အလှအပအတွက် သခွားသီးရဲ့အသုံးဝင်ပုံ (၅) ချက်

အလှအပအတွက် သခွားသီးရဲ့အသုံးဝင်ပုံ (၅) ချက်
 — 28.06.2022 15:14 Love Media

























အသီးအနှံတွေမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ပါဝင်တာကြောင့် အလှအပအတွက် အများကြီးအထောက်အကူ ဖြစ်စေပါတယ်။ အဲဒီအထဲမှာ သခွားသီးလည်း အပါအဝင်ပါပဲ။


သခွားသီးက ရေဓာတ်ဖြည့်ပေးပြီး ရောင်ရမ်းနာကျင်တာတွေကိုလည်း သက်သာစေပါတယ်။ အဲဒါကြောင့် အလှအပအတွက် သခွားသီးရဲ့အသုံးဝင်ပုံလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။


နည်းလမ်း ၁


မျက်ခုံးရိတ်ပြီးနောက်မှာ ရောင်ရမ်းနာကျင်တာကို သခွားသီးက သက်သာစေပါတယ်။


- သခွားသီးတွေကို ပါးပါးလေးတွေ လှီးလိုက်ပါ။

- သခွားသီးကို မျက်ခုံးပေါ်မှာ ကပ်ထားလိုက်ပါ။

- မိနစ်အနည်းငယ်ကြာပြီးတဲ့အခါ ဖယ်ရှားလို့ရပါပြီ။


ခြေသလုံးနဲ့ ချိုင်းက အမွေးအမျှင်တွေကို ဖယ်ရှားရာမှာလည်း ဒီနည်းကို အသုံးပြုနိုင်ပါတယ်။


နည်းလမ်း ၂


သခွားသီးရဲ့နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ဗောက်တွေကို ဖယ်ရှားပေးတာပါ။


- သခွားသီးကို ခြစ်လိုက်ပါ။

- ခြစ်ထားတဲ့သခွားသီးထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပါ။

- ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး နှံ့အောင်မွှေပါ။

- အဲဒီနောက် ဦးရေပြားမှာ လိမ်းပေးပြီး ၁၅ မိနစ်ခန့်ထားပါ။

- ပြီးနောက်မှာတော့ ပုံမှန်အတိုင်း ခေါင်းလျှောက်ပေးလို့ရပါပြီ။


သခွားသီးက ဆံပင်ကို ရေဓာတ်ဖြည့်ပေးတဲ့အပြင် ဗောက်တွေကိုလည်း တိုက်ထုတ်ပေးပါတယ်။


နည်းလမ်း ၃


မျက်ကွင်းညိုတာတွေကို ဖယ်ရှားချင်တဲ့အခါ သခွားသီးကို အသုံးပြုနိုင်ပါတယ်။


- သခွားသီးကို အကွင်းလိုက်လှီးပါ။

- အဲဒီနောက်မျက်ကွင်းညိုတဲ့နေရာမှာ ကပ်ထားလိုက်ရုံပါပဲ။


နည်းလမ်း ၄


နှုတ်ခမ်းက ခြောက်သွေ့ပြီး ကွဲအက်တဲ့အခါ သခွားသီးကို သတိရလိုက်ပါ။


- သခွားသီးကို အလွှာပါးပါး‌လေးတွေဖြစ်အောင် လှီးပါ။

- လှီးထားတဲ့သခွားသီးတွေပေါ်မှာ သကြားဖြူလိုက်ပါ။

- အဲဒီနောက် နှုတ်ခမ်းပေါ်ကို သခွားသီးနဲ့ ပွတ်တိုက်ပါ။


နည်းလမ်း ၅


နေလောင်ဒဏ်ကြောင့် အသားအရေ နီမြန်းတာကို သခွားသီးရှိနေရင် စိတ်ပူစရာ မလိုတော့ပါဘူး။


- သခွားသီးတွေကို ပါးပါးလေးလှီးပြီး ကြိတ်စက်နဲ့ကြိတ်ပါ။

- ကြိတ်ထားတဲ့ သခွားသီးထဲကို ရှားစောင်းလက်ပတ်ဂျယ်လ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပါ။

- အဲဒီနောက် ရေခွက်တစ်ဝက်ထည့်ပါ။


- အားလုံးကို ရောမွှေပြီးသွားရင် ဖျန်းလို့ရတဲ့ဘူးတစ်ခုထဲကို ထည့်ပါ။ နေလောင်နေတဲ့နေရာတွေကို သခွားသီးအရည်နဲ့ ဖျန်းပေးရင် အချိန်တိုအတွင်း သက်သာသွားပါတယ်။


Bonus

သခွားသီးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာအဖြစ်ပြောင်းလဲလို့ ရပါတယ်။


- သခွားသီးတွေကို အကွင်းပါးပါးလေးတွေ ဖြစ်အောင်လှီးပါ။

- ဗန်းထဲမှာ သခွားသီးလေးတွေကို စီထားပြီး အပူချိန် ၁၇၆ ဒီဂရီဖာရင်ဟိုက်နဲ့ ၆ နာရီကနေ ၈ နာရီကြာ အခြောက်ခံလိုက်ပါ။

အဲဒီအခါ အဆာပြေစားလို့ရတဲ့ သခွားသီးခြောက်ရပါပြီ။


သခွားသီးနဲ့ပြုလုပ်တဲ့ ရေခဲချောင်းကလည်း ပူပြင်းခြောက်သွေ့နေချိန်မှာ စားလို့ကောင်းတဲ့မုန့်ပါ။


- သခွားသီးတစ်လုံးကို ပါးပါးလှီးပြီး ကြိတ်စက်နဲ့ကြိတ်ပါ။

- ကြိတ်ထားတဲ့ သခွားသီးထဲကို သံပုရာရည်ခွက် တစ်ဝက်ထည့်ပါ။

- ပျားရည်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းထည့်ပါ။


- အားလုံးကို ရောသမမွှေပြီးရင် ရေခဲချောင်းလုပ်တဲ့မိုထဲကို ထည့်လိုက်ပါ။

- သကြားပါဝင်မှုနည်းပြီး အရသာရှိတဲ့ ရေခဲချောင်းကို စားလို့ရပါပြီ။

Zombie (lovemedia)

noreply@blogger.com (H)

Post a Comment

Previous Post Next Post

Comments