ယောကျာ်းတွေကို ကြည့်လိုက်တာနဲ့ ကျောက်ရုပ်ဖြစ်သွားစေခဲ့တဲ့ ဂရိဒဏ္ဍာရီထဲက မြွေဟောက်ဆံပင်နဲ့ မီဒူဆာရဲ့ သနားစရာ ဘဝ ဇာတ်ကြောင်း

ယောကျာ်းတွေကို ကြည့်လိုက်တာနဲ့ ကျောက်ရုပ်ဖြစ်သွားစေခဲ့တဲ့ ဂရိဒဏ္ဍာရီထဲက မြွေဟောက်ဆံပင်နဲ့ မီဒူဆာရဲ့ သနားစရာ ဘဝ ဇာတ်ကြောင်း
26.06.2022 09:53 Hello 4B

 



Medusa ကတော့ ကျွန်တော်တို့အားလုံး ကြားဖူးကြတဲ့ ဂရိဒဏ္ဍာရီထဲမှာ ထင်ရှားတဲ့သူ တစ်ယောက်ပါပဲ ။ သူ့ကို စစ်သည်တော်များစွာက သတ်ဖြတ်ပြီး သူ့ခေါင်းကိုဖြတ်ယူဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် အားလုံး ကျရှုံးခဲ့ပါတယ်။ Zeus ရဲ့သားတော် Perseusကလွဲရင်ပေါ့။


Medusa ရဲ့ပုံစံကတော့ မြွေတစ်ပိုင်းလူတစ်ပိုင်းနဲ့ သူ့ဆံပင်တွေက မြွေဟောက်တွေ ဖြစ်ပြီး သူ့ကို ကြည့်မိတဲ့လူတိုင်း ကျောက်ရုပ်ဖြစ်သွားစေနိင်တဲ့ အစွမ်းရှိသူပါ။

❖ မီဒူဆာပေါ်ပေါက်လာပုံ ❖

Medusa က အဲ့လို သတ္တဝါကြီး မဖြစ်ခင်မှာ သိပ်လှပတဲ့ အမျိုးသမီးလေးတစ်ယောက်ပါ ။ Pontos နဲ့ Ceto တို့ရဲ့သမီး ၃ ယောက်ထဲက အငယ်ဆုံးသမီးလေး ဖြစ်ပါတယ်။

သူ့အစ်မတွေဖြစ်တဲ့ Stheno နဲ့ Euryale နဲ့ မတူတဲ့အချက်ကတော့ သူကသိပ်ကိုလှပတာပါ။ ဒါ့အပြင် သူ့ရဲ့ထူးခြားလှပတဲ့ ဆံပင်တွေကြောင့် ဂရိမှ အလှဆုံးသောအမျိုးသမီးအဖြစ် ထင်ရှားပါတယ် ။

အဲ့ဒီအချိန်မှာ Medusa က Athena ရဲ့ဘုရားကျောင်းမှာ သီလရှင်အဖြစ်နဲ့ နေပါတယ်။ Athena ဘုရားကျောင်း ရဲ့စည်းကမ်းချက်ကတော့ သီလရှင်တွေဟာ အပျိုစင်ဖြစ်ရန် လိုပါတယ်။ ဒါမှသာ ဘုရားကျောင်းမှာ နေလို့ရမှာပါ။


Athena

ဘုရားကျောင်းမှာ ချောမောလှပလွန်းတဲ့ Medusa ကို Athena ရဲ့အလှကိုတောင် လူတွေက နှိုင်းယှဉ်ပြောလာကြပါတယ် ။ ရေနတ်ဘုရားဖြစ်တဲ့ Poseidon ကလည်း Athena ဆီလာရင်း လှပတဲ့ Medusa ကို စွဲလမ်းသွားခဲ့ပါတယ်။



Poseidon

Medusa ကိုအကြိမ်ကြိမ် ချစ်ရေးဆိုခဲ့ပေမယ့် Medusa ကတော့ ဘုရားကျောင်းမှာပဲ နေချင်တာကြောင့် အကြိမ်ကြိမ် ငြင်းခဲ့ပါတယ်။ Medusa ကို လိုချင်တာကြောင့် Poseidon ဟာလည်း Athena နဲ့ ပြဿနာတွေ တက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အနုနည်းနဲ့ မရတဲ့အဆုံး Poseidon က Medusa ကို အကြမ်းနည်း သုံးပါတော့တယ်။

Medusa ကတော့ Athena ကသူ့ကို ကူညီပေးမယ်ထင်ပြီး Athenaရဲ့ဘုရားကျောင်းထဲကို ထွက်ပြေးခဲ့ပါတယ်။

ဒါပေမယ့် Athena က မကူညီခဲ့ပါဘူး။ ဘုရားကျောင်းရဲ့ လှေကားပေါ်မှာပဲ Poseidon က Medusa ကို အဓမ္မပြုကျင့်ရာ ကိုယ်ဝန်ရရှိပြီး သူကမူ ပင်လယ်ထဲကို ထွက်သွားပါတော့တယ်။

အဲ့ဒီနောက်တော့ Medusa ဟာ Athena ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အဲ့ဒီအချိန်မှာ နတ်ဘုရားတွေရဲ့မိန်းမတွေဟာ သူတို့ဘဝလက်တွဲဖော်တွေ ဖြစ်ရမယ်ဆို ဖြစ်လာတော့ Poseidon ရဲ့ မယားဖြစ်နေတဲ့ Medusa ကို Athenaက ဒေါသဖြစ်ပြီး ကျိန်စာတိုက်လိုက်ပါတော့တယ် ။



အဲ့ဒီအချိန်ကစ Medusa ဟာ Gorgon လို့ခေါ်တဲ့ လူတစ်ပိုင်း မြွေတစ်ပိုင်း သတ္တဝါကြီးဖြစ်သွားပြီး သူ့ရဲ့လှပလှတဲ့ ဆံပင်တွေဟာလည်း မြွေတွေဖြစ်သွားပါတယ်။ ဒါအပြင် သူ့ကို ကြည့်မိတဲ့လူတိုင်းကိုလည်း ကျောက်တုံးဖြစ်သွားစေတဲ့ အစွမ်းတွေကိုရရှိခဲ့ပါတယ်။

ဒါပေမယ့် Gorgon sister တွေနဲ့ မတူတဲ့အချက်ကတော့ Medusa ဟာ (mortal) သေမျိုးပါ

❖ မီဒူဆာ ကျရှုံးခန်း ❖

အဲ့လိုဖြစ်သွားပြီးတဲ့ နောက်မှာတော့ ကြည့်မိတဲ့ လူတိုင်းကို ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ Medusa ရဲ့ခေါင်းဟာ စစ်သူရဲကောင်းများစွာရဲ့ ပစ်မှတ် ဖြစ်လာပါတော့တယ် ။

ဒါပေမယ့် Medusa ကို ခေါင်းဖြတ်ဖို့ ကြိုးစားခဲ့တဲ့စစ်သည်တော်တိုင်းဟာ ကျောက်ရုပ်ဘဝနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။ နောက်ဆုံး မြေအောက်နတ်ဘုရား Hades ဆီက ကိုယ်ပျောက်နိုင်တဲ့ခေါင်းဆောင်း ၊

သတင်းပို့တဲ့ နတ်ဘုရား Hermes ဆီက ပျံသန်းနိင်တဲ့ဖိနပ် ၊ Athena ဆီက ရောင်ပြန်နိုင်တဲ့ဒိုင်းနဲ့ Zeus ဆီက မကျိုးပဲ့ မပျက်စီးနိုင်တဲ့ ဓားကို ကိုင်ဆောင်လာတဲ့

ကောင်းကင်နတ်ဘုရား Zeus ရဲ့သားတစ်ယောက်ဖြစ်သူ Perseus ကတော့ Medusa ရဲ့ခေါင်းကိုဖြတ်ပြီး mortal Medusa ကို သုတ်သင်နိင်ခဲ့ပါတယ်။




❖ နှောင်းခေတ်..❖

အဲ့ဒီနောက်မှာတော့ Perseus ဟာ Medusa ရဲ့ခေါင်းကိုသုံးပြီး စစ်ပွဲများစွာ အောင်နိုင်ပြီး လူ့ဘီလူး( Titan ) တွေကိုတောင် ကျောက်ရုပ်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

နောက်ဆုံးတော့ Perseus ဟာ Medusa ရဲ့ခေါင်းကို Athena ထံ ဆက်သလိုက်ပြီး Athena က Medusa ရဲ့ ခေါင်းကို သူ့ဒိုင်းထဲမှာ မြှုပ်ထားလိုက်ပါတော့တယ်။

 


ကဗျာဆရာ ပုံပြောသူတွေကတော့ Argonautica က red sea ဟာ Medusa ရဲ့သွေးတွေကြောင့် နီနေခြင်းဖြစ်ပြီး Sahara က အဆိပ်ပြင်းတဲ့ မြွေဟောက်တွေဟာလည်း Medusa ရဲ့သွေးကနေ ပေါက်ဖွားလာခြင်း ဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။

 

Credit

 

Zawgyi

 

ေယာက်ာ္းေတြကို ၾကည့္လိုက္တာနဲ႕ ေက်ာက္႐ုပ္ျဖစ္သြားေစခဲ့တဲ့ ဂရိဒ႑ာရီထဲက ေႁမြေဟာက္ဆံပင္နဲ႕ မီဒူဆာရဲ႕ သနားစရာ ဘဝ ဇာတ္ေၾကာင္း

 

Medusa ကေတာ့ ကြၽန္ေတာ္တို႔အားလုံး ၾကားဖူးၾကတဲ့ ဂရိဒ႑ာရီထဲမွာ ထင္ရွားတဲ့သူ တစ္ေယာက္ပါပဲ ။ သူ႕ကို စစ္သည္ေတာ္မ်ားစြာက သတ္ျဖတ္ၿပီး သူ႕ေခါင္းကိုျဖတ္ယူဖို႔ ႀကိဳးစားခဲ့ၾကတယ္။ ဒါေပမယ့္ အားလုံး က်ရႈံးခဲ့ပါတယ္။ Zeus ရဲ႕သားေတာ္ Perseusကလြဲရင္ေပါ့။

 

Medusa ရဲ႕ပုံစံကေတာ့ ေႁမြတစ္ပိုင္းလူတစ္ပိုင္းနဲ႕ သူ႕ဆံပင္ေတြက ေႁမြေဟာက္ေတြ ျဖစ္ၿပီး သူ႕ကို ၾကည့္မိတဲ့လူတိုင္း ေက်ာက္႐ုပ္ျဖစ္သြားေစနိင္တဲ့ အစြမ္းရွိသူပါ။

❖ မီဒူဆာေပၚေပါက္လာပုံ ❖

Medusa က အဲ့လို သတၱဝါႀကီး မျဖစ္ခင္မွာ သိပ္လွပတဲ့ အမ်ိဳးသမီးေလးတစ္ေယာက္ပါ ။ Pontos နဲ႕ Ceto တို႔ရဲ႕သမီး ၃ ေယာက္ထဲက အငယ္ဆုံးသမီးေလး ျဖစ္ပါတယ္။

သူ႕အစ္မေတြျဖစ္တဲ့ Stheno နဲ႕ Euryale နဲ႕ မတူတဲ့အခ်က္ကေတာ့ သူကသိပ္ကိုလွပတာပါ။ ဒါ့အျပင္ သူ႕ရဲ႕ထူးျခားလွပတဲ့ ဆံပင္ေတြေၾကာင့္ ဂရိမွ အလွဆုံးေသာအမ်ိဳးသမီးအျဖစ္ ထင္ရွားပါတယ္ ။

အဲ့ဒီအခ်ိန္မွာ Medusa က Athena ရဲ႕ဘုရားေက်ာင္းမွာ သီလရွင္အျဖစ္နဲ႕ ေနပါတယ္။ Athena ဘုရားေက်ာင္း ရဲ႕စည္းကမ္းခ်က္ကေတာ့ သီလရွင္ေတြဟာ အပ်ိဳစင္ျဖစ္ရန္ လိုပါတယ္။ ဒါမွသာ ဘုရားေက်ာင္းမွာ ေနလို႔ရမွာပါ။

Athena

ဘုရားေက်ာင္းမွာ ေခ်ာေမာလွပလြန္းတဲ့ Medusa ကို Athena ရဲ႕အလွကိုေတာင္ လူေတြက ႏွိုင္းယွဥ္ေျပာလာၾကပါတယ္ ။ ေရနတ္ဘုရားျဖစ္တဲ့ Poseidon ကလည္း Athena ဆီလာရင္း လွပတဲ့ Medusa ကို စြဲလမ္းသြားခဲ့ပါတယ္။

 

Poseidon

Medusa ကိုအႀကိမ္ႀကိမ္ ခ်စ္ေရးဆိုခဲ့ေပမယ့္ Medusa ကေတာ့ ဘုရားေက်ာင္းမွာပဲ ေနခ်င္တာေၾကာင့္ အႀကိမ္ႀကိမ္ ျငင္းခဲ့ပါတယ္။ Medusa ကို လိုခ်င္တာေၾကာင့္ Poseidon ဟာလည္း Athena နဲ႕ ျပႆနာေတြ တက္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ အႏုနည္းနဲ႕ မရတဲ့အဆုံး Poseidon က Medusa ကို အၾကမ္းနည္း သုံးပါေတာ့တယ္။

Medusa ကေတာ့ Athena ကသူ႕ကို ကူညီေပးမယ္ထင္ၿပီး Athenaရဲ႕ဘုရားေက်ာင္းထဲကို ထြက္ေျပးခဲ့ပါတယ္။

ဒါေပမယ့္ Athena က မကူညီခဲ့ပါဘူး။ ဘုရားေက်ာင္းရဲ႕ ေလွကားေပၚမွာပဲ Poseidon က Medusa ကို အဓမၼျပဳက်င့္ရာ ကိုယ္ဝန္ရရွိၿပီး သူကမူ ပင္လယ္ထဲကို ထြက္သြားပါေတာ့တယ္။

အဲ့ဒီေနာက္ေတာ့ Medusa ဟာ Athena ကို ခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ အဲ့ဒီအခ်ိန္မွာ နတ္ဘုရားေတြရဲ႕မိန္းမေတြဟာ သူတို႔ဘဝလက္တြဲေဖာ္ေတြ ျဖစ္ရမယ္ဆို ျဖစ္လာေတာ့ Poseidon ရဲ႕ မယားျဖစ္ေနတဲ့ Medusa ကို Athenaက ေဒါသျဖစ္ၿပီး က်ိန္စာတိုက္လိုက္ပါေတာ့တယ္ ။

 

အဲ့ဒီအခ်ိန္ကစ Medusa ဟာ Gorgon လို႔ေခၚတဲ့ လူတစ္ပိုင္း ေႁမြတစ္ပိုင္း သတၱဝါႀကီးျဖစ္သြားၿပီး သူ႕ရဲ႕လွပလွတဲ့ ဆံပင္ေတြဟာလည္း ေႁမြေတြျဖစ္သြားပါတယ္။ ဒါအျပင္ သူ႕ကို ၾကည့္မိတဲ့လူတိုင္းကိုလည္း ေက်ာက္တုံးျဖစ္သြားေစတဲ့ အစြမ္းေတြကိုရရွိခဲ့ပါတယ္။

ဒါေပမယ့္ Gorgon sister ေတြနဲ႕ မတူတဲ့အခ်က္ကေတာ့ Medusa ဟာ (mortal) ေသမ်ိဳးပါ

❖ မီဒူဆာ က်ရႈံးခန္း ❖

အဲ့လိုျဖစ္သြားၿပီးတဲ့ ေနာက္မွာေတာ့ ၾကည့္မိတဲ့ လူတိုင္းကို ေက်ာက္႐ုပ္ျဖစ္ေစနိုင္တဲ့ Medusa ရဲ႕ေခါင္းဟာ စစ္သူရဲေကာင္းမ်ားစြာရဲ႕ ပစ္မွတ္ ျဖစ္လာပါေတာ့တယ္ ။

ဒါေပမယ့္ Medusa ကို ေခါင္းျဖတ္ဖို႔ ႀကိဳးစားခဲ့တဲ့စစ္သည္ေတာ္တိုင္းဟာ ေက်ာက္႐ုပ္ဘဝနဲ႕ပဲ အဆုံးသတ္ခဲ့ပါတယ္။ ေနာက္ဆုံး ေျမေအာက္နတ္ဘုရား Hades ဆီက ကိုယ္ေပ်ာက္နိုင္တဲ့ေခါင္းေဆာင္း ၊

သတင္းပို႔တဲ့ နတ္ဘုရား Hermes ဆီက ပ်ံသန္းနိင္တဲ့ဖိနပ္ ၊ Athena ဆီက ေရာင္ျပန္နိုင္တဲ့ဒိုင္းနဲ႕ Zeus ဆီက မက်ိဳးပဲ့ မပ်က္စီးနိုင္တဲ့ ဓားကို ကိုင္ေဆာင္လာတဲ့

ေကာင္းကင္နတ္ဘုရား Zeus ရဲ႕သားတစ္ေယာက္ျဖစ္သူ Perseus ကေတာ့ Medusa ရဲ႕ေခါင္းကိုျဖတ္ၿပီး mortal Medusa ကို သုတ္သင္နိင္ခဲ့ပါတယ္။

❖ ေႏွာင္းေခတ္..❖

အဲ့ဒီေနာက္မွာေတာ့ Perseus ဟာ Medusa ရဲ႕ေခါင္းကိုသုံးၿပီး စစ္ပြဲမ်ားစြာ ေအာင္နိုင္ၿပီး လူ႕ဘီလူး( Titan ) ေတြကိုေတာင္ ေက်ာက္႐ုပ္အျဖစ္ ေျပာင္းလဲနိုင္ခဲ့ပါတယ္။

ေနာက္ဆုံးေတာ့ Perseus ဟာ Medusa ရဲ႕ေခါင္းကို Athena ထံ ဆက္သလိုက္ၿပီး Athena က Medusa ရဲ႕ ေခါင္းကို သူ႕ဒိုင္းထဲမွာ ျမႇုပ္ထားလိုက္ပါေတာ့တယ္။

ကဗ်ာဆရာ ပုံေျပာသူေတြကေတာ့ Argonautica က red sea ဟာ Medusa ရဲ႕ေသြးေတြေၾကာင့္ နီေနျခင္းျဖစ္ၿပီး Sahara က အဆိပ္ျပင္းတဲ့ ေႁမြေဟာက္ေတြဟာလည္း Medusa ရဲ႕ေသြးကေန ေပါက္ဖြားလာျခင္း ျဖစ္တယ္လို႔ ေျပာစမွတ္ျပဳၾကပါတယ္။

 

Credit

 

Post a Comment

أحدث أقدم

Comments