔ ေျပာလို႔ မရဘူး၊ သူလည္း အျပစ္ ႀကီးတာပဲ။
{ေ႐ႊက်င္နိကာဥပဥကၠ႒ မဟာနာယက၊ အဘိဓဇမဟာရ႒ဂု႐ု ေက်းဇူးေတာ္ရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာနႏၵမာလာဘိဝံသ}
ျပန္လည္ ေမွ်၀ ပူေဇာ္ပါသည္ ဘုရား။

Post a Comment