ဆန်မကုန်စေနဲ့

ဆန်မကုန်စေနဲ့
 — 28.06.2022 20:46 Thuta MM Daily


ရွာတစ်ရွာမှာ သားအဖ နှစ်ယောက် ရှိတယ်။
ဖအေတစ်ခု သမီးတစ်ခုပေါ့။ တစ်နေ့တော့
အဖေဖြစ်သူက ခရီးသွားခါနီး သမီးဖြစ်သူကို
မှာခဲ့တယ်။

သမီးရေ တကယ်လို့များ အဖေမရှိခင် ဧည့်သည်လာခဲ့လို့ရှိရင် ထမင်းလေးတော့ ချက်ကျွေးလိုက်ပါ၊ တစ်ခုတော့ ရှိတယ် သမီးရေ
ဆန်တော့ မကုန်ပါစေနဲ့နော်’။


ဒီတော့ သမီးက ဖခင်ကြီးကို ပြန်ပြောတယ်။
ဖေဖေကလည်း ထမင်းချက်ကျွေးမှတော့
ဆန်ကုန်မှာပေါ့၊ မကုန်လို့ ဘယ်ဖြစ်မလဲ’’။

‘သမီးရယ် ခက်လိုက်တာ၊ ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မယ်ဆိုတာ ဖေဖေလည်း သိတာပေါ့၊ ဒါပေမဲ့သမီး စေတနာနဲ့



ချက်ကျွေးရင် ဆန်ကုန်ပေမဲ့ ကုသိုလ်တွေ ပြန်ရတယ်လေ၊ ဒါကြောင့် စေတနာနဲ့ လှူတဲ့အလှူကို
ဆန်မကုန်တဲ့ အလှူလို့ ခေါ်တယ် သမီး။

စေတနာ မပါပဲ ချက်ကျွေးတော့ ကုသိုလ် မရဘူး၊ ဒါကြောင့် အဲဒီအလှူကို ဆန်ကုန်တဲ့
အလှူလို့ ခေါ်တယ် သမီး။



အဲဒီလို ဖခင်ဖြစ်သူက ရှင်းပြလိုက် မှ သမီးဖြစ်သူလည်း သဘောပေါက်သွားတယ်။ဆိုလိုတာက ဘာပဲ ပေးပေး၊ ပေးမည့်အတူတူတော့ စေတနာလေး ထည့်လိုက်ပါ။

တခါတရံ လူမှုရေးအရ ပေးရတာ ရှိတယ်။ တခါတရံ လာအလြူခံလို့ ပေးရတာ ရှိတယ်။ ဘယ်လိုနေရာမှာ ပေးပေး၊ အဲဒီလိုပေးတဲ့အခါမှာစေတနာမပါရင်

“ပေးကားပေး၏ မရ” ဆိုတာလို ဖြစ်သွားတယ်။ဒါကြောင့် ပေးမည့်အတူတူတော့ ပေးရကျိုးနပ်အောင် စေတနာလေး ထည့်လိုက်ပါ။

ဒါဆိုရင် ကိုယ့်အတွက် ကုသိုလ်ရသွားတယ်။
” ပေးလဲပေး၏, ရလဲရ၏” ဖြစ်သွားတယ်။


မှုရင်ရေးသားသူ

Post a Comment

Previous Post Next Post

Comments