အရမ်း ၀ လာ ရင် စိတ် မညစ် ရအောင်

အရမ်း ၀ လာ ရင် စိတ် မညစ် ရအောင်
 
ရှောက်ရွက် ၇ ရွက်၊ ကွမ်းရွက် ၃ ရွက် ၊သကြား ၂ဇွန်း၊ ဆား ၁ဇွန်းလျော့လျော့ (ထမင်းစားဇွန်းနဲ့) ရေအပြည့်ဖြည့်ပြီး ၁၀ ရက္ထား ၊ ပြီးရင် အရွက်တွေ ဖယ်ထားပြီး အစာမစားခင် ်









အကြမ်းပန်းကန်တစ်ခွက် သောက်ပေးယုံဘဲ(အခန်းအပူချိန်ထဲဘဲထားရန်)၊







(အရွက်တွေမဖယ်ထားလဲဘာမှမဖြစ်ပါ ရာသီဥတုအရမ်းပူနေတော့ အရမ်းချဉ်စူးသွားမှာစိုးလို့၊ကိုယ်သောက်နိုင်ရင်ရပါတယ်)









ရေခဲသေတ္တာထဲထည့်ထားရင်တော့ အချဉ်ဓါတ်က ထပ်မထွက်တော့ဘဲ ပိုသောက်ကောင်းပါတယ် 2005 /2006 ခုနှစ်လောက် မေမေ အရမ်း ဝနေတုန်းက (ဆိုက္ကားပေါ်ထိုင်တာတောင် မဆန့်ဘူး) ခြေထောက်ကလည်း







ဘယ်ပြန် ညာပြန်ကျိုးထားတော့ ဖေဖေ့ညီမ တစ်ယောက်ကနေ ဒီနည်းလေးပေးခဲ့တာ၊ (အဲ့အချိန်တုန်းက ကိုယ်တွေက မလိုအပ်ဘူး ဂျပိန်လေး ၊ လေတိုက်နေလို့ လိုက်ကာလွင့်တာနဲ့ ကုလားထိုင်လေးနဲ့ လိုက္ကာကို ဖိထိုင်တာ ကိုယ်ပါ လိုက် ရွေ့တယ်)







မေမေက ဇွဲရှိတယ် ပုံမှန်လေးသောက်ပေးတာ တကယ်ဘဲ ကိုယ်ရည်စစ်သွားတယ် (ကြာတဲ့လတော့ မမှတ်မိ) ၊ အာ့နဲ့ ကိုယ္က စဉ့်အိုးတွေနဲ့ ဖော်ပြီး ဘုန်းကြီးကျောင်း တချို့ ကို လှူတယ်(ဘုန်းဘုန်းတွေက လေ ရတယ် ၊ အညောင်းအညာ ပြေတယ် ၊တရားမှတ်လို့ ကောင်းတယ် ဆိုပြီး အမြဲမှာတယ်) ကုသိုလ်ရတာပေါ့နော် ၊







အရသာလေးကလည်း သံပုရာရည်လိုလေး(ကိုယ်တော့ကြိုက်) ရုံးဝန်ထမ်း လုပ်နေချိန် ဆိုတော့အပိုငွေလေးဝင်အောင် ဆိုပြီး 1Ltr ရေသန့်တစ်ဗူးစာ ကို ၂၀၀ ကျပ်နဲ့ ရောင်းတယ်၊ အားပေးကြပါတယ်၊ ရုံးကတချို့ လူကြီးကတော် တွေဆို ပိုက်ဆံမေပးဘဲ မွာ မှာသောက် တာ၊







ကိုယ်ကလည်း လူကြီးကတော် ဆိုတော့ တောင်းရမှာ အားနာတာလေ၊ ပစ္စည်းသာကုန်တာ ငွေကမပေါ်လာ ၊ ကွမ်းရွက် တို့ သကြားတို့ကဈေးကြီး လာတာနဲ့ စိတ်နာပြီး



ဆက် မလုပ်တော့တာ ခုထိ(ပြောတော့ပြောရှာပါတယ် သူ့ရှောက်ရည်လေးက သောက်လို့ကောင်းလိုက်တာ၊ လေက အထက်မတက်ဘဲ အောက်ကဘဲ ထြက္တာ ၊ဝမ်းလည်းမှန်လို့ နေလို့ကောင်းတယ် ပေါ့နေတာဘဲ ဆိုဆိုပြီး)







(မနက်ရုံးသွားရင် စက်ဘီးခြင်းလေး ထဲ ထည့်ယူသွားတာ လမ်းမှာဖိတ်သေးတာ အချဉ်ဓါတ်နဲ့ဆိုတော့ လဲလိုက်ရတဲ့ ခြင်း မရေတွက်နိုင်ဘူး) အမြတ်တွေ အမြတ်တွေ လူလည်းအချဉ်နံ့တွေစွဲလို့ိဆပ်ပြာလုပ်ရတာ အညောင်းမိ နေလို့မကောင်းတာနဲ့







ခုမှ ပြန်လုပ်သောက်တာ ၂ပုလင်းတော့ကုန်ပြီ၊ ၁၀ရက္ထားရတာ ဆိုတော့ ရက်လေးခြား ခြား ပြီး မပြတ်အောင် လုပ်ထားတယ်၊ဝမ်းမှန်ပြီး လေ ကေတာ့ အသားကုန်လည်တာ စိတ်နာလို့မရောင်းဘူးနော်၊ ကြိုပြောထားတာရှောက်ရွက်နုရင်ပုပ်သွားပါတယ်အရွက်ရင့်တာဘဲသုံးရတာပါ

Post a Comment

أحدث أقدم

Comments