နည်းပညာဆိုတာ...
နည်းပညာဆိုတာ လက်တွေ့လောကကို အများကြီး ဖန်တီးနိုင်စွမ်းတဲ့ မှော်ဝင်သိပ္ပံပညာရပ်တစ်ခုဖြစ်တယ်။ တီထွင်သူနဲ့ သုံးစွဲသူတို့၏ ရွေးချယ်မှုအလိုက် အကျိုးသက်ရောက်မှုအနေနဲ့ ကောင်းကျိုး နဲ့ ဆိုးကျိုးတွေကို ပေးနိုင်စွမ်းရှိတယ်။ တီထွင်သူက လူသားအကျိုးအတွက် ရည်ရွယ်ပြီး ကောင်းမွန်အောင် တီထွင်ထုတ်လုပ်ပါက မှော်ဝင်တဲ့ သိပ္ပံပညာရပ်ဟာ လောကကို ကောင်းကျိုးတွေ သယ်လာစေပြီး စီးပွားရေးရှုထောင့်ကနေ တီထွင်ဖန်တီးခဲ့ရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ဖြစ်လာစေပါလိမ့်မယ်။
သုံးစွဲသူနဲ့တီထွင်သူတို့အနေနဲ့လည်း ဒီအချက်တွေကို သတိပြုသင့်ပါတယ်။ အထူးသဖြင့် စီးပွားရေးရှုထောင့်ကထက် လူသားကောင်းကျိုးအတွက်သာ တီထွင်ဖန်တီးပြီး ထုတ်လုပ်သုံးစွဲကြဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော် ယခု ရေးသားတင်ပေးမယ့် အကြောင်းအရာတွေက လူသားကောင်းကျိုးအတွက် အသုံးတည့်စေမယ့် နည်းပညာတွေအကြောင်း ရေးတင်ပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့ရဲ့ အကြံပြုချက်နှင့် ဆွေးနွေးချက်များကိုလည်း ပို့စ်အောက်က Comment တွေမှာ ထည့်သွင်းအကြံပြုရင်း ဆွေးနွေးပေးသွားကြဖို့ လေးနက်စွာ တောင်းဆိုချင်ပါတယ်။ လာရောက်လည်ပတ်ရင်း အကြံပြုဆွေးနွေးပေးသွားကြတဲ့ လူကြီးမင်းတို့အားလုံးကိုလည်း ဒီနေရာကနေပဲ အထူးပဲ ကျေးဇူးတင်ကြောင်းပြောကြားရင်း.........
လေးစားစွာဖြင့်
ဆရာတော်ကီ(နည်းပညာ)
Share: Facebook Twitter Google+
noreply@blogger.com (Sayar_Talky(Tech))

Post a Comment