ယုံကြည်ချက်တစ်ခု
၁၉၅၀ ခုနှစ်မှာ တက္ကသိုလ် ပါမောက္ခ ကာ့တ်ရစ်ခ်ျတာ Curt Richter ဆိုတဲ့ ပုဂ္ဂိုလ်တဦးဟာ စက်ဆုပ်ဖွယ် ကောင်းတဲ့ စမ်းသပ်မှု တခု ပြုလုပ်ခဲ့တယ်။
သူက ကြွက် ဆယ့်နှစ်ကောင်ကို ရေတဝက် ထည့်ထားတဲ့ ဖန်ခွက်ရှည်တွေ ထဲကို ထည့်လိုက်တယ်။ အဲဒီ ဖန်ခွက်ရှည် တွေက ကြွက်တွေ ကုတ်ကပ်တက်လို့ မရအောင် ရှည်လျားသလို ခုန်ထွက် လို့လည်း မရနိုင်အောင် စီမံ ထားတယ်။
ဆယ့်ငါးမိနစ် ဝန်းကျင် ကြာတဲ့ အခါမှာ ကြွက်တွေဟာ ခြေကုန်လက်ပန်း ကျပြီး ရေနစ် သေဆုံးကုန် ကြတယ်။ သာမာန်အားဖြင့် ကြွက်တွေဟာ သေဘေးကနေ လွတ်လိုဇောနဲ့ ရုန်းကန်နိုင်စွမ်းက ဆယ့်ငါးမိနစ် ကြာတယ် ပြောရမှာပေါ့။
နောက်တသုတ် စမ်းသပ်ရာ မှာတော့ ရစ်ခ်ျတာက ဗျူဟာတခုကို ထပ်လုပ်ကြည့် လိုက်တယ်။ ဒီတခေါက်တော့ သူဟာ ကြွက်တွေ လက်ပန်း မကျခင် အချိန်လောက်မှာ သူတို့ အားလုံးကို ဖန်ခွက်ထဲ ကနေ ဆယ်ထုတ် လိုက်တယ်။
ခြောက်သွေ့ စေတယ်။ မိနစ်အနည်းငယ်လောက် အနားပေးလိုက်တယ်။ အဲဒီနောက်တော့ စောစောက အတိုင်း ရေတဝက် ဖြည့်ထားတဲ့ ဖန်ခွက်ထဲကို တဖန် ပြန်ပြီး ထည့်လိုက်တယ်။
အဲဒီ ဒုတိယအခေါက်မှာ ကြွက်တွေ ဘယ်လောက် ကြာကြာ တောင့်ခံနိုင်မယ်လို့ မိတ်ဆွေ ထင်သလဲ။ နောက်ထပ် ဆယ့်ငါးမိနစ်လား၊ ဆယ်မိနစ်လား၊ ငါးမိနစ်လား။
အဲဒီလို ထင်ရင်တော့ မိတ်ဆွေ မှားပြီ လို့ပဲ ပြောချင်တယ်။ ကြွက်တွေဟာ နာရီ ခြောက်ဆယ် ကြာအောင် ဆက်ပြီး ရုန်းကန်ကူးခတ် နေကြတယ်။ (နာရီ ခြောက်ဆယ်) နော်။
အဲဒီ အဖြစ်အပျက်ကို ကြည့်မယ် ဆိုရင် ကြွယ်တွေဟာ တချိန်ချိန်မှာ သူတို့ကို လာပြီး ကယ်ဆယ် လိမ့်မယ်။ သူတို့ဟာ တချိန်မှာ အသက်ရှင် ကျန်နေမယ် ဆိုပြီး ယုံကြည်သွား ကြတယ်။
အဲဒီ ယုံကြည်ချက်ဟာ ၁၅ မိနစ်သာ ရေကူးနိုင်တဲ့ ကြွက်တွေကို အဆပေါင်း ၂၄၀ အထိ ပိုပြီး ခံနိုင်ရည် ရှိသွားစေတယ်။ အဲဒီအထဲက ကြွက်တစ်ကောင်ဆိုရင် ၈၁ နာရီ အထိ ရုန်းကန် ရှင်သန်သွားတယ် လို့တောင် ဆိုတယ်။
ဆိုလိုတာက ကိစ္စတခုမှာ ကျွန်တော်တို့ ရုန်းကန် နေရချိန် တိုင်းမှာ ကျွန်တော်တို့ အတွက် ယုံကြည်ချက်ဟာ သိပ်ကို အရေးပါတယ်။
ကြွက်ဆိုတဲ့ တိရစ္ဆာန်တောင် ယုံကြည်ချက်တခု ရှိလာရင် အဆပေါင်း ၂၄၀ ထိ တောင့်ခံနိုင် သေးရင်၊ အသိဉာဏ် ရှိတဲ့ ကျွန်တော်တို့ မှာသာ တကယ်တမ်း ယုံကြည်ချက် ရှိနေခဲ့ရင် ကြုံတွေ့လာသမျှ အခက်အခဲတွေဟာ တချိန်မှာ မုချ လွန်မြောက်လာမယ်။
မုချ အောင်မြင်မယ်၊ မုချ လွန်မြောက်မယ် ဆိုတဲ့ Hope and optimism ဟာ အောင်မြင်မှု တခုအတွက် အင်မတန်မှ အရေးကြီးတယ် ဆိုတာ ပြောချင်တာပါ။
ဒါကြောင့် အားမလျှော့ပါနဲ့။ တောင့်ထားကြပါ။ ယုံကြည်ချက်ကို မစွန့်လွှတ် ကြစတမ်း ပေါ့လေ။ တခုပဲ ကြွက်တွေ ရေကူးနေသလို ကျွန်တော်တို့ ရုန်းကန်နေ ဖို့တော့ လိုတာပေါ့ဗျာ။
Credit ~မူရင်း
Zawgyi ဖြင့်ဖတ်ပါ
၁၉၅၀ ခုႏွစ္မွာ တကၠသိုလ္ ပါေမာကၡ ကာ့တ္ရစ္ခ္်တာ Curt Richter ဆိုတဲ့ ပုဂၢိဳလ္တဦးဟာ စက္ဆုပ္ဖြယ္ ေကာင္းတဲ့ စမ္းသပ္မႈ တခု ျပဳလုပ္ခဲ့တယ္။
သူက ႂကြက္ ဆယ့္ႏွစ္ေကာင္ကို ေရတဝက္ ထည့္ထားတဲ့ ဖန္ခြက္ရွည္ေတြ ထဲကို ထည့္လိုက္တယ္။ အဲဒီ ဖန္ခြက္ရွည္ ေတြက ႂကြက္ေတြ ကုတ္ကပ္တက္လို႔ မရေအာင္ ရွည္လ်ားသလို ခုန္ထြက္ လို႔လည္း မရႏိုင္ေအာင္ စီမံ ထားတယ္။
ဆယ့္ငါးမိနစ္ ဝန္းက်င္ ၾကာတဲ့ အခါမြာ ႂကြက္ေတြဟာ ေျခကုန္လက္ပန္း က်ၿပီး ေရနစ္ ေသဆုံးကုန္ ၾကတယ္။ သာမာန္အားျဖင့္ ႂကြက္ေတြဟာ ေသေဘးကေန လြတ္လိုေဇာနဲ႔ ႐ုန္းကန္ႏိုင္စြမ္းက ဆယ့္ငါးမိနစ္ ၾကာတယ္ ေျပာရမွာေပါ့။
ေနာက္တသုတ္ စမ္းသပ္ရာ မွာေတာ့ ရစ္ခ္်တာက ဗ်ဴဟာတခုကို ထပ္လုပ္ၾကည့္ လိုက္တယ္။ ဒီတေခါက္ေတာ့ သူဟာ ႂကြက္ေတြ လက္ပန္း မက်ခင္ အခ်ိန္ေလာက္မွာ သူတို႔ အားလုံးကို ဖန္ခြက္ထဲ ေကန ဆယ္ထုတ္ လိုက္တယ္။
ေျခာက္ေသြ႕ ေစတယ္။ မိနစ္အနည္းငယ္ေလာက္ အနားေပးလိုက္တယ္။ အဲဒီေနာက္ေတာ့ ေစာေစာက အတိုင္း ေရတဝက္ ျဖည့္ထားတဲ့ ဖန္ခြက္ထဲကို တဖန္ ျပန္ၿပီး ထည့္လိုက္တယ္။
အဲဒီ ဒုတိယအေခါက္မွာ ႂကြက္ေတြ ဘယ္ေလာက္ ၾကာၾကာ ေတာင့္ခံႏိုင္မယ္လို႔ မိတ္ေဆြ ထင္သလဲ။ ေနာက္ထပ္ ဆယ့္ငါးမိနစ္လား၊ ဆယၼိနစႅား၊ ငါးမိနစႅား။
အဲဒီလို ထင္ရင္ေတာ့ မိတ္ေဆြ မွားၿပီ လို႔ပဲ ေျပာခ်င္တယ္။ ႂကြက္ေတြဟာ နာရီ ေျခာက္ဆယ္ ၾကာေအာင္ ဆက္ၿပီး ႐ုန္းကန္ကူးခတ္ ေနၾကတယ္။ (နာရီ ေျခာက္ဆယ္) ေနာ္။
အဲဒီ အျဖစ္အပ်က္ကို ၾကည့္မယ္ ဆိုရင္ ႂကြယ္ေတြဟာ တခ်ိန္ခ်ိန္မွာ သူတို႔ကို လာၿပီး ကယ္ဆယ္ လိမ့္မယ္။ သူတို႔ဟာ တခ်ိန္မွာ အသက္ရွင္ က်န္ေနမယ္ ဆိုၿပီး ယုံၾကည္သြား ၾကတယ္။
အဲဒီ ယုံၾကည္ခ်က္ဟာ ၁၅ မိနစ္သာ ေရကူးႏိုင္တဲ့ ႂကြက္ေတြကို အဆေပါင္း ၂၄၀ အထိ ပိုၿပီး ခံႏိုင္ရည္ ရွိသြားေစတယ္။ အဲဒီအထဲက ႂကြက္တစ္ေကာင္ဆိုရင္ ၈၁ နာရီ အထိ ႐ုန္းကန္ ရွင္သန္သြားတယ္ လို႔ေတာင္ ဆိုတယ္။
ဆိုလိုတာက ကိစၥတခုမွာ ကြၽန္ေတာ္တို႔ ႐ုန္းကန္ ေနရခ်ိန္ တိုင္းမွာ ကြၽန္ေတာ္တို႔ အတြက္ ယုံၾကည္ခ်က္ဟာ သိပၠို အေရးပါတယ္။
ႂကြက္ဆိုတဲ့ တိရစာၦန္ေတာင္ ယုံၾကည္ခ်က္တခု ရွိလာရင္ အဆေပါင္း ၂၄၀ ထိ ေတာင့္ခံႏိုင္ ေသးရင္၊ အသိဉာဏ္ ႐ြိတဲ့ ကြၽန္ေတာ္တို႔ မြာသာ တကယ္တမ္း ယုံၾကည္ခ်က္ ရွိေနခဲ့ရင္ ႀကဳံေတြ႕လာသမွ် အခက္အခဲေတြဟာ တခ်ိန္မွာ မုခ္ လြန္ေျမာက္လာမယ္။
မုခ္ ေအာင္ျမင္မယ္၊ မုခ္ လြန္ေျမာက္မယ္ ဆိုတဲ့ Hope and optimism ဟာ ေအာင္ျမင္မႈ တခုအတြက္ အင္မတန္မွ အေရးႀကီးတယ္ ဆိုတာ ေျပာခ်င္တာပါ။
ဒါေၾကာင့္ အားမေလွ်ာ့ပါနဲ႔။ ေတာင့္ထားၾကပါ။ ယုံၾကည္ခ်က္ကို မစြန႔္လႊတ္ ၾကစတမ္း ေပါ့ေလ။ တခုပဲ ႂကြက္ေတြ ေရကူးေနသလို ကြၽန္ေတာ္တို႔ ႐ုန္းကန္ေန ဖို႔ေတာ့ လိုတာေပါ့ဗ်ာ။
Credit ~မူရင္း

Post a Comment