ကျောပေါ်က ချွေးစက်များ
29.06.2022 15:25 မြန်မာ မြင်ကွင်းစုံ
တစ်ခါက ရွာတစ်ရွာတွင် လယ်ရှင်သူဌေးကြီးတစ်ဦးရှိလေသည်။တစ်နေ့တွင် သူသည်လယ်ကွင်းများကိုကြည့်ရှုစစ်ဆေးပြီး မောပန်းစွာဖြင့်အိမ်သို့ပြန်လာသည်။အိမ်ရောက်ရောက်ချင်း ကုလားထိုင်တွင် ခြေပစ်လက်ပစ်ထိုင်၍အိမ်စေကလေးကို ယပ်တောင်ခက်ခိုင်းလေသည်။
ထိုအချိန်တွင် သူဌေးကြီး၏ သားကလေးသည် အိမ်ပေါ်တွင်တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် ပြေးလွှားဆော့ကစားနေ၍ သူဌေးကြီးသည်အသံကို နားမခံသာအောင်ရှိနေလေသည်။ထို့ကြောင့်သူက “မြန်မြန်ခတ်စမ်းကွာ၊မြန်မြန်ဟုအိမ်စေကလေးကို
မကြာခဏပြောဆိုနေလေသည်။ယပ်တောင်ခတ်သံဖြင့်ကလေးခြေသံကို ဖုံးလွှမ်းစေရန်ဖြစ်သည်။အိမ်စေကလေးသည် ယပ်တောင်ခတ်ရလွန်းသဖြင့် လက်ညောင်းကာမောပန်းနေလေသည်။
ထိုသို့ဖြင့် နာရီဝက်ခန့်အကြာတွင်သူဌေးကြီးက၊
“အံ့သြစရာပဲ ငါ့ကျောပေါ်ကချွေးတွေ ဘယ်ရောက်ကုန်ပြီးလဲမသိဘူးမရှိတော့ဘူးဟုဆိုလေသည်။ထိုအခါ အိမ်စေကလေးက“ဆရာကြီးရဲ့ချွေးတွေ ဘယ်မှမရောက်ကုန်ပါဘူး၊ကျွန်တော့ကျောပေါ်မှာပါဟုပြောဆိုလိုက်လေသည်။
ဤပုံပြင်လေးဖတ်ပြီး ကြှနျုပျတှေးမိသညျကား
အလုပ်ဝန်ထမ်းတစ်ဦး၏ကျော်ပေါ်က ချွေးများသည်၊သူ့အတွက် တင်မကဘူး၊သူ၏အလုပ်ရှင် အတွက်လည်းပါသည်၊ ဟုတွေးမိလေသည်။
အချို့အလုပ်ရှင်များသည်၊“ပိုက်ဆံပေးပြီး ခိုင်းထားတာဆိုသည့်သီအိုရီကို အမြဲပြောဆိုတတ်ပြီး
ဝန်ထမ်းများအပေါ်ရင့်ရင့်သီးသီးပြောဆို ဆက်ဆံတတ်ကြလေသည်
မိမိ၏ ချွေးစက် တစ်ခုတည်းနှင့်ကြီးပွားချမ်းသာဖို့မဖြစ်နိုင်ဘူးဆိုသည်ကို ကမ္ဘာကျော်လူချမ်းသာ ပုဂ္ဂိုလ်ကြီးတွေကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါသည်။
ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ ဟုဆိုသည့်အတိုင်း အလုပ်ဝန်ထမ်းကလည်း အလုပ်ရှင်ကို မှီရသည်
အလုပ်ရှင်ကလည်း အလုပ်ဝန်ထမ်းကိုမှီရလေသည်။
အလုပ်ရှင်ကလည်း မိမိ၏အလုပ်ဝန်ထမ်းအတွက်ချွေးထွက်အောင် လုပ်ပေးရသလို၊အလုပ်ဝန်ထမ်းကလည်း မိမိ၏အလုပ်ရှင်အတွက် ချွေးထွက်အောင် လုပ်ပေးရလေသည်။
အလုပ်ရှင်နှင့် အလုပ်ဝန်ထမ်းအချင်းချင်း တစ်ဦး၏ ချွေးစက်ကိုတစ်ဦးက တန်ဖိုးထားတတ်မည်ဆိုပါက အလုပ်ရှင်ရောအလုပ်ဝန်ထမ်းပါအဆင်ပြေကြလိမ့်မည်ဟူ၍တွေးမိလေသည်။
အရှင်ခေမာဝံသ(ဓမ္မထီးကလေး)
မဇ္စျိမနိကာယပါရဂူ။
ကိုးကား။
မောင်ခေတ်ထွန်း
ကမ္ဘာကျော် ရင်သွေးရတာနာ အလိမ္မာ
ပုံပြင်များပေါင်းချုပ်..အားလေးစားစွာဖြင့်ခရက်ဒစ်
Zawgyi ဖြင့်ဖတ်ပါ
တစ္ခါက ႐ြာတစ္႐ြာတြင္ လယ္ရွင္သူေဌးႀကီးတစ္ဦးရွိေလသည္။တစ္ေန႔တြင္ သူသည္လယ္ကြင္းမ်ားကိုၾကည့္ရႈစစ္ေဆးၿပီး ေမာပန္းစြာျဖင့္အိမ္သို႔ျပန္လာသည္။အိမ္ေရာက္ေရာက္ခ်င္း ကုလားထိုင္တြင္ ေျခပစ္လက္ပစ္ထိုင္၍အိမ္ေစကေလးကို ယပ္ေတာင္ခက္ခိုင္းေလသည္။
ထိုအခ်ိန္တြင္ သူေဌးႀကီး၏ သားကေလးသည္ အိမ္ေပၚတြင္တဒုန္းဒုန္းတဒိုင္းဒိုင္းျဖင့္ ေျပးလႊားေဆာ့ကစားေန၍ သူေဌးႀကီးသည္အသံကို နားမခံသာေအာင္ရွိေနေလသည္။ထို႔ေၾကာင့္သူက “ျမန္ျမန္ခတ္စမ္းကြာ၊ျမန္ျမန္ဟုအိမ္ေစကေလးကို
မၾကာခဏေျပာဆိုေနေလသည္။ယပ္ေတာင္ခတ္သံျဖင့္ကေလးေျခသံကို ဖုံးလႊမ္းေစရန္ျဖစ္သည္။အိမ္ေစကေလးသည္ ယပ္ေတာင္ခတ္ရလြန္းသျဖင့္ လက္ေညာင္းကာေမာပန္းေနေလသည္။
ထိုသို႔ျဖင့္ နာရီဝက္ခန္႔အၾကာတြင္သူေဌးႀကီးက၊“အံ့ၾသစရာပဲ ငါ့ေက်ာေပၚကေခြၽးေတြ ဘယ္ေရာက္ကုန္ၿပီးလဲမသိဘူးမရွိေတာ့ဘူးဟုဆိုေလသည္။ထိုအခါ အိမ္ေစကေလးက“ဆရာႀကီးရဲ႕ေခြၽးေတြ ဘယ္မွမေရာက္ကုန္ပါဘူး၊ကြၽန္ေတာ့ေက်ာေပၚမွာပါဟုေျပာဆိုလိုက္ေလသည္။
ဤပုံျပင္ေလးဖတ္ၿပီး ၾကႇန်ဳပ်ေတွးမိသည်ကားအလုပ္ဝန္ထမ္းတစ္ဦး၏ေက်ာ္ေပၚက ေခြၽးမ်ားသည္၊သူ႔အတြက္ တင္မကဘူး၊သူ၏အလုပ္ရွင္ အတြက္လည္းပါသည္၊ ဟုေတြးမိေလသည္။
အခ်ိဳ႕အလုပ္ရွင္မ်ားသည္၊“ပိုက္ဆံေပးၿပီး ခိုင္းထားတာဆိုသည့္သီအိုရီကို အၿမဲေျပာဆိုတတ္ၿပီးဝန္ထမ္းမ်ားအေပၚရင့္ရင့္သီးသီးေျပာဆို ဆက္ဆံတတ္ၾကေလသည္
မိမိ၏ ေခြၽးစက္ တစ္ခုတည္းႏွင့္ႀကီးပြားခ်မ္းသာဖို႔မျဖစ္ႏိုင္ဘူးဆိုသည္ကို ကမာၻေက်ာ္လူခ်မ္းသာ ပုဂၢိဳလ္ႀကီးေတြကို ၾကည့္ျခင္းအားျဖင့္သိႏိုင္ပါသည္။
ကိုင္းကြၽန္းမွီ ကြၽန္းကိုင္မွီ ဟုဆိုသည့္အတိုင္း အလုပ္ဝန္ထမ္းကလည္း အလုပ္ရွင္ကို မွီရသည္အလုပ္ရွင္ကလည္း အလုပ္ဝန္ထမ္းကိုမွီရေလသည္။
အလုပ္ရွင္ကလည္း မိမိ၏အလုပ္ဝန္ထမ္းအတြက္ေခြၽးထြက္ေအာင္ လုပ္ေပးရသလို၊အလုပ္ဝန္ထမ္းကလည္း မိမိ၏အလုပ္ရွင္အတြက္ ေခြၽးထြက္ေအာင္ လုပ္ေပးရေလသည္။
အလုပ္ရွင္ႏွင့္ အလုပ္ဝန္ထမ္းအခ်င္းခ်င္း တစ္ဦး၏ ေခြၽးစက္ကိုတစ္ဦးက တန္ဖိုးထားတတ္မည္ဆိုပါက အလုပ္ရွင္ေရာအလုပ္ဝန္ထမ္းပါအဆင္ေျပၾကလိမ့္မည္ဟူ၍ေတြးမိေလသည္။
အရွင္ေခမာဝံသ(ဓမၼထီးကေလး)
မဇၥ်ိမနိကာယပါရဂူ။
ကိုးကား။
ေမာင္ေခတ္ထြန္း
ကမာၻေက်ာ္ ရင္ေသြးရတာနာ အလိမၼာ
ပုံျပင္မ်ားေပါင္းခ်ဳပ္..အားေလးစားစြာျဖင့္ခရက္ဒစ္

إرسال تعليق