မုန်လာဥ၏ဆေးဖက်ဝင်ပုံများ
19.11.2021 12:59 Shwe TD
လိပ်ခေါင်းရောဂါ(pile)
မုန်လာဥ အမြစ်ကို အရည်ပြု ၆၀ မီလီလီတာမှ ၉၀ မီလီလီတာအထိ နံနက်၊ ည နေ့စဉ် သောက်ပေးလျှင် လိပ်ခေါင်းရောဂါ ကောင်းစွာ ပျောက်ပါတယ်။
လိင်အင်္ဂါနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများGenito-Urinary Disorders
ဆီးသွားရခက်ခြင်း၊ ဆီးအောင့် ဆီးကျဉ်ခြင်း၊ ဆီးပြွန်ချောင်းနာခြင်း၊ ဆီးမထွက်ခြင်း စသော ရောဂါများအတွက် မုန်လာဥအရည်သောက်ခြင်းဖြင့် သက်သာစေပါတယ်။ မုန်လာရွက်ဆေးနည်းကတော့ လက်ဖက်ရည် ပန်းကန်တစ်လုံးစာ သတ္တုရည်ကို နေ့စဉ်တစ်ခွက်ကျ သောက်ပေးပါ။ ဆီးအိမ်ရောင်ခြင်းအပါအဝင် ဆီးရောဂါမှန်သမျှ ပျောက်ကင်းစေပါတယ်။
နှလုံးရောဂါ ရင်ဘတ်နာChest Complaint
နှလုံးရောဂါကြောင့် ရင်ဘတ်နာခြင်း၊ အောင့်ခြင်းကိုလည်း သက်သာစေပါတယ်။ ဆေးနည်းကတော့ မုန်လာဥသတ္တုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ပျားရည်ဆတူရောပြီး ဆားအနည်းငယ် ထည့်၍ တစ်နေ့ သုံးကြိမ်စားပေးလျှင် နှလုံး၊ အဆုတ်နဲ့ ပက်သက်သမျှ ရောဂါကို သက်သာစေပါတယ်။ ရက်တစ်ရာ ကြက်ညှာချောင်းဆိုး၊ ရင်ဘတ်အောင့် အဆုတ်ပွ စသည့်ရောဂါများ၊ အသံကွဲ၊ အသံအက်ခြင်းများကိုပါ သက်သာပျောက်ကင်းစေပါတယ်။
အသားဝါရောဂါJaundice
မုန်လာရွက်က အသားဝါရောဂါ သက်သာစေဖို့ အကျိုးပြုပါတယ်။ အရွက်ကို ညက်အောင်ထောင်းထုပြီး ပိတ်ပါးနဲ့ စစ်ချပါ။ လူကြီးအတွက် ကီလိုဂရမ်ဝက်ကို သကြားအနည်းငယ် ထည့်ပြီး နေ့စဉ် မှန်မှန်သောက်ပေးပါ။ ချက်ချင်း သိသာစါာ သက်သာစေတဲ့နည်းပါ။ အပူအပုပ်ကင်းစင်၍ ဝမ်းမှန်ပြီး အစာကြေစေပါတယ်။ သည်းခြေရည် စီးဆင်းမှုကင်းပြီး အသားဝါရောဂါဖြစ်နေတာကို ပျောက်ကင်းစေပါတယ်။
ခရုသင်းရောဂါLeukoderma
အစေ့ကို အနှစ်ဖြစ်အောင်ပြုပြီး လိမ်းလျှင် ခရုသင်းပျောက်တယ်လို့ ဆိုပါတယ်။ မုန်လာစေ့ ၃၅ ဂရမ် မှုန့်ညက်အောင် ပြုပြီး ရှာလကာရည်ထဲမှာ ရောမွှေကာ ဖြူကွက်နေတဲ့ နေရာတွေမှာ လိမ်းပေးပါ။ ပိုပြီး ထိရောက်စေလိုလျှင်တော့ အစေ့ကို ကြိတ်ခြေတဲ့အခါ အာဆင်းနစ်တစ်စက် နှစ်စက်ခန့်ကို ရှာလကာရည်ထဲသို့ ညအချိန်မှာ ထည့်ထားပါ။ နှစ်နာရီခန့်အကြာမှာ မုန်လာရွက်များ ပေါ်လာပါမယ်။ အဖြူကွက်တွေကို ပွတ်လိမ်းပေးလို့ ရပါပြီ။ လိမ်းဆေးသက်သက်သာ ဖြစ်ပါတယ်။
အရေပြားပေါ်က အနာတွေOther skin disorder
မုန်လာစေ့ကို ညက်အောင် ကြိတ်ခြေပြီး ကြေညက်ပျစ်ချွဲသွားတဲ့အခါ ရေနဲ့ မပျစ်မကျဲ ဖျော်၍ မျက်နှာပေါ်က အပြစ်အနာအဆာတွေ ပျောက်ကင်းစေဖို့ လိမ်းပေးနိုင်ပါတယ်။ ဝက်ခြံ၊ မှဲ့ခြောက်ကို ပျောက်ကင်းစေပါတယ်။ Dr.Aman ရေးတဲ့ “Medicinal Secrets of Your Food” ထဲမှာတော့ ပွေးပေါက်ခြင်းကိုလည်း နှိမ်နင်းတယ်လို့ ဖော်ပြထားပါတယ်။
ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။
Crd original writter :သမားတော်တိုင်းရင်းဆေး
Zawgyi
မုန္လာဥ၏ေဆးဖက္ဝင္ပုံမ်ား
လိပ္ေခါင္းေရာဂါ(pile)
မုန္လာဥ အျမစ္ကို အရည္ျပဳ ၆၀ မီလီလီတာမွ ၉၀ မီလီလီတာအထိ နံနက္၊ ည ေန႕စဥ္ ေသာက္ေပးလွ်င္ လိပ္ေခါင္းေရာဂါ ေကာင္းစြာ ေပ်ာက္ပါတယ္။
လိင္အဂၤါႏွင့္ ဆီးလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ားGenito-Urinary Disorders
ဆီးသြားရခက္ျခင္း၊ ဆီးေအာင့္ ဆီးက်ဥ္ျခင္း၊ ဆီးႁပြန္ေခ်ာင္းနာျခင္း၊ ဆီးမထြက္ျခင္း စေသာ ေရာဂါမ်ားအတြက္ မုန္လာဥအရည္ေသာက္ျခင္းျဖင့္ သက္သာေစပါတယ္။ မုန္လာ႐ြက္ေဆးနည္းကေတာ့ လက္ဖက္ရည္ ပန္းကန္တစ္လုံးစာ သတၱဳရည္ကို ေန႕စဥ္တစ္ခြက္က် ေသာက္ေပးပါ။ ဆီးအိမ္ေရာင္ျခင္းအပါအဝင္ ဆီးေရာဂါမွန္သမွ် ေပ်ာက္ကင္းေစပါတယ္။
ႏွလုံးေရာဂါ ရင္ဘတ္နာChest Complaint
ႏွလုံးေရာဂါေၾကာင့္ ရင္ဘတ္နာျခင္း၊ ေအာင့္ျခင္းကိုလည္း သက္သာေစပါတယ္။ ေဆးနည္းကေတာ့ မုန္လာဥသတၱဳရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာကို ပ်ားရည္ဆတူေရာၿပီး ဆားအနည္းငယ္ ထည့္၍ တစ္ေန႕ သုံးႀကိမ္စားေပးလွ်င္ ႏွလုံး၊ အဆုတ္နဲ႕ ပက္သက္သမွ် ေရာဂါကို သက္သာေစပါတယ္။ ရက္တစ္ရာ ၾကက္ညွာေခ်ာင္းဆိုး၊ ရင္ဘတ္ေအာင့္ အဆုတ္ပြ စသည့္ေရာဂါမ်ား၊ အသံကြဲ၊ အသံအက္ျခင္းမ်ားကိုပါ သက္သာေပ်ာက္ကင္းေစပါတယ္။
အသားဝါေရာဂါJaundice
မုန္လာ႐ြက္က အသားဝါေရာဂါ သက္သာေစဖို႔ အက်ိဳးျပဳပါတယ္။ အ႐ြက္ကို ညက္ေအာင္ေထာင္းထုၿပီး ပိတ္ပါးနဲ႕ စစ္ခ်ပါ။ လူႀကီးအတြက္ ကီလိုဂရမ္ဝက္ကို သၾကားအနည္းငယ္ ထည့္ၿပီး ေန႕စဥ္ မွန္မွန္ေသာက္ေပးပါ။ ခ်က္ခ်င္း သိသာစါာ သက္သာေစတဲ့နည္းပါ။ အပူအပုပ္ကင္းစင္၍ ဝမ္းမွန္ၿပီး အစာေၾကေစပါတယ္။ သည္းေျခရည္ စီးဆင္းမႈကင္းၿပီး အသားဝါေရာဂါျဖစ္ေနတာကို ေပ်ာက္ကင္းေစပါတယ္။
ခ႐ုသင္းေရာဂါLeukoderma
အေစ့ကို အႏွစ္ျဖစ္ေအာင္ျပဳၿပီး လိမ္းလွ်င္ ခ႐ုသင္းေပ်ာက္တယ္လို႔ ဆိုပါတယ္။ မုန္လာေစ့ ၃၅ ဂရမ္ မႈန႔္ညက္ေအာင္ ျပဳၿပီး ရွာလကာရည္ထဲမွာ ေရာေမႊကာ ျဖဴကြက္ေနတဲ့ ေနရာေတြမွာ လိမ္းေပးပါ။ ပိုၿပီး ထိေရာက္ေစလိုလွ်င္ေတာ့ အေစ့ကို ႀကိတ္ေျခတဲ့အခါ အာဆင္းနစ္တစ္စက္ ႏွစ္စက္ခန႔္ကို ရွာလကာရည္ထဲသို႔ ညအခ်ိန္မွာ ထည့္ထားပါ။ ႏွစ္နာရီခန႔္အၾကာမွာ မုန္လာ႐ြက္မ်ား ေပၚလာပါမယ္။ အျဖဴကြက္ေတြကို ပြတ္လိမ္းေပးလို႔ ရပါၿပီ။ လိမ္းေဆးသက္သက္သာ ျဖစ္ပါတယ္။
အေရျပားေပၚက အနာေတြOther skin disorder
မုန္လာေစ့ကို ညက္ေအာင္ ႀကိတ္ေျခၿပီး ေၾကညက္ပ်စ္ခြၽဲသြားတဲ့အခါ ေရနဲ႕ မပ်စ္မက်ဲ ေဖ်ာ္၍ မ်က္ႏွာေပၚက အျပစ္အနာအဆာေတြ ေပ်ာက္ကင္းေစဖို႔ လိမ္းေပးနိုင္ပါတယ္။ ဝက္ၿခံ၊ မွဲ႕ေျခာက္ကို ေပ်ာက္ကင္းေစပါတယ္။ Dr.Aman ေရးတဲ့ “Medicinal Secrets of Your Food” ထဲမွာေတာ့ ေပြးေပါက္ျခင္းကိုလည္း ႏွိမ္နင္းတယ္လို႔ ေဖာ္ျပထားပါတယ္။
႐ူပါသိမ္းေရးသားထားေသာ သဘာဝအစားအစာမ်ား၏ ဂုဏ္သတၱိျဖင့္ က်န္းမာလွပေအာင္ေနနည္း စာအုပ္မွ ကူးယူေဖာ္ျပထားပါသည္။
Crd original writter :သမားေတာ္တိုင္းရင္းေဆး

Post a Comment